spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ပြည်နယ်လွှတ်တော်ထဲ ပထမဆုံး အမျိုးသမီး ၂ ဦးမဲအနိုင်ရရှိ

Author

Date

Category

ဦးမြာ

ကယားပြည်နယ် ပြည်နယ်လွှတ်တော်မှာ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ အမျိုးသမီးကိုယ်စားလှယ်လောင်း တွေထဲက KySDP ကတစ်ဦး နဲ့ USDP က တစ်ဦး စုစုပေါင်း အမျိုးသမီး ကိုယ်စားလှယ် ၂ ဦးက အနိုင်ရရှိနေတာဖြစ်ပါတယ်။

ကယားပြည်နယ် ပြည်နယ်လွှတ်တော်မှာ ပထမဆုံး အမျိုးသမီးကိုယ် စားလှယ်ဖြစ်လာကြတော့မှာဖြစ်ပါတယ်။

ဒေါ်အယ်ဗလင်း

ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် (၂) မှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့
ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ( KySDP ) က ဒေါ်အယ်ဗလင်း၊ ရှားတောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) က ဒေါ်ခင်မာဝင်းတို့ပဲ ဖြစ်ပါတယ်။

ဒေါ်အယ်ဗလင်းက အမျိုးသမီးကိုယ်စားလှယ်လောင်းတစ်ယောက်အနဲ့ ပြည်နယ်အခွင့်အရေး ၊ အမျိုးသမီးအခွင့်အရေးတွေကို လုပ်ဆောင်သွားမယ်လို့ပြောပါတယ်။

“ အမျိုးသမီးကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ပြည်နယ်ရဲ့အခွင့်အရေးကို လွှတ်တော်ထဲမှာ မြန်မြန်ဆန်ဆန်လေးကို တင်သွင်းနိုင်မယ်။ အမျိုးသမီးတွေရဲ့အခွင့်အရေးကို ၂၀၁၅ ကထက်အများကြီး တရားဝင်လုပ်ဆောင်သွားနိုင်မယ်လို့ ယုံကြည်တယ်။ ” လို့ ဒေါ်အယ်ဗလင်းက ပြောပါတယ်။

ကယားပြည်နယ် လွှတ်တော်နေရာတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ တစ်သီးပုဂ္ဂလနဲ့ အမျိုးသမီးကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၂ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့အထဲမှာမှ ၂ ဦးသာ အနိုင်ရရှိသွားတာဖြစ်ပါတယ်။

ကယားပြည်နယ်မှာ ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲက ပြည်နယ်လွှတ်တော်ထဲ အမျိုးသမီးဝင်ရောက် နိုင်ခဲ့ခြင်းမရှိပါဘူး။

ကယားပြည်နယ်တစ်ခုလုံးရဲ့ လွှတ်တော် အသီးအသီးမှာတော့ အမျိုးသမီးကိုယ်စားလှယ်ကိုယ်စားလှယ်လောင်း ၆ ယောက်အနိုင်ရရှိထားပါတယ်။

spot_img
spot_img

Recent posts