spot_img
Saturday, September 30, 2023
spot_imgspot_imgspot_imgspot_img

ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ မိသားစုဝင် ၉ ဦးကို ပြန်လည်လွှတ်ပေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်(DMO-PDF) ကနေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင် ၉ ဦးကို ပြန်လည်လွှတ်ပေးလိုက်တယ်လို့ DMO-PDF က ဒီကနေ့ စက်တင်ဘာလ ၁၉ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစု ၉ ဦးကို ပြီးခဲ့တဲ့ ဇွန်လအတွင်းက မယ်စဲ့မြို့နယ်တိုက်ပွဲ အတွင်းမှာ ဖမ်းဆီးမိတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သား တစ်ဦးရဲ့ မိသားစု တစ်စု နဲ့ ရဲမိသားစု (၂)စုပါဝင်ပြီး သူတို့ဟာ ရဲစခန်းကနေ ထွက်ပြေးတိမ်းရှောင်ရင်း ကင်းလှည့်လှုပ်ရှားနေတဲ့ DMO-PDF ကနေ တွေ့ရှိပြီး ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်မိသားစုထဲက ရဲတပ်ကြပ်ကြီးရဲ့ ဇနီးကို ၎င်းရဲ့အမျိုးသား နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြည်သူတွေနဲ့ပူးပေါင်းပြီး CDM ပြုလုပ်ရန် ဇွန်လ ၁၆ ရက်နေ့ နဲ့ ၁၇ ရက်နေ့တွေ မှာ ရဲစခန်းအထိ သွားရောက်စာပို့ရန်စေခိုင်းခဲ့ပေမဲ့ ရဲစခန်းက အရာရှိဟာ ပေးစာကိုသာလက်ခံပြီး တွေ့ဆုံခွင့်မပြုခဲ့ဘူးလို့ သိရပါတယ်။

ထိန်းသိမ်းထားပြီး ၃လအကြာ စက်တင်ဘာလ ၁၈ ရက်နေ့မှာတော့ အဆိုပါ မိသားစုဝင်တွေဟာ နေရပ်ကိုပြန်လိုတယ်လို့ တောင်းဆိုလာတာကြောင့် လမ်းစရိတ် ငွေကျပ် ၅သောင်းနဲ့ လုံခြုံတဲ့နေရာကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း အဆိုပါ မိသားစုဝင် ၉ ဦးကို ခြိမ်းခြောက်ခြင်း၊ ရိုက်နှက်ခြင်း၊ နှိပ်စက်ခြင်း မပြုလုပ်ဘဲ လိုအပ်တဲ့ အစားအစာ၊ အဝတ်အထည်၊ အသုံးအဆောင်ပစ္စည်းတွေကို ပေးထားပြီး ကျန်းမာရေးစောင့်ရှောက်မှုလည်း ပြုလုပ်ပေးခဲ့တယ်လို့ ဒီမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။

Recent posts