spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

“ပြည်သူ့အားနဲ့တည်ဆောက်ပြီးတော့မှ ကိုယ့်ပြည်နယ်ကို အုပ်ချုပ်မယ်”

Author

Date

Category

“ ပြည်သူ့အားနဲ့တည်ဆောက်ပြီးတော့မှ ကိုယ့်ပြည်နယ်ကို အုပ်ချုပ်မယ်” လို့ ဆိုလာတဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌဦးဖိုးရယ်နှင့် တွေ့ဆုံမေးမြန်းခြင်း

စိုးထိုက်အောင်

လာမယ့် နိုဝင်ဘာလ(၈)ရက်နေ့မှာကျင်းပမယ့်၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးမှာ ကယား(ကရင်နီ)ပြည်နယ်အတွင်း မဲဆန္ဒနယ်နေရာ ၃၄ နေရာရှိတဲ့အနက် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ကနေ မဲဆန္ဒနယ်နေရာ ၃၀ ကို ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ၎င်းအကြောင်းအရာနှင့် ပါတီရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဥက္ကဌ ဦးဖိုးရယ်နှင့် တွေ့ဆုံမေးမြန်းထားတာတွေကို ကောက်နုတ်တင်ပြထားပါတယ်။

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးဖိုးရယ်

မေး။ ။ ဆရာတို့ကယားပြည်နယ်ဒီမိုကရက်တစ် ပါတီအနေနဲ့လာမယ့်ရွေးကောက်ပွဲအတွက် ဘာတွေ ပြင်ဆင်ထားတာရှိပြီလဲ။

ဖြေ။ ။ ကျတော်တို့ဒီ ၂၀၂၀ရွေးကောက်ပွဲအတွက်ကတော့ ကျတော်တို့ပြင်ဆင်ထားပြီးဖြစ်ပါတယ်။ အထူးသဖြင့် ဒီကယားပြည်နယ်နဲ့ ကယန်းဒေသမှာရှိတဲ့ ကျတော်တို့တိုင်းရင်းသားတွေအားလုံးပူူးပေါင်းပြီးတော့မှ ကျတော်တို့ပြင်ဆင်ထားတာရှိတယ်။ အဲ့ဒါကြောင့် ကျတော်တို့ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနဲ့ကယန်းအမျိုးသားပါတီ ၂ပါတီပူးပေါင်းပြီးတော့မှ အဲ့ဒါ ကျတော်တို့ရွေးကောက်ပွဲဝင်ဖို့လည်း ဆုံးဖြတ်ထားတယ်၊ ညှိနှိုင်းထားပြီးသားလည်းရှိပါတယ်။

မေး။ ။ ကိုဗစ် ကာလအတွင်းမှာမဲဆွယ်စည်းရုံးရမှာဖြစ်တဲ့ အတွက် အဲ့အပေါ်မှာရော ဘယ်လိုအခက်အခဲတွေရှိလဲ။ ဘယ်လိုနည်းလမ်းတွေကို သုံးပြီး မဲဆွယ်မှာလဲ။

ဖြေ။ ။ ကျတော်တို့ ဒီ ကိုဗစ် ကာလဖြစ်တဲ့အတွက်ကြောင့် ဒီလက်ရှိအစိုးရကလည်းပဲ ဒါအမိန့်ထုတ်ပြန်ထားပြီးသားလည်း ရှိပါတယ်။ အဲ့ဒါတွေလည်း ကျတော်တို့က လိုက်နာရမှာဖြစ်ပါတယ်။ ဆိုတော့ ကျတော်တို့လည်း ကိုဗစ် ရောဂါလည်းကင်းအောင်၊ အစိုးရကထုတ်ထားတဲ့ အမိန့်နဲ့လည်းဆန့်ကျင်ဘက်မဖြစ်အောင်ဆိုလို့ရှိရင် ကျတော်တို့က ဒါမဲဆွယ်ကာလမှာကတော့ ကျတော်တို့လူ နည်းနည်းနဲ့ကျဲကျဲဝိုင်းဖို့ပဲစီစဉ်ထားပါတယ်။ ဥပမာအရင်တုန်းက ဆိုလို့ရှိရင် ကျတော်တို့က လူစုလူဝေးနဲ့ တစ်နေရာမှာ စုပြီးလုပ်လို့ရသလို့အခုလည်း ကျတော်တို့အဲ့လိုပဲ လုပ်မှာလည်း မဟုတ်ပါဘူး။ ဆိုတော့ ကျတော်တို့အခုဟာ မြို့နယ်အလိုက် ရုံးခွဲတွေ ကျတော်တို့ပြန်ပြီးတော့မှဖွင့်ထားပါတယ်။ တစ်မြို့နယ်မှာ ရုံးခွဲအနည်းဆုံး (၃)နေရာကိုပေါ့နော် ကျတော်တို့အဲ့လိုမျိုးစီစဉ်ထားပါတယ်။

မေး။ ။ နောက် ဆရာတို့ပါတီက တိုင်းရင်းသားပါတီဖြစ်တဲ့အတွက် ပြည်နယ်က တိုင်းရင်းသားတွေမဲပေးဖို့အတွက် ဆရာအနေနဲ့ဘာပြောချင်လဲ။

ဖြေ။ ။ ကျေနော်တို့တိုင်းရင်းသားတွေကတော့ အစကနေပြန် နည်းနည်းကြည့်မယ်ဆိုရင် ဟိုး ၂၀၀၉-၂၀၁၀ ကတည်းက ကျတော်တို့ပါတီ စပြီးလှုပ်ရှားပါတယ်။ ဒါပေမဲ့ အဲ့ဒီအချိန်မှာ လူထုတွေက ဒီနှစ်ပေါင်း ဆယ်စုနှစ်ကြာအောင် အဲ့ဒီလိုအဖိနှိပ်ခံတဲ့ ဘဝတွေဖြစ်လို့ အကြောက်တရားက ဒါလူတိုင်းမှာရှိနေကြတယ်။ နိုင်ငံရေးနဲ့သွားပြောလို့ရှိရင် သူက နိုင်ငံရေးလုပ်ရင်ထောင်ကျမှာပဲ သူတို့သိတယ်။ ဆိုတော့ အဲ့ဒီအကြောက်တရားတွေကို ကျော်လွန်နိုင်အောင်ဆိုလို့ရှိရင် လူထုတွေကို စ ကျတော်တို့ သူ့ရဲ့အားရှိအောင်ပေါ့ အဲ့ဒါကို ကျတော်တို့က “ပြည်သူတွေ နိုးကြားထကြွကြလော့” ဆိုတဲ့ဆောင်ပုဒ်နဲ့ အဲ့ဒီတုန်းက ကျတော်တို့ကြွေးကြော်ခဲ့တယ်ပေါ့နော်။ ဆိုတော့ လူထုတွေက အခုဆိုလို့ရှိရင်တော်တော်လေး အသိအမြင် တော်တော်လေး ပါလာပြီပေါ့။ ဆိုတော့ အခုဆိုလို့ရ်ှိရင် ကျတော်တို့က အဓိကပြည်သူတွေကို ကျတော်တို့က ဘာ Message ပေးချင်လဲဆိုတော့ ဥပမာ ကျတော်တို့ ငါတို့မဲနဲ့ငါတို့ပြည်နယ်အုပ်ချုပ်မယ်ဆိုတဲ့ လိုမျိုးပေါ့ နောက်ပြီးတော့မှ ဒါ ပြည်သူ့အားနဲ့တည်ဆောက်ပြီးတော့မှ ကိုယ့်ပြည်နယ်ကို အုပ်ချုပ်မယ် ဆိုတဲ့ ဟာမျိုးတွေပေါ့နော် အဲ့လိုမျိုး ဆောင်ပုဒ်လေးတွေနဲ့ကျတော်တို့ပြင်ဆင်ထားတာတွေ ရှိတယ်။

ဒါပေမဲ့ ကျတော်တို့နောက်ဆုံးကျတော်တို့ဒီ တကယ့်လူထုကို ပေးမယ့်သတင်းစကားကတော့ သေချာ ကျတော်တို့ပြန်စီစစ်ပြီးတော့မှ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

မေး။ ။ ဆရာတို့က တိုင်းရင်းသားပါတီကို တိုင်းရင်းသားလူမျိုးစုတွေက ဘာကြောင့်မဲပေးသင့်တာလဲ။

ဖြေ။ ။ ကျနော်တို့ တိုင်းရင်းသားတွေဖြစ်တဲ့ အတွက်ကြောင့် ကျနော်တို့တိုင်းရင်းသားပါတီကို ဘာဖြစ်လို့မဲပေးရမလဲ ဆိုရင် ကျနော်တို့ အဓိက ကျနော်တို့ပြည်နယ်မှာ ကျနေ်တို့လုပ်ပိုင်ခွင့်ရအောင်ပေါ့နော်။ ကိုယ့်ပြည်နယ်မှာ ဆင်းရဲနေတယ်၊ အခက်အခဲတွေ အများကြီးကြုံတွေ့နေရတယ်။ အဲ့ဒါကို ကျနော်တို့ဒီပြည်သူတွေအတွက်ပေါ့နော် ပိုပြီးတော့မှအလုပ်လုပ်နိုင်အောင် ၊ပိုပြီးတော့မှ အခွင့်အရေးပိုရအောင်ဆိုပြီးတော့မှ ကျနော်တို့ဒီလို ပါတီကို ဒီလိုမျိုးလုပ်ပြီးတော့မှ ကျနော်တို့အောင်နိုင်ရေးအတွက် ကျနော်တို့ကြိုးစားနေတာပဲရှိပါတယ်။

မေး။ ။ ဆရာတို့ပါတီအနေနဲ့ပြည်နယ်ရဲ့မဲဆန္ဒနယ် (၃၄)နေရာမှာ ဘယ်နှစ်နေရာဝင်ပြိုင်မှာလဲ။

ဖြေ။ ။ ကယန်းအမျိုးသားပါတီကတော့ မဲဆန္ဒနယ် ၄ နေရာပေါ့ ကယားပြည်နယ်မှာဝင်ပြိုင်မယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့ပါတီကတော့ ကျန်တဲ့ နေရာ ၃၀ ကိုဝင်ပြိုင်ပါမယ်။

မေး။ ။ ဆရာတို့ပါတီအနေနဲ့ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်ဖို့ဆင်းမယ်ဆိုရင် ဘယ်မြို့နယ်က အခက်ခဲဆုံးဖြစ်မလဲ။

ဖြေ။ ။ ကျနော်တို့တော့ တွက်ထားတာ လောလောဆယ်ကတော့ ဘောလခဲမြို့နယ်ပေါ့နော် နဲ့လွိုင်ကော်မြို့နယ် နှစ်မြို့နယ်ကတော့ နည်းနည်း အခက်အခဲ ရှိတယ်ပေါ့နော်။ ရှိတယ်ဆိုတာက ဥပမာ ဘောလခဲမှာ ဆိုလို့ရှိရင် စစ်တပ်များတယ်ပေါ့နော်၊ စစ်တပ်လူဦးရေက လူထုထက်များနေတာတွေ့ရတယ်ပေါ့နော် အဲ့ဒါက ကျတော်တို့အတွက် အခက်အခဲတစ်ခုပေါ့နော်။ နောက်လွိုင်ကော်မြို့နယ်မှာ ကျတော့ ကျတော်တို့တိုင်းရင်းသားပေါင်းစုံရှိတယ်ပေါ့နော်။ တိုင်းရင်းသားပေါင်းစုံရှိတယ်။ တကယ့်ဌာနေတိုင်းရင်းသားမဟုတ်တဲ့ တိုင်းရင်းသားတွေကတော့ ကျနော်တို့ပါတီအပေါ်မှာကတော့ စိတ်ဝင်စားမှုနည်းတဲ့အပိုင်းမှာကတော့ တွေ့ရတယ်ပေါ့နော်။ ဘာဖြစ်လဲဆိုရင် ကိုယ့်ပြည်နယ်အကြောင်း၊ ကိုယ့်ဒေသအကြောင်းကို သူတို့ကနားမလည်တဲ့ ခါကျတော့ သူတို့က ပါတီကြီးတွေပဲ ဦးစားပေးရင်လည်း၊ ဦးစားပေးနိုင်တယ်ပေါ့နော်။ ဆိုတော့ ဒီကိစ္စက ကျနော်တို့ဒီ အထူးသဖြစ် ဒီလိုလူမျိုးကို ကျတော်တို့ပိုပြီးတော့မှ ချဉ်းကပ်ရမယ်၊ စည်းရုံးရမယ်ပေါ့နော်။ ကျန်တဲ့ ကျတော်တို့ဒီဌာနေ တိုင်းရင်းသားတွေကတော့ ကျနော်တို့အတွက်တော့ အခက်အခဲမရှိပါဘူး။ ဒါကျနော်တို့စည်းရုံးထားတာ ရှိပါတယ်။

မေး။ ။ ဆရာတို့ပါတီအနေနဲ့ကယားးပြည်နယ်မှာ ဘယ်နှစ်နေရာလောက် နိုင်မယ်လို့မျှော်မှန်းထားလဲ။ ဘယ်နေရာအထိတက်နိုင်မယ်ထင်လဲ။

ဖြေ။ ။ ပါတီအနေနဲ့ကတော့ ကျနော်တို့ပြည်နယ်လွှတ်တော်ပေါ့နော်။ ပြည်နယ်လွှတ်တော်မှာ့ အတတ်နိုင်ဆုံးအကုန်လုံးနိုင်အောင်တော့ ကြိုးစားနေတယ်ပေါ့နော်။ ကျန်တဲ့ လွှတ်တော် ၂ရပ်ကျတော့ ဒီ ဗဟိုအဆင့်မှာ အစိုးရမဖွဲ့နိုင်မှန်းတော့ သိပါတယ်။ ဒါပေမဲ့လို့ဒီ ဗဟိုအဆင့်မှာ တက်သွားမယ့် ကိုယ်စားလှယ်တွေဟာ ဆိုလို့ရှိရင်လည်းပဲ ဒီ တိုင်းနဲ့ပြည်နယ်နဲ့ မဟာမိတ်တွေ၊ ဆွေးနွေးထားတာတွေ ရှိပါတယ်။ အဲ့ဒီအပိုင်းကျတော့ လည်းပဲ ဒါ တစ်နိုင်ငံလုံးတိုင်းရင်းသားပေါင်းစုံစုစည်းတဲ့ အင်အားတစ်ခုလည်း ကျနော်တို့ဆွေးနွေးထားတာတွေလည်း ရှိပါတယ်။

မေး။ ။ ဆရာတို့မျှော်မှန်းထားသလောက်နိုင်မယ်ဆိုရင် ပြည်နယ်အတွက် ဘာတွေလုပ်ပေးမှာလဲ။

ဖြေ။ ။ ကျနော်တို့ ပါတီကတော့ နကိုယ်ကတည်းက ရည်ရွယ်ထားတာတွေကတော့ ရှိပြီးသားပါ။ ပြည်နယ်ဟာ ဆင်းရဲတဲ့ပြည်နယ်ဖြစ်တယ်၊ ခက်ခဲတဲ့ ပြည်နယ်ဖြစ်တယ် အထူးသဖြင့် လမ်းပန်းဆက်သွယ်ရေးတို့ ဘာတို့မှာ အများကြီး တွေ့ရတယ်။ ပညာရေး၊ ကျန်းမာရေးမှာလည်း အမြဲတန်းချို့တဲ့ နေတာ တွေ့ရတယ်။ ပညာရေးနဲ့ကျန်းမာရေးကို လုပ်ဆောင်သွားမယ်။ နောက်ပြီးတော့မှ ကျနော်တို့ပြည်နယ်မှာထွက်တဲ့ အထူးသဖြင့် သယံဇာတပေါ့နော်၊ သယံဇာတကိုလည်းပဲ့အတတ်နိုင်ဆုံး ထိန်းညှိပြီးတော့မှ ထုတ်လုပ်ဖို့ရှိထားတယ်၊ ကျနော်တို့အနာဂတ်အတွက် ဒီသယံဇာတတွေက မဖြုန်းတီးအောင်ပေါ့နော် ဒါကျနော်တို့ထိန်းသိမ်းပြီးတော့မှ ကျနော်တို့လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အထူးသဖြင့် ဒီသစ်တောကဏ္ဍဆိုရင် အားလုံးသိတဲ့အတိုင်းပဲပေါ့နော် ကယားပြည်နယ်မှာ သစ်တောကတော့ ကုန်သလောက်ဖြစ်သွားတယ်။ အဲ့ဒါတွေကို ပြန်ပြီးတော့မှ ထိန်းသိမ်းဖို့ပါတီအနေနဲ့ဒါ စီစဉ်ထားတာရှိပါတယ်။

မေး။ ။ ဆရာတို့ပါတီကအနိုင်ရရှိပြီး အစိုးရတစ်ရပ်ဖွဲ့နိုင်မယ်ဆိုရင် ဒီပြည်နယ်မှာ ဘာတွေကို ပြောင်းလဲအောင်ပေးမလဲ။

ဖြေ။ ။ ကျနော်တို့ပါတီအနေနဲ့တော့ တကယ်လို့အစိုးရဖွဲ့နိုင်မယ်ဆိုရင် နံပတ် ၁ ကတော့ ငြိမ်းချမ်းရေးကို့ရအောင်လုပ်သွားဖို့အစီအစဉ်တွေ ရှိပါတယ်။ နောက်တစ်ချက်ကတော့ အခုနပြောသလိုပေ့ါ ငြိမ်းချမ်းရေးရတာနဲ့အမျှ ဒီ ပြည်နယ်အတွင်းမှာ ရှိတဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေပေါ့နော် ပိုပြီးတော့မှ ကျယ်ကျယ်ပြန့်ပြန် လုပ်သွားဖို့ရှိပါတယ်။

spot_img
spot_img

Recent posts