spot_imgspot_imgspot_imgspot_img
Wednesday, February 19, 2025
spot_imgspot_imgspot_imgspot_img

ဖယ်ခုံဘက်ကို ထပ်ဆင့်စစ်ရှောင်နေရတဲ့ မိုးဗြဲစစ်ရှောင်တွေ အိမ်ငှားခ မတတ်နိုင်တာကြောင့် အခက်ကြုံနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ အောက်တိုဘာလ ဒုတိယပတ်ကစပြီး မိုးဗြဲရေကာတာကနေ ရေဖောက်ချတာကြောင့် လယ်ကွင်းအနီးအနားမှာ စစ်ရှောင်နေကြတဲ့ မိုးဗြဲစစ်ရှောင်တွေဟာ ဖယ်ခုံဘက်ကို ထပ်ဆင့်စစ်ရှောင်နေရပြီး အိမ်ငှားဖို့ ငွေကြေး မတတ်နိုင်ကြတာကြောင့် အခက်ကြုံနေရတယ်လို့ မိုးဗြဲ ဒေသခံတွေဆီကနေ သိရပါတယ်။

“ဒီမှာက တော်တော်များများကလေ တချို့ကလည်း နကိုယ်ကတည်းက ဒီဖက်မှာလည်း အလုပ်အကိုင်မရှိကြဘူးပေါ့နော်။ စိုက်ပျိုးရေးလည်းမလုပ်နိုင်ဘူး။ ဒါပေမဲ့ သူတို့ ရွှေ့ပြောင်းရတယ်ဆိုတဲ့ အခြေအနေမှာတော့ အခက်ခဲတွေတော့ ရှိတာပေါ့။ ဒါပေမဲ့လည်း သူတို့ချေးပြီးတော့မှပေါ့နော်။ ဆွေမျိုးသားချင်းနား သူတို့ဆွေမျိုးတွေဆီ ချေးပြီးတော့ ငှားရတဲ့ အခြေအနေမှာလည်း ကြားရတယ်ပေါ့နော်။”လို့ မိုးဗြဲဒေသခံ တစ်ဦးက ပြောပါတယ်။

အိမ်ငှားခအနေနဲ့ ကျပ် ငွေ ၃သောင်းကနေ ၅သောင်းဝန်းကျင်အထိ ရှိနေတယ်လို့ သိရပါတယ်။
ဖယ်ခုံမြို့ပေါ်ကို စစ်ရှောင်နေကြတဲ့ မိုးဗြဲစစ်ရှောင်ဦးရေကို အတိအကျ မသိရပေမဲ့ တချို့ကတော့ ဖယ်ခုံဒေသခံတွေရဲ့ နေအိမ်ကို ငှားရမ်းနေထိုင်တာရှိသလို ဘာသာရေး အဆောက်အဦးတွေမှာ လာရောက် ခိုလှုံနေရသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

“များတယ် စစ်ဘေးရှောင်လည်းများတယ်။ အခုက မိုးဗြဲတွေ လယ်ယာရေတွေ ထပ်တက်ခါကြတော့ စစ်ဘေးရှောင်တွေ အိမ်လာငှား၊ အိမ်လာတောင်းငှားချင်နေတဲ့ သူလည်း အများကြီးရှိတယ်”လို့ ဖယ်ခုံဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ထပ်ဆင့်စစ်ရှောင်များနေတာကြောင့် ဘာသာရေးအဆောက်အဦးတွေမှာ နေရာမလုံလောက်မှုတွေ ရှိနေတယ်လို့လည်း ဖယ်ခုံဒေသခံတစ်ဦးက ပြောပါတယ်။

မိုးဗြဲရေကာတာ ရေဖောက်ချမှုကြောင့် ဖယ်ခုံနဲ့ မိုးဗြဲမှာ လယ်ဧက ထောင်နဲ့ချီ ရေမြှုပ်သွားသလို စစ်ရှောင် ၈၀၀ ကျော်လည်း ထပ်ဆင့်တိမ်းရှောင်ခဲ့ရတာပါ။ လက်ရှိမှာလည်း ၎င်းတို့အတွက် နေရာထိုင်ခင်း အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ငွေကြေးတတ်နိုင်တဲ့ စစ်ရှောင်တွေကတော့ လွိုင်ကော်၊ ဖယ်ခုံ၊ တောင်ကြီးမြို့ စတဲ့နေရာတွေမှာ သွားရောက်နေထိုင်ကြတာရှိပေမဲ့ ငွေကြေးမတတ်နိုင်သူတွေကတော့ လတ်တလော နေရာထိုင်ခင်းရရှိဖို့အတွက် ငှားရမ်းနေရတာဖြစ်ပြီး တစ်ဖက်မှာလည်း အခက်အခဲဖြစ်နေကြတယ်လို့ ပြောကြပါတယ်။

spot_img
spot_img
spot_img

Recent posts