spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ပွဲမိန့်မရသည့် အမျိုးသမီးအဖွဲ့လှုပ်ရှားမှု ဒေသအာဏာပိုင်များ လိုက်လံတားဆီး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဘောလခဲ မြို့နယ်တွင် ကရင်နီအမျိုးသမီး အစည်းအရုံး အဖွဲ့ ရဲ့ ၁၆ ရက်တာ လှုပ်ရှားမှုအစီစဉ်ကို ခွင့်ပြုမိန့်မရသည့်အတွက် ဒေသအာဏာပိုင်တွေက လိုက်လံတားဆီးပိတ်ပင်ခံနေရတယ်လို့သိရပါတယ်။

အသင်းအဖွဲ့ မှတ်ပုံတင်မထားတဲ့ ကရင်နီ အမျိုးသမီး အစည်းအရုံး အဖွဲ့ဟာ ၁၆ ရက်တာ လှုပ်ရှားမှု အတွက် ပြည်နယ် အစိုးရဆီက ခွင့်ပြုချက် မရတာကြောင့် ဒီနေ့ (၂၅ ရက်) ဘောလခဲ မြို့နယ် ချိကွက်ကျေးရွာမှာ ပြုလုပ်မယ့် အစီစဉ်ကို ဆက်လုပ်ခွင့်မရဘူးလို့ KNWO အတွင်းရေးမှူး ၃ မော်ဗျားမြာဦးကပြောပါတယ်။

“လုံးဝ ဒီဟာကို မလုပ်ရဘူး သူပြောတယ်။ မလုပ်ရဘူးဆိုတော့ ဆရာလို့… အခုကလည်း အခမ်းအနားကလည်းစတော့မယ်။ ဒီမှာ လူထုကလည်းလာနေပြီဆိုတော့ ကျမတို့ စမယ်လို့ ပြောတော့ ၊ နင်တို့က စင်ပေါ်တက်ပြီ နင်တို့ ပြောပြီဆိုတာနဲ့ နင်တို့ကိုဖမ်းပြီ ၊ ဖမ်းလိုက်မှာပေါ့နော ၊ ငြိမ်းစုစီ နဲ့ ဖမ်းလိုက်မှာပေါ့။ နင်တို့က ဘားမှ စာမတင်ဘူးဆိုတော့ ဖမ်းလိုက်မယ် ဆိုပြီးမှ သူပြောတယ်။” လို့ မော်ဗျားမြာဦး ကပြောပါတယ်။

ပွဲရက်မတိုင်မီ ညပိုင်းမှာ ပွဲကို ပြုလုပ်ခွင့်မပေးနိုင်ဘူးလို့ အကြောင်းကြားလာတယ်လို့ ဆိုပါတယ်။ ပွဲအတွက် ဒေသခံ များနဲ့ ချိတ်ဆက်ထားပြီးတဲ့အတွက်ကြောင့် ဆက်လုပ်ဖို့ ရည်ရွယ်ထားပေမဲ့ အထွေထွေအုပ်ချုပ်ရေး ရုံးနဲ့ ရဲတပ်ဖွဲ့ တွေက ဒီမနက်မှာ လာရောက်ထားမြစ်ကြတယ်လို့ ဆိုပါတယ်။

“လူထုကိုလည်း ကျမတို့ နဲ့ လုံးဝ စကားပေးမပြောဘူး။ သူတို့က အပြင်ကနေပဲ ကျမတို့ ကိုတားထားတယ်။ ကျမတို့ကို ဒီခန်းမဆောင်ထဲပေးမဝင်တော့ဘူး။ နင်တို့ဝင်ပြီ နင်တို့ လူထုကို စကားပြောတာနဲ့ ဖမ်းပြီလို့ ပြောတယ်။ တကယ်လို့ အဲလိုမျိုး ဖမ်းမယ်ဆိုလို့ ရှိရင် လည်း ပြီးတဲ့ ချိန်မှ ပဲ ဖမ်းလို့ ပြောတော့လည်းမရဘူး။” လို့ မော်ဗျားမြာဦးကပြောပါတယ်။

အခုလုပ်မယ့် ပွဲအတွက် ပြည်နယ် အစိုးရ ဆီကို ခွင့်ပြုချက် တောင်းခံဖို့ စာတင်ပြတောင်းဆိုမှု လုပ်ခဲ့ပေမဲ့လည်း အဖွဲ့ အစည်းဟာ တရားဝင်မှတ်ပုံတင်ထားတဲ့ အဖွဲ့ ဖြစ်ရမယ်လို့ ဆိုတာကြောင့် စာတင်ခွင့်တောင် မရခဲ့ဘူးလို့ ဆိုပါတယ်။

“ဟုတ်တယ် ကျနော်တို့ တားထားတယ်ခင်ဗျ။ သူတို့က တရားဝင်ခွင့်ပြုချက်မရှိလို့ပါ။ အဓိကကတော့ ငြိမ်းစုစီနဲ့ တင်ရမှာပေါ့။ လျောက်လို့ရတာပေါ့။ ငြိမ်းစုစီနဲ့ လျောက်ရင်တော့ ခွင့်ပြုချက်ရမှာပေါ့။ ကျနော်တို့မှာက ဝန်ထမ်းတွေဗျ အစိုးရအဖွဲ့ ရဲ့ ညွန်ကြားချက်နဲ့ပဲ လုပ်နေရတာကိုး နားလည်မှုဆိုတာ အဆင်မပြေဘူးလေ။ ကျနော်တို့ က အစိုးရဝန်ထမ်းကိုးဗျ။ အစိုးရဌာနဆိုတော့ နားလည်မှုဆိုတာက အချို့ အကြောင်း အရာတွေပဲ အဆင်ပြေတယ်။ အခုက လူတွေ စုစည်းပြီးတော့ လုပ်ကြတာဆိုတော့ တခုခုဖြစ်သွားရင်ကျနော်တို့ တာဝန်ဖြစ်သွားမှာလေ။ ” ဘောလခဲမြို့နယ် ခေတ္တ ဒုမြို့နယ် အုပ်ချုပ်ရေး မှုး ဦးအာကာထွန်းကပြောပါတယ်။

“အခွင့်အရေး၊ အမျိုးသမီးတွေ အတွက် လုပ်ဖို့ဆိုလို့ရှိရင်တော့ တော်တော်နဲ့ကို လုပ်ယူရမယ့် အခြေအနေဖြစ်တယ်။ သူတို့ကလည်း လိုက်ပြီးတော့ ပိတ်ပင်တယ်။ လိုက်ပြီးတော့ လုပ်တဲ့ဟာတွေက တော်တော်လေးကို ရုပ်ဆိုးတာမျိုးဖြစ်နေတယ်ပေါ့နော။ ” မော်ဗျားမြာဦး ကပြောပါတယ်။

၁၆ ရက်တာ လှုပ်ရှားမှုဟာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး အသိပညာပေးတွေကို ဟောပြောတဲ့ လုပ်ရှားမှုဖြစ်ပြီး ကမ္ဘာအဝန်းမှာ အသိမှတ်ပြုထားတဲ့ လှုပ်ရှားမှုတခုဖြစ်ပါတယ်။

spot_img
spot_img

Recent posts