spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ပိတ်မိနေတဲ့ ဖယ်ခုံဒေသခံတွေကို လာကယ်ထုတ်တဲ့ စက်လှေ ပစ်ခတ်ခံရ၊ လူထိခိုက်မှုမရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဖယ်ခုံမြို့နဲ့အနီးတစ်ဝိုက်မှာ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်ဖို့သွားတဲ့ ဒေသခံပြည်သူတွေကို ဖယ်ခုံအင်းကနေ စက်လှေနဲ့ လာကယ်ထုတ်နေစဥ်မှာ စစ်ကောင်စီက စက်သေနတ်တွေနဲ့ ပစ်ခတ်မှုရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်နေ့မှာ စစ်ကောင်စီက တပ်စခန်းကုန်းကနေ စက်သေနတ်နဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့တာကြောင့် စက်လှေကို ထိမှန်တာရှိပေမဲ့ လူထိခိုက်မှုတော့မရှိဘူးလို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“လာကြိုတဲ့စက်လှေကိုတော့ ပစ်တာရှိတယ်ဗျ။ ကျနော်ကြားသိရသလောက်တော့ စက်လှေကတော့ နှစ်စီးတော့ထိသွားတယ်။ ကြီးကြီးမားမားတော့မဟုတ်ခဲ့ဘူး။ စက်လှေသမားတော့ ဘေးကင်းသွားခဲ့တယ်၊ လူတွေတော့ ဘေးကင်းစွာ လွတ်သွားကြပါတယ်” လို့ ဒေသခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။

ဖယ်ခုံမြို့ပေါ်မှာ ဇန်နဝါရီလ ၇ ရက်နေ့ကတည်းက နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်တဲ့ ဒေသခံတွေကို စစ်ကောင်စီက ပစ်ခတ်မှုရှိခဲ့သလို ကျေးရွာ၊ ရပ်ကွက်အတွင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် မီးလောင်ပျက်စီးတာလည်းရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က လေယာဉ်နဲ့လည်း လာရောက်ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။

“၇၊ ၈၊ ၉ ရက်နေ့က လေယာဥ်လာကြဲတဲ့ အကြိမ်ရေပေါင်းက (၁၈ )ကြိမ်၊ လက်နက်ကြီးကတော့ ၃၀ ကျော်ဝန်းကျင်ရှိတယ်”လို့ ကရင်နီပြည်တပ်မတော် (KA) ဗိုလ်မှူးကြီးဘုန်းနိုင်က အခုလို ပြောပါတယ်။

ဖယ်ခုံမြို့ပေါ် စစ်ကောင်စီလေယာဉ်လာရောက် ဗုံးကြဲသွားတဲ့နေရာဟာ စျေးရှေ့ရပ်ကွက်နဲ့ ဟိန္ဓမ ရပ်ကွက်တွေဖြစ်ပြီး အခြားသောရပ်ကွက်တွေကိုတော့ မသိရှိရသေးဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

spot_img
spot_img

Recent posts