spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖယ်ခုံတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ၁၉ ဦးသေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များမှ ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဖက်မှ ၁၉ ဦးသေဆုံးခဲ့ပြီး ထိခိုက်မှုအများအပြားရှိတယ်လို့ သိရပါတယ်။

“အမှန်တိုင်းပြောရလို့ရှိရင်တော့ အစ်မတို့ ဇွန်လပေါ့နော် ။ ဇွန်လ ၁၅/၁၆ ကနေပြီးတော့မှ မနေ့က အထိပေါ့နော်။ မနေ့က ဇူလိုင် ၁၃ ရက်နေ့ အထိဆိုလို့ရှိရင် အစ်မတို့လှုပ်ရှားမှုက အားလုံးစုစုပေါင်း ၁၃ ကြိမ်ပေါ့နော်။ အဲ့ဒီလှုပ်ရှားမှု ၁၃ ကြိမ်ရှိတဲ့အထဲမှာ ရန်သူတွေရဲ့ ကျဆုံးမှု အတိအကျပေါ့နော်။ အတိအကျကတော့ အားလုံး ၁၉ ဦးလောက်ရှိတယ်။ အတိအကျလို့ အစ်မတို့ပြောတဲ့နေရာမှာ အစ်မတို့ရဲ့ မျက်မြင်ကိုယ်တွေ့လို့ပဲ ပြောလို့ရတာပေါ့နော်။ အတိအကျ ရန်သူတွေရဲ့ ကျဆုံးမှုအားလုံးပေါင်းက ၁၉ ဦးရှိတယ်လို့သိရတယ်။ ထိခိုက် ဒဏ်ရာရတဲ့ အပိုင်းတွေလည်း အစ်မတို့ တွေ့ရပါတယ်။”လို့ ဖယ်ခုံ PDF သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တော်လှန်ရေးပူး‌ပေါင်းတပ်များမှ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

“အစ်မတို့ အကြမ်းဖက်စစ်ကောင်စီထံကနေ သိမ်းစီးရတဲ့လက်နက်တွေကတော့ MG 3 ငါးကြင်းမှီး (1) လက်၊ MA 3 (1) လက်၊ တင့်ဖျက်မှိုင်း နဲ့ ကျည် ခဲယမ်းတွေ ရရှိခဲ့တယ်။ အစ်မတို့ဖက်ကတော့ အခုလောလောဆယ်ကတော့ အခြားဆုံးရှုံးမှုတွေကတော့ မရှိဘူးပေါ့နော်။ အဲ့လိုတော့ ပြောလို့ရတာပေါ့ ။ ဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့ အစ်မတို့ ထိခိုက်ဒဏ်ရာရတာက လူတော့ ထိခိုက်ဒဏ်ရာရတာပေါ့နော်။ဒါပေမဲ့ အခြားတော့ထိခိုက်နစ်နာ‌ဆုံးရှုံးမှုအပိုင်းတွေကတော့ အစ်မတို့ဖက်ကနေပြီး မရှိဘူးပေါ့နော်။ ဒါပေမဲ့ ဒီရန်သူဖက်ကနေပြီးအစ်မတို့ လက်နက်သိမ်းဆည်းရမိတယ်လို့ ပဲပြောရမှာပေါ့နော်”လို့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူက ဆက်ပြောပါတယ်။

ဖယ်ခုံ PDF နှင့်အတူ KRU, SSDF (ရှမ်းတောင် ဒရုန်း တပ်ဖွဲ့) , LKPDF နဲ့ ရှမ်းတောင်တပ်ပေါင်းစု အဖွဲ့ [1003, 1005, 1008, 1009 – IPDF, SSLRU, NPT (ပ က ဖ)] စတဲ့ တပ်ရင်းများပါဝင်တယ်လို့ ဆိုပါတယ်။

တပ်စွဲကင်းထိုင်ထားတဲ့ စစ်ကောင်စီတပ်တွေကို ဖယ်ခုံ PDF – 1002 တပ်ရင်း နဲ့ ထိတွေ့ တိုက်ခိုက်မှုပေါင်း (၁၃) ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖယ်ခုံတိုက်ပွဲအတွင်းမှာ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRUမှ တပ်ဖွဲ့ဝင်သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ KRU က ဒီကနေ့ ဇူလိုင်လ ၁၄ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဓတ်ပုံ – KRU
spot_img
spot_img

Recent posts