spot_img
Monday, May 29, 2023
spot_imgspot_imgspot_imgspot_img

ဖက်ဒရယ်ဒီမိုကရေစီဆိုတာ ငြိမ်းချမ်းရေးကို အားပေးမြင့်တင်တာ ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်ဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဖယ်ဒရယ်ဒီမိုကရေစီဆိုတာ ငြိမ်းချမ်းရေးကို အားပေးမြှင့်တင်ပေးတဲ့ အရာ ဖြစ်တယ်ဆိုတာ နားလည်ဖို့လိုကြောင်း ဖရူဆိုမြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၈ မှာ အနိုင်ရခဲ့တဲ့ ကိုတူရယ်က ပြောပါတယ်။

ဒီကနေ့ ဧပြီလ ၁၅ရက်နေ့ ဖရူဆိုမြို့မှာ စစ်အာဏာစနစ်ဆန့်ကျင်တဲ့ မြို့နယ်လုံးကျွတ်သပိတ်ကို ပြုလုပ်ခဲ့ချိန် ပြောဆိုသွားတာဖြစ်ပါတယ်။

သပိတ်မှာ ကြွေးကြော်သံ လေးရပ်ထဲက ဖယ်ဒရယ်ဒီမိုကရေစီရရှိရေးနဲ့ ပတ်သက်ပြီးတော့ ဖယ်ဒရယ်ဒီမိုကရေစီဆိုတာ ငြိမ်းချမ်းရေးကို အားပေးမြှင့်တင်ပေးတဲ့ စနစ်ဖြစ်တယ်လို့ ပြောသွားတာပါ။

“ ကျနော်တို့ ပြည်နယ်ကို ကျနော်တို့ အုပ်ချုပ်ချင်တယ်။ တိုင်းရင်းသားတွေကို ဘဝရဲ့ ယဉ်ကျေးမှုတွေ ဓလေ့ထုံးတန်းတွေ ကို မြင့်တင်ပေးချင်တယ်။ ကျနောတို့ လွတ်လွတ်လပ်လပ်ဆုံး ဖြတ်ပိုင်ခွင့်ရှိရမယ်။ မရှိသေးသ၍တော့ ငြိမ်းချမ်းရေးဆိုတာ ပြောမနေနဲ့။ ငြိမ်းချမ်းရေးဆိုတာ အလှမ်းဝေးနေတဲ့ အရာတစ်ခု ဖြစ်တယ်။ ကျနောတို့ ဒီဖရူဆိုမှာ ၄၂၈ ရှိတယ်။ ၅၃၁ ရှိတယ်။ ရဲတွေရှိတယ် ထွေအုပ်တွေရှိတယ်။ သိရမှာ တစ်ခုက ဖယ်ဒရယ်ဆိုတာ ခွဲထွက်ဖို့မဟုတ်ဘူး ဖယ်ဒရယ်ဆိုတာက ငြိမ်းချမ်းရေးကို အာပေးမြင့်တင်ပေးတဲ့ အရာတစ်ခု ဖြစ်တယ်ဆိုတာ နားလည်ပေးဖို့လိုတယ်။ ဒါမှသာလျှင် ကျနောတို့ လိုချင်တဲ့ မြန်မာနိုင်ငံမှာ လိုချင်တဲ့ ငြိမ်းချမ်းမှုကို ရရှိမှာ ဖြစ်ပါတယ်။ ”

တိုင်းရင်းသားတွေ တောင်းဆိုလာတဲ့ ဖယ်ဒရယ်ဟာဆိုရင် နှစ်ပေါင်း ၇၀ ကြာမြင့်ပြီဖြစ်ကြောင်း နဲ့ ဖယ်ဒရယ် ဒီမိုကရေစီစနစ်ကို ချီတက်တဲ့နေရာမှာ လိုအပ်တဲ့ ကုန်ကြမ်းတွေကိုလည်း ရှာဖွေစုဆောင်းကြဖို့ လိုတယ်လို့ ပြောသွားပါတယ်။

ဧပြီ ၁၅ရက်နေ့ ပြုလုပ်တဲ့ ဖရူဆိုမြို့ နယ် လုံးကျွတ်သပိတ်မှာ လူထုအင်အားတစ်ထောင်နီးပါး ပါဝင်ခဲ့ကြပါတယ်။

Recent posts