spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ပြည်နယ်အစိုးရ စက်ယန္တရားငှားရန်းခ ပြည်သူ့ဘဏ္ဍာငွေထဲမရောက်ဟုဆို

Author

Date

Category

စိုးထိုက်အောင်

ပြည်နယ်အစိုးရကနေရဲ့ စက်ယန္တရား ပြင်ဆင်ခတွေကို ပြည်သူ့ဘဏ္ဍာငွေကနေယူပြီး ငှားရန်းရရှိလို့ ရတဲ့ငွေတွေကိုတော့ ပြည်သူ့ဘဏ္ဍာငွေထဲမရောက်ဘူးလို့ မယ်စဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက ပြောပါတယ်။

“ကျတော်ပြောတယ် သူတို့ဒီပြင်တဲ့ငွေဘယ်လောက်ရတယ်၊ ရတဲ့ငွေကဘယ်လောက်လဲဆိုတာ ဒါကိုရှင်းတမ်းရှိနေရမယ်။ ဘယ်လက်ထက်ဖြစ်ဖြစ်ရှင်းတမ်းရှိတယ်။ နောက်တွေ့ရှိချက်ခါကျတော့ဘာမှမစေ့စပ်ဘူး။ ဘာမှမရှိဘူး ဒါပေမဲ့လို့သူတို့အလွဲသုံးစားလုပ်ထားတဲ့ငွေကို ကျတော်တို့အခုတင်ထားတယ်။”

စက်ယန္တယားတွေကို ဌားရမ်းအသုံးပြုပြီး ပျက်စီးသွားပါက အသေးစားပြင်ဆင်စရိတ်ကို ငှားရန်းတဲ့ ကုမ္ပဏီက ပြင်ဆင်ရမှာဖြစ်တဲ့ နှစ်ဦးသဘောတူညီချက် စာချုပ်တွေလည်း ချုပ်ဆိုထားတာတွေရှိတယ်လို့ ဆိုပါတယ်။

ဒါကြောင့်အခုလို ငှားရန်းပြီးပျက်စီးသွားရင် ပြင်ဆင်စရိတ်ကို ပြည်သူ့ဘဏ္ဍာငွေကနေယူပြီး ငှားရန်းခရရှိငွေ ကိုမူ ပွင့်လင်းမြင်သာစွာမချပြတဲ့အတွက် ၎င်းကိစ္စရပ်တွေနဲ့ပတ်သက်လို့ ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ဇွန်လ ၁၁ ရက်နေ့က တင်ပြခဲ့ပါတယ်။

“ ကျတော်တို့စပြီးတော့မှတွေ့ရှိချက်ကို အားလုံးစုပေါင်းပြီးတော့ပေါ့နော်ဒီဟာကိုလဲ လုပ်သင့်လုပ်ထိုက်တာလုပ်မယ်ဆိုပြီးတော့ ကျတော်တို့ဟိုးတစ်ခေါက်ပြောတာ ပြည်ထောင်စု အဂတိအထိတင်မယ်လို့ကျတော်လည်း မေးခွန်းမေးထားပါတယ်၊ ပြောလည်းပြောထားပါတယ်။ ဒါအမှန်တကယ်ဖြစ်သင့် ဖြစ်ထိုက်တာကို၊ လုပ်သင့်လုပ်ထိုက်တာကိုလုပ်တယ်လို့ဘဲ ကျတော်တို့ခံယူထားပါတယ်။” ဦးအောင်နိုင်ဦးက ပြောပါတယ်။

အစိုးရရဲ့စက်ယန္တရားတွေကို ကုမ္ပဏီတွေက ဌားရမ်းမည်ဆိုရင် ဌားရမ်းခ တစ်လမှာ လမ်းကြိတ်စက်တစ်စီးကို သိန်း ၂၇မှ သိန်း ၃၀ ကြားမှာရရှိပြီး မြေကော်စက်တစ်စီးလျှင် သိန်း၅၀မှ သိန်း ၆၀ ဝန်းကျင်လောက်အထိရရှိတယ်လို့ ဦးအောင်နိုင်ဦးကပြောပါတယ်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှာ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၁၀၃၀.၆၀)ဖြင့် ကယားပြည်နယ်အစိုးရအဖွဲ့ပိုင် စက်ယန္တရားနှင့် SKAT(ဘာလဲ) ယာဉ်တွေကိုဒေသဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ပြီး ဝယ်ယူခဲ့တယ်လို့တိုင်စာပစ်စာစောင့်ကြည့်စစ်ဆေးရေးအဖွဲ့ရဲ့ လေးနှစ်တာ ဆောင်ရွက်ထားရှိမှု အစီရင်ခံစာမှာ ဖော်ပြပါတယ်။

လွိုင်ကော်ခရိုင်အတွင်းမှာ စက်ယန္တရား(၁၀)စီး၊ SKAT ယာဉ် ၈စီးနှင့် လမ်းဦးစီးဌာနတွင် စက်ယန္တရား(၂)စီး ၊ စုစုပေါင်း(၂၀)စီးကို တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့က တွေ့ရ်ှိပေမဲ့လဲ စာရင်းစစ်ချုပ်အစီရင်ခံမှာ (၁၈) စီးဘဲဖော်ပြထားတဲ့အတွက်ကြောင့် ကွာဟမှုတွေရှိနေတယ်လို့ ဒုတိယအကြိမ်ကယားပြည်နယ်လွှတ်တော် တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့၏ (၄)နှစ်တာကာလအတွင်း တိုင်ကြားစာများအပေါ် ဆောင်ရွက်ထားရှိမှု အစီရင်ခံစာမှာဖော်ပြထားပါတယ်။

အဆိုပါ စက်ယန္တယားတွေ ထဲမှလိုင်စင်ထုတ်လို့မရတဲ့ စက်နှစ်စီးကို ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ကို ပေးအပ်သွားမယ်လို့လည်း ဖော်ပြပါရှိပါတယ်။

စက်ယန္တရားဌားရမ်းခမှ ရရှိသည့် ရငွေတွေကို ပြည်နယ်အစိုးရအဖွဲ့၏အစည်းအဝေးဆုံးဖြတ်ချက်ဖြစ် သုံးစွဲခဲ့တာ ဖြစ်တယ်လို့သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်က ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်(၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (တတိယနေ့) မှာပြောကြားခဲ့ပါတယ်။

၎င်းက “ ဌားရမ်းခ ရရှိငွေကို စာရင်းဇယားပြုစုပြီး ပြည်နယ်စာရင်းစစ်ချုပ်ရုံး၏ စာရင်းစစ်ဆေးမှုကိုလည်းခံယူခဲ့တာ ဖြစ်ပါတယ်။ ရငွေစာရင်းများအား ဖျောက်ဖြတ်ခြင်းမရှိပါ။ ဌားရမ်းခအားရငွေမှ သုံးစွဲသည့် ကိစ္စအားပြည်နယ်အစိုးရအဖွဲ့၏အစည်းအဝေးဆုံးဖြတ်ချက်ဖြစ်သာ သုံးစွဲခြင်းဖြစ်ပါတယ်။” ပြောပါတယ်။

ကယားပြည်နယ်အစိုးရအဖွဲ့ပိုင် စက်ယန္တရားတွေကို လေလံတင်စနစ်ဖြင့်ရောင်းချဖို့အတွက် ၂၀၂၀၊ဧပြီလ ၁ရက်နေ့မှ ၃၀ရက်နေ့အထိ ပထမအကြိမ်တင်ဒါခေါ်ယူခဲ့ပြီး၊ ၂၀၂၀၊မေလ ၁၈ရက်နေ့မှ ၂၀၂၀၊ ဇွန်လ ၁၇ရက် နေ့အထိ ဒုတိယအကြိမ် တင်ဒါခေါ်ယူခဲ့တယ်လို့ သိရပါတယ်။

(၁၆.၉.၂၀၁၅)ရက်နေ့မှ (၈.၅.၂၀၁၈) နေ့အထိ စက်ယန္တရားဌားရမ်းခကျပ်ငွေ(၃၆၇.၂၄၄) သန်းရရှိခဲ့တာ ဖြစ်ပြီး ၊ အမှန်တကယ် စက်ယန္တရားဌားရမ်းခမှ အနည်းဆုံးရသင့်တဲ့ငွေမှာ ငွေကျပ်(၉၄၈.၆) သန်း ရရှိရမည် ဖြစ်တယ်လို့

ဌားရမ်းခ ရရှိငွေမှာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနဲ့အညီ ပြည်နယ်အစိုးရအဖွဲ့ရုံး၏ ငွေစာရင်းအမှတ် ND-023111 သို့ပေးသွင်းပြီး စက်ယန္တရား ၁၀စီးအား ၁၀\၂၀၁၈ လတွင်လည်းကောင်း၊ မြေသယ်ယာဉ် ၈ စီးအား ၁\ ၂၀၂၀ လတွင်လည်းကောင်းဌားရမ်းမှု မပြုတော့ဘဲ လေလံတင်ရောင်းချရေး တင်ဒါခေါ်ယူလျက်ရှိရာ ပထမအကြိမ်မှာအကြိမ် တင်ဒါပြိုင်သူမရှိခဲ့ဘူးလို့ဆိုပါတယ်။

မေလ ၁၃ ရက်နေ့တွင် လေလံတင်ဒါ ထပ်မံရောင်းလျက်ရှိပြီး ရောင်းရငွေအား ပြည်နယ်အစိုးရအဖွဲ့ ငွေစာရင်းအမှတ် ND- 023111 သို့ပေးသွင်းဖို့ရှိတယ်လို့ ဆိုပါတယ်။

စက်ယန္တရား အားပြည်ပသို့ဌားရမ်းအသုံးပြုခြင်း၊ မြေသယ်ယာဉ်အား ခရိုင် မြို့နယ်သို့ဖြန့်ခွဲခြင်း၊ ဌားရမ်း သုံးစွဲခြင်းပြုခြင်းမှာ ယခုအစိုးရသစ်တာဝန်ယူစဉ်ကာလ အတွင်း ပြည်နယ်တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအရှိုန်အဟုန် ဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်ပြီး ဆောင်ရွက်ခဲ့ခြင်းကြောင်း ဆွေးနွေးတင်ပြအပ်ပါတယ်။

spot_img
spot_img

Recent posts