spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ပြည်နယ်အစိုးရမှ လူငယ်၆ဦးကို ပြင်ဆင်ချက်တက်တဲ့အမှု ခရိုင်တရားရုံးက ပယ်ဖျက်

Author

Date

Category

ကန္တရဝတီတိုင်းမ်

အလုပ်နှင့်ထောင်ဒဏ်၆လ ချမှတ်ခံခဲ့ရပြီး ကရင်နီ လူငယ် ၆ ဦးကို ပြည်နယ်အစိုးရက မကျေနပ်လို့ ပြင်ဆင်ချက်ထပ်တက်တဲ့အပေါ်ဒီနေ့ လွိုင်ကော်ခရိုင်တရားရုံးကနေ ပယ်ဖျက်လိုက်ပြီဖြစ်တယ်လို့သိရပါတယ်။

ပြည်နယ်အစိုးရမှ နိုင်လွတ်လုံ ပုဒ်မ၁၀ ဖြင့် တရားစွဲဆိုခဲ့တဲ့ လူငယ်၆ ဦးကို လွိုင်ကော်မြို့နယ်တရားရုံးက နိုဝင်ဘာလ ၇ ရက်နေ့မှာ အလုပ်နဲ့ထောင်ဒဏ် ၆လချမှတ်လိုက်ပြီးဖြစ်ပေမယ့် ပြည်နယ်ဝန်ကြီးချုပ်ကနေ မကျေနပ်တဲ့အတွက် ထောင်ဒဏ် တစ်နှစ် ထပ်မံချပေးဖို့အတွက် ပြင်ဆင်ချက် ထပ်တက်ထားတာ ဖြစ်ပါတယ်။

ဒီလို လူငယ်တွေကို ထောင်ချတဲ့အတွက်လည်း လူငယ်တွေဘက်က မကျေနပ်လို့ အယူခံတက်ခဲ့တဲ့အပေါ်မှာလည်း ခရိုင်တရားရုံးက ပလပ်လိုက်ပြီဖြစ်တယ်လို့ တရားရင်ဆိုင်ခဲ့ရတဲ့ လူငယ်ထဲမှ ကိုဒီးဒီက အခုလို ရှင်းပြပါတယ်။

ကိုဒီးဒီက “ခရိုင်ရုံးက ကျတော်တို့ကို အမိန့်ချလိုက်တယ်ပေါ့နော ဆိုတော့ မြို့နယ်တရားရုံးကနေမှ ၆လချခဲ့တာကို အတည်ပဲပေါ့နော။ ဒါပေမယ့် အစိုးရဖက်က ပြင်ဆင်ချက် တက်တာကို ပယ်ဖျက်တဲ့ဟာရယ် ကျတော်တို့ဖက်က ၆လချခဲ့တာကို မတရားဘူးဆိုတဲ့ အယူခံအားလုံးကို သူတို့ကနေမှ ပလပ် လိုက်တယ်ပေါ့နော။ ကျတော်တို့ကို ၆လ ချပြီးပြီ ပြစ်ဒဏ်လည်းကျခံပြီးပြီ အယူခံကလည်း အစိုးရဖက်ကနေ မကျေနပ်လို့တက်တဲ့ဟာ ပြန်ရုတ်သိမ်းတဲ့ဟာလည်း ထွက်ပြီဖြစ်တဲ့အတွက် ခရိုင်ရုံးကတော့ အောက်ရုံးရဲ့အမိန့်က အတည်ပဲပေါ့နော။ ကျတော်တို့နှစ်ဖက်စလုံးရဲ့ အယူခံကို ပလပ် လိုက်ပါတယ်။” လို့ ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်နဲ့ပတ်သက်ပြီး ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်စီမံဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်တို့ကို ကရင်နီအမျိုးသား သစ္စာဖောက်များ၊ သွေးစည်းချစ်ကြည်ရေး၏ရန်သူများအဖြစ် မတ်လ ၂၅ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့တာကြောင့် ပြည်နယ်အစိုးရကိုယ်စား ပြည်နယ်အစိုးရအဖွဲ့ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နောင်က တရားလို ပြုလုပ်ပြီး တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ လွိုင်ကော်အကျဉ်းထောင်ကနေ လူငယ်တွေ ပြန်လွှတ်လာခဲ့ပြီးဖြစ်ပါတယ်။

spot_img
spot_img

Recent posts