ဖယ်ဒရယ်လား ဖက်ဒရယ်လား

  ဖယ်ဒရယ်ဆိုသည်မှာ Federal ဆိုသည့်စကားလုံးမှ မြန်မာမှုပြုထားသော စကားလုံးပင်ဖြစ်သည်။ ဒါကြောင့် ဖက်ဒရယ်ဟုခေါ်လည်း ရပေသည်။

ဖယ်ဆိုသည်မှာ ဖယ်ထုတ်သည့်သဘော ဖက်ဆိုသည်မှာ ပေါင်းဖက်သည့်အဓိပ္ပာယ်ရှိသောကြောင့် ဖက်ဒရယ်ဟုသာ ခေါ်သင့်သည်ဟု ယူဆသူများလည်း ရှိပေသည်။

သို့ရာတွင် အမည်နာမတွေထက် အမှန်တကယ်အရေးကြီးသည်မှာ လက်တွေ့ အပိုင်းပေဖြစ်သည်။

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးကတည်းက ယခုအချိန်ထိ အစိုးရမျိုးစုံ၊ မူဝါဒမျိုးစုံဖြင့် ကျင့်သုံးအုပ်ချုပ်လာခဲ့သော်လည်း ယနေ့အချိန် အထိ ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ်က မတက်လှမ်းနိုင်ခြင်း၏ အဓိကအကြောင်းအချက်များ လက်တွေ့ကျင့်သုံး အကောင်ထည်ဖော်ခြင်းအပိုင်း အလွန်တရာညံ့ဖျင်းခြင်းပေ ဖြစ်သည်။

ကျောင်းသားဘဝတုန်းက မေဂျာများခွဲရာတွင် အသုံးချပညာဆိုသည့်လိုင်းများ အသစ်ပေါ်လာချိန်၌ ဆရာများရှင်းပြသည့် အကြောင်းများကို ခုထိမှတ်မိနေပေသည်။

“ပညာတွေဘယ်လောက်တတ်တတ်၊ ဘွဲ့တွေဘယ်လောက်ရရ လက်တွေ့အသုံးမချနိုင်ရင် အလကားပဲ ကွ ဒါကြောင့် ကိုယ့်သိ ကိုယ်တတ်တာတွေကို လက်တွေ့အသုံးချနိုင်ဖို့သာ အရေးကြီးသကွ” ဆိုပြီး အသုံးချ ဘောဂဗေဒ လိုင်းသစ်များကို ကြော်ညာဝင် သွားသော ဆရာဒေါက်တာမောင်မောင်စိုး၏ စကားသံများကို အခုထိကြားယောင်နေဆဲပင် ဖြစ်ပါသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း ဖယ်ဒရယ်စနစ်ကို ၂၀၀၈အခြေခံဥပဒေအရ ၂၀၁ဝတွင် စတင်ကျင့်သုံး အကောင်အထည်ဖော်ခဲ့သည်မှာ   ၆ နှစ်ကျော်ကာလထဲသို့ပင် ရောက်ရှိနေပြီးဖြစ်ပါသည်။

သို့ရာတွင် စနစ်တို့၏ သဘောသဘာဝအတိုင်း အားနည်းချက်၊ အားသာချက်များရှိမည်မှာ ဖြစ်ပြီး ထိုကဲ့သို့ကြုံတွေ့ရတော့ အတွေ့အကြုံ များအပေါ်မူတည်၍ တစ်နှစ်ပြီးတစ်နှစ် ပြန်လည်သုံးသပ်ပြုပြင်တည်ဆောက်သွားဖို့သာ အရေးကြီးပေလိမ့်မည်။

စကတည်းက ချမှတ်ပေးလိုက်သော မူဝါဒများပေါ်တွင် ဒေသအခြေအနေ၊ အချိန်အခါ၊ ခေတ်စနစ်နှင့် ကိုက်ညီခြင်းမရှိသည်များကို ပြန်လည်ဝေဖန်သုံးသပ်ပြုပြင်နိုင်မှသာလျှင် ဖက်ဒရယ်စနစ်၏ ကောင်းကျိုးများကိုသာ ခံစားနိုင်ပေလိမ့်မည်။

ဤသို့မဟုတ်ဘဲ ဗဟိုမှစတင်ချမှတ်ပေးလိုက်သည့် မူဝါဒများကို ပြန်လည်ဝေဖန်သုံးသပ်ခြင်းမရှိဘဲ တစ်နှစ်ပြီးတစ်နှစ် မျက်စိမှိတ် လိုက်နာကျင့်သုံးနေခြင်းမျိုးသည် ဖက်ဒရယ်စနစ်အတွက် ဆိုးကျိုးများကိုသာ ရရှိနိုင်ပေလိမ့်မည်။

အစိုးရသစ်အနေဖြင့်လည်း ဗဟိုချုပ်ကိုင်မှုအားကောင်းသော အာဏာရှင်ပုံစံအုပ်ချုပ်ရေးစနစ်မှ ဖက်ဒရယ်စနစ်သို့ ကူးပြောင်းရာတွင် အခက်အခဲ အတားအဆီးများစွာ ကြုံတွေ့နေရပါလိမ့်မည်။

ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များအကြား ချိတ်ဆက်ဆောင်ရွက်မှုများအားနည်းစေကုန်သည့် အထိ ဖက်ဒရယ်ဆိုသည်မှာ အင်မတန်မှ သတိကြီးစွာထား အကောင်အထည်ဖော်ရသောစနစ်တစ်ခုပင်ဖြစ်ပေ သည်။

ဤနေရာတွင် ဖက်ဒရယ်ဆိုသည့် ဗဟိုချုပ်ကိုင်မှုလျော့ရေးကို အားမပေးသည့် ဗျူရိုကရက်များ၏ ပညာပြမှုများကို မလွဲမသွေ ကြုံတွေ့ရ သလို အစိုးရသစ်အနေဖြင့်လည်း ပါးပါးနပ်နပ်ကိုင်တွယ်နိုင်ရပေလိမ့် မည်။

ဗဟိုချုပ်ကိုင်မှု လျော့ချခြင်းသည်လည်း စွမ်းဆောင်ရည်နိမ့်ပါးသော အချို့ဒေသ အစိုးရများအတွက်မူ ဆိုးကျိုးများလည်း ဖြစ်စေနိုင်ပေ သည်။

ဒေသအစိုးရများ၏ လုပ်ပိုင်ခွင့်ဖြစ်သော ဇယား(၅)ပါ အခွန်အခများနှင့်ပတ်သက်၍ စိတ်ဝင်စားနားလည်သော သူများမရှိခြင်း၊ အခွန်ကောက်ခံသူများအပေါ် စိတ်ဝင်စားမှုမရှိခြင်း စသောအချက်များကြောင်း ဖက်ဒရယ်အစိုးရများ၏ ဒေသတွင်း ရငွေကို ကြီးမာစွာထိခိုက်ပြီး ပြည်ထောင်စုအနေဖြင့်များစွာ နစ်နာဆုံးရှုံးရမည်ဖြစ်ပါသည်။

ဒေသအတွင်း စီမံကိန်းများ ဘတ်ဂျက်များနှင့် ပတ်သက်၍လည်း လေလွင့်ဆုံးရှုံးမှုများစွာဖြစ်နိုင်သောကြောင့် ဖက်ဒရယ်စနစ်ကို လက်တွေ့အကောင်အထည်ဖော်ရာတွင် သတိကြီးစွာထားရပေမည်။

ဖက်ဒရယ်စနစ် အောင်မြင်ရန်အတွက် ချမှတ်ထားသောဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို အလေးထားလိုက်နာကျင့် သုံးနိုင်မှုသည် အရာအကျဆုံးအချက်ပင်ဖြစ်ပေသည်။

ပြည်ထောင်စုအနေဖြင့် ဒေသများစွာကို လိုက်နာကြည့်ရှုထိန်းကြောင်းဖို့မဖြစ်နိုင်သော စည်းကမ်းဥပဒေများဖြင့်သာ ဖက်ဒရယ်ကို ထိ်န်းကြောင်းမောင်းနှင်တည်ဆောက်ရပေလိမ့်မည်။

သို့ရာတွင် လူများကချမှတ်ထားသည့် စည်းကမ်းဥပဒေများသာဖြစ်သောကြောင့် ခေတ်ကာကအခြေအနေ၊ အချိန်အခါနှင့် မကိုက်ညီ တော့သည့်အခါများတွင်တော့ ပြုပြင်ပြောင်းလဲဖို့ လိုအပ်ပေလိမ့်မည်။

စည်းကမ်းဥပဒေများကို လူအများက မလေးစားမလိုက်နိုင်ခြင်းမှာ ခေတ်ကာကလနှင့်လိုက်လျောညီထွေမှုမရှိခြင်း၊ လက်တွေ့ ကျင့်သုံးရာတွင် အဆင်မပြေခြင်းနှင့် စည်းကမ်းဖောက်ဖျက်မှုများကို အရေးယူအပြစ်ပေးမှုမရှိခြင်း တို့သာ ဖြစ်သောကြောင့် မြန်မာပြည်၏ဖက်ဒရယ်ဒီမိုကရေစီစနစ် အောင်မြင်ရန်အတွက် ဖယ်ဒရယ်လား (သို့) ဖက်ဒရယ်လားဆိုသည့် စကားလုံးအသုံးအနှုန်းမှာ အရေးမကြီးပဲ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ခြင်းသည်သာလျှင် အဓိကဖြစ်ပါကြောင်း မီးမောင်းထိုးရေးသားတင်ပြလိုက်ရပေသည်။

ကျော်စိုးသူ
Economic Development

Comments

comments

Next Post

 ဆန္ဒပြပွဲများ ဘာကြောင့်များလာခဲ့ရသလဲ

Mon May 15 , 2017
မူအက်စတာ အန်အယ်လ်ဒီအစိုးရအဖွဲ့ အာဏာလွဲပြောင်းရယူခဲ့သည်မှာ ၂၀၁၆ ခုနှစ် ဧပြီလမှ ၂၀၁ရ ဧပြီလအထိမှာ ၁ နှစ်ပြည့်ခဲ့ချေပြီ။  ကယား(ကရင်နီ)ပြည်နယ်တွင် အန်အယ်လ်ဒီအစိုးရ တက်လာပြီးနောက် အကြောင်းအရာများအပေါ် အခြေခံကာဆန္ဒပြတောင်းဆိုမှုများ အများအပြားဖြစ်လာခဲ့သည်။ အဘယ်ကြောင့် ဆန္ဒပြမှုများ နေ့စဉ်နှင့်အမျှ များပြားလာခဲ့ရသလဲဆိုတာ ။ ပြန်ကြည့်လိုက်မည်ဆိုလျှင် ပြည်သူများအပေါ် အစိုးရများ၏ လျစ်လျူရှုမှုများလာခြင်းများ၊ ပြည်သူများ၏ ဆန္ဒများကို စိတ်ပါဝင်စားမှုများလာခြင်းတို့ကြောင့်သာ ဖြစ်ပါသည်။ ပြည်သူများသည် ၎င်းတို့ ကိုယ်တိုင်ရွေးချယ်တင်မြှောက်ထားသည့် ကိုယ်စားလှယ်များကို ၎င်းတို့အစား ပြုလုပ်ပေးနိုင်ရန်အတွက် တိုက်တွန်းခြင်းများသာ ဖြစ်ပေသည်။ ပြည်နယ်အစိုးရများ၊ လွှတ်တော်ကိုယ်စားလှယ်များကို  ပြည်သူများက တစ်နည်းနည်း တစ်ဖုံဖုံ တိုက်တွန်းနေကြတော့သည်။ အန်အယ်လ်ဒီအစိုးရ၏ တာဝန်ယူထမ်းဆောင်နေသည့် တစ်နှစ်တာအတွင်း ပြည်သူများ ဆန္ဒပြမှုများ (၁၁)ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့သည်။ […]