spot_img
Sunday, April 2, 2023
spot_img

ပီကင်းကောခူမှာ လက်နက်ကြီးကျပြီး စက်ဘီးစီးကစားနေတဲ့ ကလေးတစ်ဦးသေဆုံး၊ သုံးဦး ဒဏ်ရာရ

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း( မ် )

လွိုင်ကော်မြို့ ပီးကင်းကောခူကျေးရွာမှာ ယနေ့ အောက်တိုဘာလ ၂၆ရက်နေ့ နေ့လည် ၁၂နာရီခွဲအချိန်မှာ လက်နက်ကြီးကျပြီး စက်ဘီးစီးကစားနေတဲ့ အသက် ၅နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးသွားခဲ့ရသလို အနီးအနားမှာရှိနေတဲ့ အရပ်သား ၃ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကယန်းလူငယ် ကယ်ဆယ်ရေးပရဟိတအသင်းဝင်တစ်ဦးက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေထဲ အသက် ၁၀နှစ်အရွယ်နဲ့ ၁၃နှစ်အရွယ်ကလေးတွေလည်းပါဝင်ပြီး ၁၃နှစ်အရွယ်တစ်ယောက်ကတော့ စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ သူကပြောပါတယ်။

“ကလေးနံဘေးတည့်တည့်မှာကျတယ်။ ဆုံးသွားတဲ့ကလေးက စက်ဘီးမောင်းရင်းနဲ့ ကလေးနံဘေးမှာ စုတ်စုတ်ပြတ်ပြတ်ပေါ့နော။ စက်ဘီးကလည်းတအားပျက်စီးသွားတယ်။ ကလေးလည်း တော်တော်လေးဆိုးသွားတယ်ပေါ့ အဲမှာ ကလေးနံဘေးမှာပဲကျတယ်ပေါ့။ နောက်ကျန်တဲ့ တစ်ယောက်ကတော့ ကျန်တဲ့လူတွေကတော့ ဒီသူတို့နဲ့ နည်းနည်းဝေးတဲ့နေရာမှာပေါ့နော။ အထိအခိုက်ကတော့ တစ်ယောက်ကတော့ ၁၃နှစ်တစ်ယောက်ကတော့ ဒဏ်ရာတော့ တော်တော်ပြင်းထန်တာပေါ့နော။ အဲ့ပုံစံပေါ့။ သူတို့က လမ်းလျှောက်ရင်းနဲ့ပေါ့။” လို့ ၎င်းက ပြောပါတယ်။

လက်နက်ကြီးပစ်ခတ်မှုဟာ မည်သည့်တပ်က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်တယ်ဆိုတာကိုတော့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

တချိန်တည်းမှာပဲ ဝါရီကောခူကျေးရွာက အရပ်သားတစ်ဦးဟာလည်း လက်နက်ကြီးထိမှန်ဒဏ်ရာရတာတွေ ရှိတယ်လို့ ကယန်းလူငယ် ကယ်ဆယ်ရေးပရဟိတအသင်းဝင်တစ်ဦးက ဆက်ပြောပါတယ်။

လက်ရှိမှာ ထိခိုက်ဒဏ်ရာရသူတွေကို လွိုင်ကော်ဆေးရုံကြီးကို ဆေးဝါးကုသမှုခံယူနိုင်ဖို့ ပို့ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။

ဒီကနေ့ အောက်တိုဘာလ ၂၆ရက်နေ့ မနက် ၄နာရီအချိန်မှာလည်း လွိုင်ကော်မြို့ ဝါရီကောခူကျေးရွာအတွင်းက လူနေအိမ်နား လက်နက်ကြီးကျရောက်ခဲ့ပြီး နေအိမ်ထဲက မိသားစုသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ရက်နေ့ ည၉နာရီအချိန်မှာလည်း လက်နက်ကြီးပစ်ခတ်မှုကြောင့် ဝါရီကောခူကောခူကျေးရွာနဲ့ မနီးမဝေး ကုန်းသာကျေးရွာစစ်ဘေးရှောင်နေထိုင်တဲ့နေရာမှာ လက်နက်ကြီးကျရောက်ခဲ့တဲ့အတွက် ဇနီးမောင်နှံနှစ်ဦး သေဆုံးခဲ့ရပြီး ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒီကနေ့မှာ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုတွေရှိနိုင်တယ်လို့ ဒေသခံတချို့က ပြောဆိုနေကြပေမဲ့ သက်ဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ရေးတင်းမာနိုင်ပြီး ပြည်သူတွေအနေနဲ့ သတိထားသွားလာကြဖို့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဖော်ပြထားကြပါတယ်။

ဒီလိုပစ်ခတ်မှုတွေ လက်နက်ကြီးကျရောက်မှုတွေကြောင့် လွိုင်ကော်မြို့ ကုန်းသာကျေးရွာအုပ်စုနဲ့ အနီးအနားက ကျေးရွာတချို့က အရပ်သားတွေ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ကရင်နီပြည်မှာ အောက်တိုဘာလ ၁ရက်နေ့ကနေ ၂၆ရက်နေ့အထိ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး ဒဏ်ရာရသူ ၁၄ဦးရှိပြီး သေဆုံးသူ ကလေးအပါအဝင် သုံးဦးရှိနေပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

လူထုထောက်ခံမှုရှိနေသ၍ ပါတီဆက်ရှိနေအုံးမယ်လို့ KySDP ပြော

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီအပါအဝင် တိုင်းရင်းသားပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် ( UEC ) က မတ်လ ၂၈ ရက်နေ့မှာ ကြေညာခဲ့ပေမယ့် လူထုထောက်ခံမှုရှိနေသ၍ ကတော့ ပါတီဆက်လက်ရှိနေအုံးမှာဖြစ်တယ်လို့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ( KySDP...

နှစ်ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၅)ဦးသေဆုံး၊ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ဒေါလျားခူကျေးရွာအနီးရှိ ညေးဘူးခူတောင်ပေါ် ဖက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော်(KA)၊ KNDF ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၅ ဦးသေဆုံးခဲ့သလို လက်နက်ခဲယမ်းအသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းမိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီကနေ့ မတ်လ ၃၁ ရက်နေ့မှာ...

တစ်လကျော်ကြာတိုက်ပွဲပြင်းထန်နေတဲ့ ဖယ်ခုံ-ပင်လောင်း နယ်စပ်မှာ လေကြောင်းတိုက်ခိုက်မှုပြင်းထန်စွာ အသုံးပြုနေ

ကန္တာရဝတီတိုင်း(မ်) ပင်လောင်းမြို့နယ်ဖက် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေတာ တစ်လကျော်ကြာရှိနေပြီဖြစ်ပြီး စစ်ကောင်စီဖက် လေကြောင်းတိုက်ခိုက်မှု ပြင်းထန်စွာ သုံးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဆိုကြပါတယ်။ မတ်လ (၂၉)ရက်နေ့ ဖယ်ခုံ-ပင်လောင်းနယ်စပ်တစ်နေရာမှာ ဖြစ်တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဖက် တိုက်လေယာဉ် (၄)စင်းနဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီရက်တိုက်ပွဲမှာ...

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ အထက်တန်းစာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရ

ကန္တာရဝတီတိုင်း(မ်) ဒီကနေ့ မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်မှာ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို စစ်ကောင်စီ လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တဲ့အတွက် အထက်တန်း စာသင်ကျောင်းတစ်ကျောင်း ထိမှန်ပျက်စီးခဲ့ရပါတယ်။ “၁ နာရီ ၁၆မိနစ်မှာ တိုက်လေယာဉ် နှစ်ပတ် ပတ်ပြီးဝဲတာ ဝဲပြီးတော့ ၁၈မိနစ်လောက်မှာ တစ်ခါတည်းတန်းပစ်တာ။ ၈ခေါက်တိတိပစ်တယ်။ လေယာဉ်ဒုံးနဲ့လည်းပစ်တယ် ရွာတစ်လျှောက်...