spot_img
Saturday, December 10, 2022
spot_img

ပြည်သူလူထုကြောင့် ကရင်နီတပ်မတော်ရပ်တည်နိုင်တာဖြစ်တယ်လို့ ကာကွယ်ရေးဒု-ဝန်ကြီးပြော

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

ကရင်နီတပ်မတော်ဟာ ပြည်သူလူထုကြောင့် ရပ်တည်နိုင်တာဖြစ်တဲ့အတွက် ရွတ်ဆိုခဲ့တဲ့ သစ္စာအဓိဌာန်အတိုင်း ကြိုးစားလုပ်ဆောင်ရမှာဖြစ်တယ်လို့ ကရင်နီတပ်မတော် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး ခူဒယ်နီယာယ်က ဒီကနေ့ ဩဂုတ်လ ၁၇ရက်နေ့မှာကျရောက်တဲ့ ကရင်နီတပ်မတော်နေ့အခမ်းအနားမိန့်ခွန်းမှာ ကယားဘာသာစကားနဲ့ ပြောကြားခဲ့ပါတယ်။

“စောစောက ကျနော်ပြောသလိုပဲ ကျနော်တို့ရဲဘော်လုပ်တယ်ဆိုတာ သူများတကာထက် ပိုဆင်းရဲမယ် ပိုပင်ပန်းမယ် ချမ်းသာချင်လို့ ရဲဘော်လုပ်တာ မဟုတ်ဘူး ။ ကိုယ့်နှကိုယ်ကို ပြန်လည်သုံးသပ်ပါ။ စောစောက သစ္စာအဓိဌာန်ရွတ်ဆိုပြီးပြီဖြစ်တယ်။ဒီသစ္စာအဓိဌာန်ထဲမှာ ပြည့်စုံအောင် လုပ်ဆောင်ရမယ်။ အားလုံးကြိုးစားလုပ်ဆောင်ရမှာဖြစ်တယ်။ တစ်ချို့တွေက မပြည့်စုံတာရှိနေသေးတယ်။ ဒါပေမယ့် တချို့က ပြည့်စုံအောင်ကြိုးစားလုပ်ဆောင်တာ တွေ့ရတယ်။ ဘာပဲဖြစ်ဖြစ် အားလုံးကြိုးစားပြီး လုပ်ဆောင်ရမယ်ဆိုတာ ကျနော်အနေနဲ့ ရဲဘော်တွေကို အထူးပြောကြားချင်တယ်။ ပြီးတော့ ကျနော်တို့မှာ ကျေးရွာ၊ ရွာမိရွာဖ၊ ရွာသူ/သား၊ မိသားစုတွေ ရှိသေးတယ်။ ဒါကြောင့် ကျနော်တို့ရဲဘော်တွေဟာ ပြည်သူလူထုတွေရှိလို့ ကျနော်တို့ ရပ်တည်နိုင်တာဖြစ်တယ်။ ဒါကြောင့် စည်းလုံးဖို့လိုတယ်။ တစ်ယောက်နဲ့တစ်ယောက် ဖေးမရမယ်။ ပံ့ပိုးရမယ်။ ပြည်သူလူထုတွေ ကျနော်တို့တို မပံ့ပိုးဘူးဆိုရင် ကျနော်တို့ မရပ်တည်နိုင်ဘူး။ ဒါကြောင့် ဘာတွေပဲ ဖြစ်ဖြစ် တစ်နေ့ကျရင် ကျနော်တို့ အောင်ပွဲခံရမှာဖြစ်တယ်။ “ လို့ ခူဒယ်နီယာယ်က မိန့်ခွန်းပြောကြားသွားတာဖြစ်ပါတယ်။

အခမ်းအနားမှာတွေ့ရတဲ့ KA တပ်မတော်သားများ

ကရင်နီတပ်မတော်နေ့ဟာ စစ်အာဏာရှင်တွေရဲ့ မတရားကျူးကျော်စစ်ကို ခံရပြီး ကရင်နီအမျိုးသားထု တစ်ရပ်လုံးရဲ့ အချုပ်အခြာအာဏာနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးကို ပြန်လည်ရရှိဖို့အတွက် ရရာလက်နက်စွဲကိုင်ပြီး လက်နက်ကိုင် ခုခံတော်လှန်ရေးကို စတင်ဖို့အတွက် ကရင်နီတပ်မတော်ကို စတင် ဖွဲ့စည်းခဲ့တဲ့ ၇၄ နှစ်မြောက်ရှိနေပြီဖြစ်ပါတယ်။

“ကရင်နီတပ်မတော်သားတစ်ယောက်အနေနဲ့ ကျနော်တို့တော်လှန်ရတဲ့ရည်ရွယ်ချက်ရှိပါတယ်။ ပထမတစ်ချက် ဘာကြောင့် KA ခုခံတော်လှန်ရေးလုပ်ရတယ်ဆိုတာ ကျနော်တို့ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူညီမျှခွင့်၊ ဆုံးရှုံးသွားတဲ့ ကျနော်တို့အခွင့်အရေးတွေပြန်ရရှိဖို့ဖြစ်တယ်။ နောက်တစ်ချက်အနေနဲ့က ကျနော်တို့ကရင်နီပြည် သီးခြားလွတ်လပ်တဲ့ပြည် ပြန်ဖြစ်ဖို့ ကျနော်တို့ခုခံတော်လှန်နေရတာဖြစ်တယ်။ ဆိုတော့ သမိုင်းအဆက်ဆက်မှာကြည့်လိုက်မယ် ကျနော်တို့ခေါင်းဆောင်တွေ ကျနော်တို့လူကြီးတွေ ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေ ကျူးကျော်တိုက်ခိုက်တဲ့ဟာတွေ ကျနော်တို့ခုခံတော်လှန်လာခဲ့တာဖြစ်တယ်။” လို့ ကရင်နီတပ်မတော်မှာ တပ်ကြပ်ကြီးအဖြစ်နဲ့ တာဝန်ထမ်းဆောင်နေတဲ့ အိုင်စီဒိုက ပြောပါတယ်။

အခမ်းအနားမှာတွေ့ရတဲ့ KA တပ်မတော်သားများ

ကရင်နီတပ်မတော်တည်ထောင်တာ (၇၄)နှစ်မြောက်ရှိနေပြီး တိုင်းပြည်ကိုကာကွယ်ရမယ်၊ ကျူးကျော်လာသူတွေကို ခုခံတိုက်ထုတ်ရမယ်၊ ပြည်သူတွေကိုနှိပ်စက်တဲ့ကျူးကျော်သူတွေကို တိုက်ထုတ်ရမှာက ရဲဘော်တစ်ဦးချင်းစီရဲ့ သမိုင်းပေးတာဝန်ဖြစ်သလို တိုင်းပြည်နဲ့လူမျိုးအပေါ် အသက်ပေးထားပြီးသားဖြစ်တယ်လို့ ခူဒယ်နီယာယ်က ပြောကြားသွားပါတယ်။

ဆင်းရဲဒုက္ခဒဏ်ကို ခံနိုင်ရည်ရှိရမှာဖြစ်တဲ့အတွက် သူတစ်ပါးရဲ့ ချမ်းသာမှု၊ မာန်တက်မှုတွေကို အားမကျဘဲ ရဲဘော်တာဝန်ကို ပြီးပြည့်စုံအောင်လုပ်ရမှာဖြစ်တယ်လို့ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

အာဇာနည်ခေါင်းဆောင်တွေ တော်လှန်ရေးသမားတွေနဲ့ ပြည်သူလူထုတွေရဲ့ နှစ်ပေါင်း ၇၀ ကျော်ကြာ အမျိုးသားရေးအတွက် ပေးဆပ်ခဲ့မှုတွေကို သမိုင်းပေးတာဝန်အဖြစ် မပြီးဆုံးမချင်း ဆက်လက်တိုက်ပွဲဝင်နေရအုံးမှာဖြစ်တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီက ပေးပို့တဲ့ သဝဏ်လွှာမှာလည်း ထည့်သွင်းဖော်ပြထားပါတယ်။

“ကျနော်တို့တိုင်းပြည်၊ လူမျိုးတွေ ဆင်းရဲဒုက္ခ ရောက်တာတွေကို ပြန်ကြည့်ပြီး ကျနော်တို့ဟာ တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာ ကတိသစ္စာတွေ တိုင်တည်ထားပြီး ဖြစ်တယ်။ သစ္စာရည်သောက်ပြီးတဲ့ ရဲဘော်တွေရှိတယ်။ မသောက်ရသေးတဲ့ရဲဘော်တွေရှိတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ ရဲဘော်တွေပဲ မဟုတ်ဘူး ကျနော်တို့ပြည်နယ်မှာရှိတဲ့ သူတွေအားလုံး တာဝန်ကိုယ်စီရှိကြတယ်။ အဲဒါကြောင့် ကျနော်တို့ရဲ့ တိုင်းပြည်ကို ကောင်းမွန်အောင်လုပ်ရမယ်။ ပြည်သူတွေကို ကာကွယ်ရမယ်။ သဘာဝပတ်ဝန်းကျင်၊ သစ်တော စတာတွေကို ကျနော်တို့ ထိန်းသိမ်းစောင့်ရှောက်ရမယ်။ အဲ့ဒါ ကျနော်တို့ရဲ့ တာဝန်ဖြစ်တယ်။”လို့ ခူဒယ်နီယာယ်က ဆက်ပြောပါတယ်။

အခမ်းအနားမှာတွေ့ရတဲ့ KA တပ်မတော်သားများ

(၇၄)နှစ်မြောက် ကရင်နီတပ်မတော်နေ့အခမ်းအနားကို ကရင်နီတပ်မတော် KA ရဲ့ ဌာနချုပ်ဖြစ်တဲ့ တာလဲဒူဆို ( ခေါ် ) ညာမိုမှာ ဒီကနေ့မနက်ပိုင်းမှာ ကျင်းပပြုလုပ်ခဲ့တာပါ။

အခမ်းအနားမှာ ကရင်နီပြည် အလံအား အလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်း၊ ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်းနဲ့ ရဲဘော်တို့ကို အလေးပြုခြင်း၊ သစ္စာအဓိဌာန်ရွတ်ဆိုခြင်း၊ ပေးပို့လာတဲ့ သဝဏ်လွှာကို ဖတ်ကြားခြင်း တို့ကို ပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားကို ကရင်နီပြည်အစိုးရခေါင်းဆောင်ကြီးတွေ ဖိတ်ကြားထားတဲ့ဧည့်သည်တော်တွေနဲ့ ကရင်နီတပ်မတော် ရဲဘော်တွေ ပြည်သူလူထုတွေ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

စစ်ရှောင်ဆေးပေးခန်းတစ်ခုမှာ ဆေးဝါးတွေမရှိတော့တဲ့အတွက် ယာယီပိတ်ထားရ

CJ ( ကန္တာရဝတီတိုင်း ( မ် )) ကရင်နီပြည် ဒီးမော့ဆိုမြိုနယ် အရှေ့ဖက်ခြမ်း စစ်ဘေးရှောင်တစ်နေရာမှာ ဖွင့်လှစ်ထားတဲ့ ကိုယ်ထူကိုယ်ထ ကျန်းမာရေးဆေးပေးခန်းတစ်ခု အလှူရှင်တွေကို မှီခိုအားကိုးနေရပြီး လက်ရှိမှာ ဆေးဝါးတွေ မရှိတော့တဲ့အတွက် ဆေးပေးခန်း ယာယီပိတ်ထားနေရတယ်လို့ သိရပါတယ်။ " ဒီဇင်ဘာလ ၈ ရက်နေ့က စတင်ပိတ်တာ...

နိုဝင်ဘာလအတွင်း စိတ်ကြွရူးသွပ်ဆေးပြား ငါးထောင်ကျော်ဖမ်းဆီးရမိ

ကန္တာရဝတီတိုင်း(မ်) နိုဝင်ဘာလအတွင်းမှာဆိုရင် ရောင်းဝယ် နေတဲ့ WY စိတ်ကြွရူးသွပ်ဆေးပြားကို ကရင်နီပြည်ရဲဌာန ( KSP ) ကနေ ဖမ်းဆီးရမိတာ‌ေတွရှိပြီး အရေအတွက် ၅၂၂၅ ပြားအထိ ဖမ်းဆီးရမိတာရှိတယ်လို့ သိရပါတယ်။ လက်ရှိကာလအတွင်းမှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုတွေရှိနေတဲ့အပေါ် KSPအနေနဲ့ မူးယစ်ဆေးဝါးအန္တာရာယ်နဲ့ပတ်သက်ပြီး အသိပညာပေးတာတွေကို လုပ်ဆောင်နေတာတွေလည်း ရှိတယ်လို့ KSP သတင်းနဲ့...

ဆီးသူးတော်စစ်ဘေးဒုက္ခသည်စခန်းမှာ အရေးပေါ်ရိက္ခာတွေကို အသုံးပြုနေရပြီး မကြာခင် ရိက္ခာပြတ်လပ်လာနိုင်

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ဆီးသူးတော်စစ်ဘေးဒုက္ခသည်စခန်းမှာ အလှူရှင်မရောက်တာ သုံးလကျော်ပြီဖြစ်တဲ့အတွက် အရေးပေါ်ရိက္ခာတွေကို အသုံးပြုနေရပြီး မကြာခင် ရိက္ခာပြတ်လပ်လာနိုင်တယ်လို့ စစ်ရှောင်စခန်းကော်မတီတစ်ဦးက ပြောပါတယ်။ လူဦးရေ ၁၀၀၀ကျော်နဲ့ အိမ်ခြေ ၁၆၀ ကျော်ရှိတဲ့ အဲဒီစစ်ဘေးဒုက္ခသည်စခန်းမှာ ၆ အိမ်လောက်က စားဝတ်နေရေး ခက်ခဲတဲ့အတွက် စစ်ဘေးဒုက္ခသည်စခန်းမှာ...

KNDF တပ်ရင်း ၄က ရဲဘော် ဂျေရုမ်း မိုင်းနင်းမိရင်း ကျဆုံး

ကန္တာရဝတီတိုင်း(မ်) ဖရူဆိုမြို့တွင်းတစ်နေရာမှာ နယ်မြေရှင်းလင်းရေးပြုလုပ်ရင်း စစ်ကောင်စီထောင်ထားတဲ့ မိုင်းနင်းမိတဲ့အတွက် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) တပ်ရင်း ၄မှ ရဲဘော် ဂျေရုမ်းဟာ ဒီဇင်ဘာလ ၄ရက်နေ့က ကျဆုံးသွားခဲ့ရပါတယ်။ ရဲဘော် ဂျေရုမ်းဟာ တပ်ရင်း(၄) တည်ထောင်တဲ့အတောအတွင်း ပထမဆုံး ကျဆုံးသွားတဲ့ ရဲဘော်ဖြစ်တယ်လို့ KNDF တပ်ရင်း...