spot_imgspot_imgspot_imgspot_img
Wednesday, March 19, 2025
spot_imgspot_imgspot_imgspot_img

ပြည်သူတွေ မြေမြုပ်မိုင်းအန္တာရာယ်ကာကွယ်နိုင်ပြီး အန္တာရာယ်လျှော့ချနိုင်ဖို့အတွက် IEC အသိပေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မြေမြုပ်မိုင်းကြောင့် ထိခိုက်မှုတွေများနေတဲ့ ကရင်နီပြည်မှာ ပြည်သူတွေအတွက် မိုင်းအန္တရယ် ကာကွယ်ရေး လိုက်နာဆောင်ရွက်သင့်တဲ့ အချက်တွေကို ကရင်နီပြည် ကြားကာလအုပ်ချု့်ရေးကောင်စီ (IEC) က ဒီကနေ့ မေလ ၁ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

တော်လှန်ရေးကာလ ၃နှစ်ကျော်အတွင်း မြေမြုပ်မိုင်းကြောင့် ထိခိုက်သွားတဲ့အရပ်သားဦးရေဟာ ၉၀ ဝန်းကျင်ရှိနိုင်တယ်လို့ IEC ရဲ့ အတွင်းရေးမှူး(၂) ဦးဗညားက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ဒီတော်လှန်ရေးတစ်ခုလုံးမှာ ကျနော်တို့ကောက်ခဲ့တဲ့ စာရင်းအရဆိုရင်တော့ ၈၅/၉၀ ဝန်းကျင်တော့ မိုင်းဒဏ်သင့်တယ်လို့ ကျနော်တို့ ပြောလို့ရတယ်ပေါ့နော်။ ဒါကတော့ ပြည်သူလူထုဖက်ကပါ။ ဒီထက်များနိုင်တယ်။”လို့ ဦးဗညားကဆိုပါတယ်။

၂၀၂၄ ခုနှစ်အတွင်းမှာ မြေမြုပ်မိုင်းကြောင့်ထိခိုက်တဲ့ အရပ်သား ၃၅ ဦးထက်မနည်းရှိနေပြီး ၂ ဦးကတော့ သေဆုံးသွားတယ်လို့ ဦးဗညားကပြောပါတယ်။ ဒီစာရင်းကတော့ လက်လှမ်းမီသလောက် စုဆောင်းထားတဲ့ စာရင်းဖြစ်ပြီး ဒီထက်မက ရှိနေနိုင်တယ်လို့ လည်းဆိုထားပါတယ်။

မြေမြုပ်မိုင်း ဘေးအန္တာရာယ် ကာကွယ်နိုင်ဖို့ ပြည်သူတွေအနေနဲ့ လိုက်နာဆောင်ရွက်ရမည့် အချက်တွေအနေနဲ့ ကျေးရွာအတွင်း ပြန်လည်နေထိုင်သူတွေအနေနဲ့ သတ်မှတ်ထားတဲ့ နေရာတွေမှာသာနေထိုင်ဖို့၊ လက်နက်ဆိုင်ရာ မပေါက်ကွဲသေး ပစ္စည်းတွေကို ထိတွေ့ကိုင်တွယ်မှုတွေ မလုပ်ဘဲနီးစပ်ရာ တာဝန်ရှိသူတေွအကြောင်းကြား‌ပေးဖို့ နဲ့ သက်ဆိုင်ရာ အဖွဲ့တွေရဲ့ မိုင်းအန္တာရာယ်ဆိုင်ရာ အသိပညာ ထုတ်ပြန်ချက်တွေကိုလည်း လိုက်နာဆောင်ရွက်ဖို့ စတဲ့ အချက်တွေ လိုက်နာဖို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

IEC အနေနဲ့လည်း ကရင်နီပြည် အတွင်း တော်လှန်ရေးတပ်ပေါင်းစုံနဲ့ လက်တွဲပြီး ပြည်သူတွေ နေထိုင်တဲ့ ရပ်ကွက်/ကျေးရွာအတွင်းတွေမှာ မြေမြှုပ်မိုင်းရှင်းလင်းရေးကို ကြိုးစားဆောင်ရွက်နေတာရှိသလို ပြည်သူတွေ ထိခိုက်မှု လျော့ကျဖို့ အင်အားစုအသီးသီးနဲ့ ပူးပေါင်းပြီး မိုင်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်းနဲ့ လေကြောင်းရန် အန္တရာယ်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းတွေကိုလည်း ကြိုးပမ်း ဆောင်ရွက်လျက် ရှိနေတယ်လို့ IEC ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts