spot_imgspot_imgspot_imgspot_img
Thursday, July 10, 2025
spot_imgspot_imgspot_imgspot_img

ပြည်သူတွေရဲ့ လူမှုစီးပွားကဏ္ဍ ထိခိုက်နစ်နာမှုမရှိဖို့အတွက် တားမြစ်မိန့်ပြန်ပယ်ဖျယ်ရခြင်းဟု ဝန်ကြီးချုပ်ဆို

Author

Date

Category

နော်ဒွေးအယ်ခူ

ကယားပြည်နယ်အတွင်းရှိ ပြည်သူများရဲ့ လူမှုစီးပွားအခန်းကဏ္ဍများ ထိခိုက်နစ်နာမှုမရှိဖို့အတွက် ထုတ်ပြန်ထားတဲ့ တားမြစ်ချက်တွေကို ပြန်ပြီးပယ်ဖျက်ရခြင်းဖြစ်တယ်လို့ ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှိုက ဧပြီလ ၁၀ရက်နေ့က ပြောပါတယ်။

“ပြည်သူတွေရဲ့ လူမှုစီးပွားကဏ္ဍ ထိခိုက်နစ်နာမှုမရှိဖို့ စိုးရိမ်ကြောက်လန့်မှုအကြောက်တရားတွေကို အရမ်းမကြီးသွားဖို့အတွက် လုပ်လိုက်ရတာပါ။ တကယ့်စိတ်ရင်းစေတနာအမှန်နဲ့လုပ်လိုက်တာပါ။ ဒါတွေကိုလည်း ပြန်ပြီးချပြရှင်းလင်းမှုတွေလုပ်ပြီးသားဖြစ်ပါတယ်” လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

နိုင်ငံရဲ့လိုအပ်ချက်အရ ပြည်နယ်အစိုးရအနေနဲ့ အကောင်းဆုံးစီမံထားပေမယ့်လည်း ကိုယ့်ပြည်နယ်တစ်ခုတည်းအတွက်မဟုတ်ဘဲ ကိုယ်ကောင်းရင်းပြီးရော ဆိုတဲ့ သဘောမျိုးနဲ့တော့ မလုပ်ချင်ဘူးလို့ ဝန်ကြီးချုပ်ကပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့က ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊ Inn များ၊ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် အဝတ်အထည်ဆိုင်များ အစရှိတဲ့ လုပ်ငန်းအားလုံးကို ဧပြီလ ၇ ရက်နေ့မှစပြီး ၂၂ရက်နေ့အထိ ခေတ္တယာယီပိတ်ဖို့ အမိန့်ထုတ်ပြန်ပြီးနောက် ဧပြီလ ၇ ရက်နေ့မှာပဲ ဒီထုတ်ပြန်ချက်ကို ပြန်ပယ်ဖျက်လိုက်ခြင်းအပေါ် အခုလို ဝန်ကြီးချုပ်က ပြန်လည်ရှင်းပြခြင်းဖြစ်ပါတယ်။

ပြည်နယ်အဆင့် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကို ဧပြီလ ၇ ရက်နေ့မှာ ဖွဲ့စည်းထားပြီး ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်က ဥက္ကဌအဖြစ် တာဝန်ယူထားသလို ဝန်ကြီးဌာန၊ ဌာနဆိုင်ရာတွေကလည်း အဖွဲ့ဝင်အဖြစ်ပါဝင်ထားပါတယ်။

လက်ရှိမှာလည်း ပြည်နယ်အစိုးရအနေနဲ့ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတယ်လို့လည်းဆိုပါတယ်။

လွိုင်ကော်မြို့ အဝေးပြေးမော်တော်ယာဉ်ရပ်နားစခန်းရဲ့ ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်းများ စနစ်တကျကြီးကြပ်ရေးကော်မတီအနေနဲ့ ပြည်နယ်အစိုးရရဲ့ လမ်းညွှန်မှု ညွှန်ကြားချက်တွေကို လိုက်နာနေတယ်လို့ ဆိုပါတယ်။

ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်းများ စနစ်တကျကြီးကြပ်ရေးကော်မတီဥက္ကဌ ဦးစံအေးက “လုပ်ရကိုင်ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျတော်တို့အဖွဲ့အစည်းက ပြည်နယ်အစိုးရရဲ့လမ်းညွှန်မှုအောက်မှာသွားနေတာ သူတို့ရဲ့လမ်းညွှန်မှုအတိုင်းပဲသွားရမှာပေါ့။ သူတို့အမိန့်ကို ဖီဆန်လို့လည်းမရဘူး သူတို့အမိန့်ကို အတိအကျ လိုက်နာတဲ့အဖွဲ့တွေ” လို့ ဆိုပါတယ်။

ယခုလို ပြန်လည်ပယ်ဖျက်လိုက်ခြင်းက ပြည်နယ်အတွက် စိုးရိမ်စရာဖြစ်လာနိုင်တယ်လို့လည်း ကျန်းမာရေးဆိုင်ရာ ဝန်ထမ်းတွေက ဝေဖန်မှုတွေရှိလာကြပါတယ်။

spot_img

Recent posts