spot_img
Saturday, June 10, 2023
spot_imgspot_imgspot_imgspot_img

ပူပြင်းတဲ့ရာသီဥတုကြောင့် မိုးကာအောက် စာသင်ရတဲ့ ကလေးငယ်တွေကို အချိန်လျော့သင်ကြား

Author

Date

Category

CJ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်း စစ်ဘေးရှောင်စခန်းတစ်နေရာရှိ ထီးပေါ်လာ အထက်တန်းကျောင်းမှာ ပူပြင်းတဲ့ရာသီဥတုကြောင့် မိုးကာအောက်စာသင်ကြားနေရတဲ့ ကျောင်းသူ၊ကျောင်းသားတွေကို ဧပြီလနောက်ဆုံးပတ်ကနေစပြီး စာသင်ကြားချိန် လျော့ပြီး မနက်ပိုင်းသာ သင်ကြားပေးနေပါတယ်။

ဖရူဆိုမြို့နယ်အပြင် အခြားမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတချို့နေရာမှာလည်း မိုးကာအောက်မှာ စာသင်ကြားရတဲ့အတွက် ပူပြင်းတဲ့ရာသီဥတုကြောင့် ကျောင်းနေကလေးတွေ စာစိတ်ဝင်စားမှုနည်းပါးတဲ့အတွက် စာသင်ကြားချိန် ပြောင်းလဲသင်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။

ယခင် စာသင်ကြားချိန်မှာ မနက်ပိုင်းနဲ့ နေ့လည်ပိုင်းဟူ၍ ခွဲခြားသတ်မှတ်ထားပေမယ့် ဧပြီလ နောက်ဆုံးပတ်ကစပြီး မနက် ၈နာရီမှ မွန်းတည့် ၁၂အထိသာ သင်ကြားပေးနေပါတယ်။

ယခုလို ပြောင်းလဲသင်ကြားပေးတဲ့ အနေအထားမှာလည်း စာသင်ချိန်နည်းပါးတဲ့အတွက် သင်ခန်းစာ နောက်ကျနေတယ်လို့လည်း ပြောပါတယ်။

ထီးပေါ်လာ အထက်တန်းကျောင်းဟာ ၂၀၂၂ ခုနှစ် နောက်ပိုင်းမှသာ စတင်ဖွင့်လှစ်နိုင်ခဲ့တာကြောင့် စာသင်ကြားမှု ၆ လတစ်ဖြတ် အတန်းတင်နိုင်ရေးကို သင်ကြားပေးပြီး ဇွန်လအထိ ဆက်လက်သင်ကြားသွားမယ်လို့ သိရပါတယ်။

ထီးပေါ်လာ အထက်တန်းကျောင်းမှာ ဆရာ၊ ဆရာမမ (၁၄) ဦးက ဦးဆောင်သင်ကြားပေးနေပြီး ကျောင်းသူ/သား စုစုပေါင်း ၃၀၀ ကျော်ရှိနေပါတယ်။

ယခုလို စာသင်ကြားချိန် သတ်မှတ်ထားသလို တစ်ဖက်မှာလည်း မိုးကာအပြင် စာသင်ဆောင်၊ ဆရာ/မ နားနေဆောင်၊ အမိုးအကာ ပေါက်ပြဲတာရှိနေပြီး လုံလောက်တဲ့ အနေအထားမှာ မရှိတဲ့အတွက် မိုးရာသီကာလအမှီ အကူအညီလိုအပ်တယ်လို့ ဆရာတစ်ဦးက ပြောပါတယ်။

ထီးပေါ်လာအထက်တန်းကျောင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပိတ်ခဲ့ရတဲ့ အခြေအနေရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။

Recent posts