spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ပအိုဝ်းဒေသခံနှစ်ဦးကို စစ်ကောင်စီပစ်ခတ်၊ တစ်ဦးလွတ်မြောက်ပြီး တစ်ဦးပွဲချင်းပြီးသေဆုံးဟု PNLA ပြော

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ပုံလောင်းကျေးရွာအနီးမှာ ခရီးသွား ပအိုဝ်းဒေသခံ နှစ်ဦးကို ယမန်နေ့ ဧပြီလ ၁၈ ရက်နေ့မှာ စစ်ဆေးမေးမြန်းမှုမလုပ်ဘဲ စစ်ကောင်စီ ပစ်ခတ်ခဲ့ရာ တစ်ဦးလွတ်မြောက်ခဲ့ပြီး တစ်ဦးပွဲချင်းပြီးသေဆုံးခဲ့ရတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)က ဒီကနေ့ ဧပြီလ ၁၉ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

“ဒေသခံတွေကတော့ အသက် ၃၀ ပတ်ချာလည်ပေါ့နော်။ ၃၀ ဝန်းကျင် ဒေသခံတွေပါပဲ။ ဒီအသက် ၂၀ ကျော် ၃၀ ဝန်းကျင်တွေပေါ့လေနော်။ အမျိုးသားပေ့ါနော်သေဆုံးသူက”လို့ ခွန်ရိန်းယံက ဆိုပါတယ်။

အဆိုပါ ပစ်ခတ်ခံခဲ့ရတဲ့ ဒေသခံနှစ်ဦးဟာ ဖြီတခေါ့ ကျေးရွာကဖြစ်ပြီး ဆိုင်ကယ်နဲ့
ခရီးသွားနေစဉ်၊ ဆီဆိုင်-လွိုင်ကော် လမ်းမကြီးတစ်နေရာမှာ စစ်ကောင်စီက ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက အခုလိုပြောပါတယ်။

ပစ်ခတ်ခံရပြီး သေဆုံးသွားသူရဲ့ ရုပ်အလောင်းကိုတော့ လက်ရှိအချိန်ထိ စစ်ကောင်စီဖက်က ပြန်လည်သယ်ယူခွင့်မပေးသေးဘူးလို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

spot_img
spot_img

Recent posts