ဖက်ဒရယ်ဝါဒ ၊ ဒေသအစိုးရများနှင့် ဖွံ့ဖြိုးတိုးတက်ရေး

ကျော်စိုးသူ 
(Economic Development)

မြန်မာနိုင်ငံအနေဖြင့် နှစ်ပေါင်းများစွာ ကျင့်သုံးအုပ်ချုပ်ထားသည့်စနစ်မှာ တစ်ပြည်ထောင်စနစ်ဖြစ်ပြီး ဗဟိုချုပ်ကိုင်မှုကို အားပေးခဲ့သော စနစ်တခုဖြင့်သာ အုပ်ချုပ်ခဲ့ပါသည်။ ငြိမ်းချမ်းရေးမရရှိခြင်းကြောင့်လည်း ဗဟိုချုပ်ကိုင်မှုစနစ် အားကောင်းခဲ့ခြင်းပေလိမ့်မည်။

သို့ရာတွင်ဗဟိုချုပ်ကိုင်မူ၏ ဆိုးကျိူးများကိုသာ ခံစားနေသည်ကို တွေ့ရပေသည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံ၏ နောက်ခံအခြေအနေနှင့် ကိုက်ညီမည် ဖယ်ဒရယ်စနစ် ဖြစ်ထွန်းပေါ်ပေါက်ေအာင်မြင်ရေးသည်သာ ပန်းတိုင်ဖြစ်ပါသည်။

ဖယ်ဒရယ်ဆိုသည်ကို ခွဲထွက်ရေးဟု အမြင်မှားနေကြသည်။ ဖယ်ဒရယ်စနစ်ဟူသည်မှာ နို်င်ငံကို အုပ်ချူပ်သောစနစ်တစ်ခုမျှသာဖြစ်ပြီး ဗဟိုချုပ်ကိုင်မှုကို လျော့ချသော အစိုးရအုပ်ချုပ်မှုစနစ်တစ်ခုသာြဖစ်ပါသည်။

ဗဟိုအစိုးရက ဒေသအစိုးရများကို လုပ်ပိုင်ခွင့်ပိုပေးထားသော အုပ်ချုပ်မှုစနစ်တစ်ခုဖြစ်ပေသည်။ သို့ရာတွင် စနစ်တိုင်းတွင်အားနည်းချက် အားသာချက်ရှိသည်ကိုတော့ မမေ့အပ်သင့်ပါလေ။

မြန်မာနိုင်ငံအနေဖြင့် ဖယ်ဒရယ်စနစ်ကို စတင်ကျင့်သုံးခဲ့သည်မှာ  ၂၀၁ဝ ခုနှစ်ပင်ဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအရ ကျင့်သုံးခဲ့ခြင်းြဖစ်ပါသည်။

ဒေသအစိုးရ (၁၄) ခုကို ဖွဲ့စည်းပေးခဲပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ပေးခဲ့ပါသည်။ သို့ရာတွင် (၂၀၀၈) ခြေဥ နှင့်အညီသာ ပြဌာန်းခွင့်ပေးထားသောကြောင့် ဗဟိုချုပ်ကိုင်မှုကိုတော့ အလေးပေးထားသည်ကို တွေ့ရပေလိမ့်မည်။

၂၀၀၈ ခြေဥ အရ ၂၀၁ဝ တွင် စတင်ပေါ်ပေါက်ခဲ့သော ဒေသအစိုးရများနှင့် ဥပဒေပြုရေး ၊ အုပ်ချုပ်ရေး ၊ တရားစီရင်ရေးစသည့်ကဏ္ဍများ ပြည့်စုံစွာပါဝင်နေသည်ကို တွေ့ရှိရသည်။

သို့သော်လည်း ခေတ်အဆက်ဆက် ဖွဲ့စည်းတည်ဆောက်အုပ်ချုပ်ခဲ့သော အစိုးရစနစ်ပုံစံထဲ့မှ သိပ်ပြီးဖောက်မထွက်နိုင်ကြသည်ကို ေတွ့နေရသည်။

ဥပဒေပြုရေး နှင့်တရားစီရင်ရေး မဏ္ဍိုင်များမှာ အုပ်ချုပ်ရေးမက္ကိုင်အောက်တွင် နှစ်ပေါင်းများစွာအနေကြာလာသည့် စနစ်ကြောင့် အပြန်အလှန်ထိန်းကြောင်းခြင်း အားေကာင်းရန် အချိန်ယူတည်ဆောက်သွားရေတာ့မည် ဖြစ်သည်။

ဒေသအစိုးရများကိုကြည့်လျှင်လည်း ထွေအုပ်၏ frame (မူဘောင်/ပုံစံ)ကိုယူ၍ တည်ဆောက်ထားပြီး သီးခြားရပ်တည် ဖွဲ့စည်းထားခြင်းမရှိသည့်ပုံစံကို တွေ့မြင်နေရသည်။

ထိုအချက်သည် ၂၀၀၈ ခြေဥအရဟု ဆိုသောကြောင့် ထိုပြသနာကိုဖြေရှင်းရန် ၂၀၀၈ ခြေဥကိုဖြေရှင်းမှသာ ရရှိနိုင်ပေလိမ့်မည်။

ထို့သို့ ဖွဲ့စည်းတည်ဆောက်ထားသော ဒေသအစိုးရများတွင် နိုင်ငံတကာဆက်ဆံရေး ၊ စီးပွားရေး ၊ ရင်းနှီးမြုပ်နှံရေးနှင့် ငွေရေး ကြေးရေး စသော ပညာရပ်ပိုင်ဆိုင်ရာ နားလည်တတ်ကျွမ်းသူများမရှိဘဲ ဖယ်ဒရယ်စနစ်ကိုသွားခြင်းသည် အလွန်စိုးရိမ်စရာကောင်းလှသည်။

ရွေးကောက်ပွဲမှ အနိုင်ရလာသောဗဟိုအစိုးရမှခန့်ထားသော ဒေသဝန်ကြီးချုပ်ဖြစ်ခြင်းသည်လည်း  ဒေသခံ ပြည်သူတို့၏ ဆန္ဒသဘောထားတို့နှင့် ကွဲလွဲနိုင်ပေသည်။

ရွေးကောက်ခံအစိုးရများ၏ အရည်ချင်းသည်လည်း အရေးကြီးလှသည်။ ဖယ်ဒရယ်စနစ်နှင့် အပြန်အလှန်ထိန်းကြောင်းမှုတို့၏ သဘောသဘာဝကို နားလည်ရန် လိုအပ်ပြီး ဥပဒေစည်းမျဉ်းစည်းကမ်းများတို့ကို တန်ဖိုးထားလေးစားလိုက်နာရပေမည်။

စီမံကိန်းဥပဒေ ၊ ဘတ်ဂျက်ဥပဒေနှင့် ပတ်သက်၍တန်ဖိုးထား နားလည်သဘောပေါက်ရန်လည်း လွန်စွာအရေးကြီးသည်။

ဒေသလွှတ်တော်များ၏ ဝေဖန်ထောက်ပြ ထိန်းကျောင်းခြင်းကို သဘောပေါက်နားလည် လက်ခံနိုင်ရန်လည်း အရေးကြီးဆုံးဖြစ်ပေလိမ်မည်။

အာဏာ သုံးရပ်ပိုင်းခြားခွဲဝေကျင့်သုံးခြင်းအနှစ်သာရကိုသိရှိနားလည်ပြီးနောက် ယင်းစနစ်ကိူ ပိုမိုပြီပြင်လာစေရန်လုပ်ဆောင်သင့်ပေသည်။

အချုပ်အားဖြင့်ဆိုသော် မြန်မာပြည်၏ ဖယ်ဒရယ်ဒီမိုကရေစီစနစ် အောင်မြင်ေရးအတွက် အချက်အခြာကျသော အရာမှာ ဖယ်ဒရယ်စနစ် အောင်မြင်ရေးအတွက် အဓိကမောင်းနှင်းနေသော ဒေသအစိုးရများပင် ဖြစ်ပေသည်။

၎င်းအစိုးရများ၏ လုပ်ကိုင်ဆောင်ရွက်မှုများသည် ဖယ်ဒရယ်စနစ်အတွက် တိုက်ရိုက်အကျိူး ဖြစ်ထွန်းစေနိုင်သလို ဆိုးကျိုးလည်း ဖြစ်ထွန်းစေပါလိမ့်မည်။
ဖယ်ဒရယ်စနစ်ဟူသည်ကာ ကောင်းကျိူး ဆိုးကျိူးဒွန်တွဲနေသော အစိုးရစနစ်တစ်ခုဖြစ်သောကြောင့် မြန်မာနိုင်ငံလို တိုင်းရင်းသားအများစုနေထိုင်ပြီး မငြိမ်းချမ်းသော တိုင်းပြည်တစ်ခုအတွက် ဖယ်ဒရယ်စနစ်သည် ထွက်ပေါ်က်တစ်ခုသာဖြစ်ပါလိမ့်မည်

သို့ရာတွင် ခိုင်မာသော အားကောင်းသော အခြေခံ ဖွဲ့စည်းပုံ အင်စတီကျူးရှင်များမရှိသေးချိန်တွင် ဖယ်ဒရယ်စနစ်သည် ဆိုးကျိူးများလည်း ခံစားရစေနိုင်သည့်အချက်ကို မေ့မထားသင့်ေပ။

ထို့ကြောင့်မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဖယ်ဒရယ်စနစ်သည် အဓိကကျပြီး ဖယ်ဒရယ်စနစ်ကို အကောင်အထည်ဖော်ရေသာ ဒေသအစိုးရများတွင် ပို၍အရေးပါပေသည်။

ဒေသအစိုးရများ၏ စွမ်းဆောင်ရည်မြင့်မာပြီး ဒေသတွင်းဖွဲ့စည်းအုပ်ချုပ်မှု ကောင်းမွန်အောင် ဆောင်ရွက်နိုင်လျှင်လည်း ဒေသအားလုံး တပြေးညီ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါလိမ့်မည်။

မြန်မာနိုင်ငံအနေဖြင့် အုပ်ချုပ်ရေးစနစ်  စနစ်ကူးပြောင်းရာတွင် မိမိနိုင်ငံနှင့် အသွင်​သဏ္ဌာန်​တူသော အင်ဒိုနီးရှားနှင့် ကိုးရီးယားနိုင်ငံတို့ အတွေ့အကြုံများကို လေ့လာသင်ယူပြီး မြန်မာနိုင်ငံ၏ ဖယ်ဒရယ်ဒီမိုကရေစီစနစ်အတွက်  ကြိုးပမ်းဆောက်ရွက်သွားရပေလိမ့်မည်။

Comments

comments

Next Post

စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ ရှိနေ

Mon Apr 10 , 2017
မူအက်စတာ ဒီးမော့ဆိုမြို့နယ် ပါဒေါဒူကျေးရွာအနီး သဲတောင်တဝိုက်တွင် လွိုင်ကော်မှ သယ်ဆောင်လာသော အမှိုက်များ၊ ဒီးမော့ဆိုမြို့ပေါ်မှ ရောက်ရှိလာသော အမှိုက်များသည် ၎င်းတို့ကျေးရွာအနီး လဟာပြင်တွင် စည်းကမ်းမဲ့ လာရောက်စွန့်ပစ်ထားကြကြောင်း သိရသည်။ “ဒီးမော့ဆိုမြို့နယ် သဲတောင်ပတ်ဝန်းကျင်တစ်ဝိုက်မှာ လွိုင်ကော်ကနေလာတဲ့ အမှိုက်ကား၊ ဒီးမော့ဆိုကနေ သွားတဲ့ အမှိုက်ကားတွေ လာပြီးစွန့်ပစ်ထားတာကို တွေ့ရတယ်၊ အဲ့ဒီအမှိုက်တွေက များလွန်းတော့ ပြည်သူတွေအတွက် အန္တရာယ်၊ တိရိစာ္ဆန်တွေအတွက် အန္တရာယ်ရှိစေနိုင်တယ်၊ ကျန်းမာရေးအတွက်လည်း ထိခိုက်စေနိုင်ပါတယ်” ဟု ပါဒေါဒူကျေးရွာမှ ဦးလှချေး အယ်လ်ဖောင်ရှိုက ကန္တရဝတီတိုင်းမ်သို့ ပြောသည်။ ၎င်းအမှိုက်ပုံသည် လဟာပြင်တွင်သာ ရှိနေသည့်အတွက်ကြောင့် နွေရာသီတွင် လေတိုက်ချိန်တွင် ကျေးရွာတွင်းသို့ဝဲပျံလာသည်။ ထို့အပြင် မိုးရာသီတွင် တောင်ကျရေနှင့်အတူ တောင်ပေါ်မှ တောင်အောက်ရှိကျေးရွာသို့ လိုက်ပါလာသည်။ […]