spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖယ်ခုံမြို့နယ်က စစ်ဘေးဒုက္ခသည်တချို့ရဲ့ စားဝတ်နေရေးအခက်အခဲအပေါ် ပြောစကား

 

စစ်ရှောင် တစ်နှစ်ကျော်ကြာကာလအတွင်း ဖယ်ခုံမြို့နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေဟာဆိုရင် အလှူရှင်တွေကို အဓိကမှီခိုနေရပေမယ့် စားဝတ်နေရေးအတွက် တနိုင်တပိုင် ဖြေရှင်းနေကြတဲ့ အခြေအနေ နဲ့ ပတ်သက်ပြီး စစ်ဘေးဒုက္ခသည်တချို့ရဲ့ ပြောဆိုချက်ကို သွားရောက်မေးမြန်းတင်ဆက်ထားတာဖြစ်ပါတယ်။

စစ်ရှောင်အမျိုးသမီး တစ်ဦး

“ ရွာမှာတော့ အိမ်မရှိတော့ဘူး။ အိမ်လောင်ကုန်ပြီလေ။ ဒီမှာလာနေတာ ဒေသခံတွေ တောင်ယာပေးလုပ်တယ်လေ။ တောင်ယာစပါးနည်းနည်းလုပ်တာ ကြွက်နဲ့ ငှက်အကုန်စားတယ်လေ။ စပါး ၅ အိတ်ပဲ ပြန်ရတယ်။ စပါးမရတော့ မလောက်ဘူးပေါ့။ အလှူရှင်တော့ ရှိပါတယ်။ ဒါပေမယ့် မလောက်ဘူးပေါ့။ စပါးစိုက်တဲ့အခါကျတော့ အလှူရှင်ပေးတာ ကုန်ရင် ကြိတ်စားဖိုပေါ့။ တစ်လ၊ နှစ်လ စားစာပဲရှိပါတယ်။ ဒီရွာက ကောင်းပါတယ်။ ကျမတို့ကို သစ်တွေ၊ ဝါးတွေ ခုတ်ခွင့်ပြုတယ်၊ ကျမတဲကိုလည်း ဆောက်ပေးတယ်။ ဒီရွာက ကျမတိုကို အများကြီး ကူညီပါတယ်။ တောင်ယာတို၊ လယ်တိုလည်း ပေးလုပ်တယ်လေ။ ကျမတို လုပ်ခွင့်ရပေမယ့် မစားရဘူး။ ကျမဟာက ၆ အိတ်ရတယ်လေ။ နှစ်လ စာပဲပေါ့။ တစ်လကို ၃ အိတ် ကုန်တယ်လေ။ နောက်တစ်နှစ်ကျရင်လည်း ဆက်နေရအုံးမယ်ဆိုရင် တောင်ယာဆက်လုပ်ခွင့်ပြုအုံးမယ်ဆိုရင် ကျမတို ဆက်လုပ်အုံးမှာ၊ ကျမအစီအစဥ် အဲ့လိုရှိပါတယ်။ “

စစ်ဘေးဒုက္ခသည်အမျိုးသမီးတစ်ဦး

“ ဆန်တွေတော့ပို့တယ် ဆန်တွေတော့ လုံတော့မလုံလောက်ဘူးပေါ့နော် ဒါပေမယ့် ကိုယ့်ဟာနည်းနည်းပါးပါး ရှိသေးတော့ ကြိတ်စား။ နောက်ပြီးတခါတလေ သူများအငှားလိုတာရှိရင် လိုက်တယ် အဲလိုပေါ့နော် ဒီရွာက မဟုတ်ရင်လည်း တစ်ခြားရွာကပေါ့နော်။ ရရာအလုပ်ပေါ့နော် ရရာအလုပ်ကို လုပ်တယ်။ လုံတော့ မလုံလောက်ဘူးလေ ဘာဖြစ်လို့လဲဆိုတော့ လူအများကြီးပေါ့နော် စစ်ဘေးရှောင်တွေက အများကြီးပေါ့နော် ဒါကြောင့်မို့လို့ အလှူရှင်လည်း ကျေးဇူးတင်ပါတယ် ဒါပေမယ့် မလောက်ဘူးပေါ့နော် အစစအရာရာ ဆား၊ ဟင်းချိုမှုန့်က အစ ဆီးဆားက အစ မလုံလောက်ဘူး။ တောင်ယာတွေ လိုက်ရတာပေါ့နော်။ ငရုတ်သီးခူးတို့ ငရုတ်သီးပေါင်းလိုက်တို့ စပါးပေါင်းလိုက်တာတို့ ပေါ့နော်။ ဒါပေမယ့် ကျမတို့က ဟိုးဖက်မှာနေတာဆိုတော့ တောင်မတက်နိုင်ဘူးပေါ့။ တက်တာ တအားမောတယ် ဒါပေမယ့် ကြိုးစားတက်တယ်။ ဘာဖြစ်လဲဆိုတော့ ကိုယ့်ရဲ့ဝမ်းရေးအတွက် စားဖို့လိုတယ်ကော။ ကြိုးစားပြီးလုပ်တယ်။ ဟိုဖက်မှာနေတော့ လယ်တွေပဲ လုပ်တယ်ပေါ့နော်။ လုပ်တော့လုပ်တယ် ဒါပေမယ့် ဒီလိုမျိုး တောင်တက်တောင်ဆင်းတော့ မဟုတ်ဘူးပေါ့နော်။ ဒီမှာက လမ်းပန်းဆက်သွယ်ရေးက ပိုမိုခက်ခဲတာပေါ့။ ကျွတ်ကောင်တွေက အစ ကြောက်ရတာပေါ့။ လမ်းလည်းချော် တယ်ပေါ့။ ဟိုဖက်ကျတော့ နီးခါကျတော့ ဆယ်ကယ်နဲ့ သွားလာတယ်။ စပါးလည်း အများကြီးစိုက်တယ်။ စက်နဲ့ပဲစိုက်တာပေါ့နော်။ စပါးဆို မရိတ်လိုဘူး စက်နဲ့ပဲရိတ် တယ်ကော။ ဒီမှာက လက်နဲ့ပဲရိတ်တယ် နောက်ပြီးတော့ ပေါက်ပြားသေးသေးလေးတွေ ကိုင်ပြီး တောင်တွေတက်ရတယ်ပေါ့နော်။ တအားပင်ပန်းတယ်။ ဒါပေမယ့် ကြိုးစားပြီး လုပ်တယ်။ ဘာဖြစ်လဲဆိုတော့ ကိုယ့်မှာ ဝင်ငွေဘာမှ မရှိဘူး ။ သူးများထောက်ပံ့ဆို လည်း မလောက်ဘူး။ မလုပ်မှီဘူး ကျမက ဟိုသွားဒီသွားနဲ့ မလုပ်မှီဘူး။ စိုက်လည်းဘာမှ မစိုက်လိုက်ရဘူး။ သူများနဲ့လိုက်ရတော့ သူများပေးစားတာပဲ။ ဖရုံသီးတွေ၊ သခွားသီးတွေ၊ ငရုတ်သီးတွေပေါ့ သူများကျွေးတာပဲစားတယ်။ ဒေသခံတွေက သူတိုက စပါးတွေအများကြီးစိုက်တဲ့သူတွေပေါ့နော်။ ငရုတ်ခင်းတွေ အများကြီးစိုက်တဲ့သူတွေပေါ့ ပြီးလို့ရှိရင် အလုပ်မရှိရင်လာခဲ့လို့ပြောတယ် ကျမတို့လည်း ကြိုးစားပြီး လိုက်တယ် ဒါပေမယ့် မတူဘူးပေါ့နော် ဒီမှာက တောင်တက် တောင်ဆင်း တအားတော့ ပင်ပန်းတယ်။ ဒါပေမယ့်သွားတယ် အလုပ်ရှိရင် ရှိသလို လိုက်တယ် ကျရာ ကျပန်းလုပ်တယ်။ ဘာဖြစ်လဲဆို ကိုယ်က အလုပ်လက်မဲ့ဖြစ်နေလို့ နောက်နှစ်ဆိုတော့ သူများတောင်ယာစိုက်ခင်း ပိုလျှံတဲ့သူရှိခဲ့ရင် လုပ်ဖို့တော့ စိတ်ကူးရှိတယ်။ တကယ်လည်း လုပ်မှာ ဘာဖြစ်လဲဆိုရင် ကိုယ်က အလုပ်လက်မဲ့နေတော့ ကိုယ့်တောင်ယာကိုယ့်ဒေသ မဟုတ်ရင်တော့ သူများကိုတော့ တောင်းရမှာပေါ့။ တကယ်ပေးလုပ်တဲ့သူရှိရင် လုပ်ကိုလုပ်မှာ ။ အလှူရှင်တွေ မလာတဲ့အခါကျရင်တော့ ဝေငှပြီး အတူတူစားကြတာပေါ့။ သူ့ဟာမရှိလည်း ကိုယ်ဟာ ယူစားကြ ကျမ ကုန်ရင်လည်း သူတို့ဟာ ယူစား ကျွေးကြတာပေါ့နော်။ “

စစ်ဘေးရှောင် အမျိုးသားတစ်ဦး

“ အလှူရှင်ကျတော့ ရှိတော့ ရှိပါတယ် ဒါပေမယ့်လောက်လည်း မဟုတ်ဘူးပေါ့နော် ။ လောက်လည်း မဟုတ် မလောက်လည်း မဟုတ် နဲနဲပါးပါးတော့ အလှူရှင်တော့ ရှိပါတယ်။ဒါပေမယ့် ကောင်းကောင်း မလောက်ဘူးပေါ့။ အေးပေါ့ ဒီနေရာဆို ဒေသခံလည်း လယ်တွေယာတွေ နည်းနည်းပါးပါးတော့ လုပ်ခိုင်းတာရှိတာပေါ့နော်။ လုပ်တာပေါ့ ကျနော်တို့လုပ်လည်း တအားရလည်း မဟုတ်ဘူး။ ကြွတ်တွေ ငှက်တွေလည်း အကုန်ဖျက် နည်းနည်းပါးပါးပဲရတယ်။ တစ်လဆိုလည်း တစ်လစာပေါ့ ။ နှစ်လဆိုလည်း နှစ်လစာ သက်သာတာပေါ့။ ဧကဝက်တောင် မရှိဘူး လုပ်တာ အမျိုး ဗုံးတစ်ဝက်လောက်ပဲရှိတယ်။ အဲဒါပဲ စိုက်ရတာကို သုံးလေးအိတ် လောက်ပဲ ရတာပေါ့။ သူများ အလှူရှင်တွေ လာလှူတာတွေကို မလောက်လည်း ကိုယ်လုပ်ထားတဲ့ နည်းနည်းပါးပါးက အဲဒါကို တစ်ရက်ဆိုလည်း တစ်ရက်စာပေါ့ နှစ်ရက်ဆိုလည်း နှစ်ရက်စာ သက်သာမလားလို့ အဲဒါကိုစိုးရိမ်တာ။ အကယ်၍ သူများ အလှူရှင်မနိုင်ဘူး အခက်အခဲလည်းရှိအုံးမှာပါ။ဟုတ်ပါတယ်။ လာမယ့်နောက်နှစ်ဆို ဒီပုံစံပဲ ဆက်နေမယ်ဆိုလည်း လာမယ့် နောက်နှစ်တွေ များများဆက်လုပ်မလားလို့ စိတ်ကူးထားတာပေါ့နော်။ ဒါမှ သူများပေးလုပ်ရင်ပေါ့ သူများမြေကွက်တွေဘာတွေ ခြံကွက်တွေ ပေးလုပ်ရင်ပေါ့။ ဒါနဲ့ နောက်နှစ်အတွက် ဆက်လုပ်ဖို့ စိတ်ကူးထားတယ်။ မငတ်ရဘူးပေါ့။ ပြောပြရမယ်ဆို သူတို့စစ်ရှောင်နေတဲ့ကာလပေါ့နော် အကယ်၍ ရွာပြန်လို့လည်း မရ။ လယ်လုပ်လို့လည်းမရ ဒီနေရာသူများ ရွာသားတွေဘာတွေ အိမ်ရှင်ရွာသားတွေ ပေးလုပ်မယ်ဆိုရင် အားအားမနေနဲ့ အလုပ်ကြိုးစားဖို့ သင့်တယ်ပေါ့။ ဒါပဲပြောပြရမှာပေါ့။ “

စစ်ဘေးရှောင် အမျိုးသမီးတစ်ဦး

“ ပံ့ပိုးတဲ့ အလှူရှင်တွေတော့လာတယ် ဒါပေမယ့် ဟိုမလောက်တလောက်ဖြစ်နေတော့ ဆန်နဲ့ ဟို ကုန်ခြောက်တွေက တခါမှ သိပ်မလာဖြစ်ဘူး အဲလိုမျိုး လာခိုင်းစေချင်တာပေါ့နော်။ ကျမတို့ဖက်မှာလည်း ပံ့ပိုးပေးပါလို့လဲ မေတ္တာရပ်ခံပါတယ်။ ဒီရွာက တောင်ယာနည်းနည်းပါးပါးပေးလုပ်တယ်ပေါ့နော်။ ကျမတို့ စပါး အရင်စိုက်ထားတယ် နောက် ဟင်းသီးအတွက်နည်းနည်းပါးပါးပေါ့နော်။ သခွားသီးရယ် ဖရုံသီးရယ် နည်းနည်းပါးပါးတော့ရထားတယ်။ ဒီဟာမရှိရင် ပိုပြီးတောင် ခက်ခဲမယ်လို့ ကျမတို့အတွက်ပေါ့နော်။ အခုခါကျ နည်းနည်းစားရ နည်းနည်းဖူလုံရတယ်ပေါ့နော်။ ဒါပေမယ့် လုံလုံလောက်လောက်တော့ မရှိပါဘူး ကြွက်တွေတအားဖျက်တယ် ဒီဖက်ဆို ငှက်တွေ တအားများတော့ ။ တစ်လနှစ်လ‌ ဆိုရင်လောက်မှာပေါ့ ဒီလောက်ပဲ နောက်ဟင်းက နှစ်က သုံးလအတွက်တော့ နည်းနည်းပါးပါးတော့ ရတာပေါ့။ စပါးက ဘာလဲ သခွားသီးပင်ပိုများကျတော့လဲ စပါးပင်ဖျက်သွားတယ်လေနော်။ ဖရုံသီးပင်တွေ များသွာတော့ စပါးပင် နည်းနည်းပဲရတော့တယ်။စပါး တစ်အိတ် စပါး နှစ်အိတ် သုံးအိတ်လောက်ပဲရတယ်။ သခွားသီးကနည်းနည်း တစ်လနှစ်လစာရတာပေါ့ ။ သခွားသီးက တောင်ယားခင်းလုပ်ရတာ ဟင်းအတွက်ပိုပြီး ဦးစာပေးရတာ အဲလိုမျိုးလည်းပြောလို့ရတာပေါ့လေနော်။ အထောက်အကူဖြစ်တော့ အဲဒီဟင်းအတွက်ပေါ့ ရှာစားဝယ်စားဆိုလည်း ကျမတို့အတွက် ပိုက်ဆံလည်း မရှိဘူး ကိုယ့်ကိုယ်စိုက်တဲ့ အဲဟာပဲစားရတာပေါ့ အထောက်အကူတာက စပါးလည်း နည်းနည်းပါးပါးအထောက်အကူပေါ့ တစ်နပ်နှစ်နပ်စာ ဖြစ်နိုင်ရင်လည်း အဲမျိုးပဲ ယုံကြည်ထားတယ်ပေါ့။ ထပ်ပြီးလုပ်ရင်လည်းကျမတို့ ထပ်ပြီး လုပ်မယ်လို့ အဲလိုမျိုးမှန်းထားတယ်ပေါ့။ ကျမတို့ သူတို့ပေးတဲ့ တောင်ယာဝေးရင်လည်း ကျမတို့ သိပ်မတက်နိုင်ဘူး ဘာဖြစ်လဲဆိုရင်တော့ ကျမတို့က မြေပြန့်နဲ့ပဲ လုပ်နိုင်တယ်။ နီးနီးနားနားမှာပဲ လုပ်နိုင်တယ်။ သူတို့ပေးရင်လည်း ကျမတို့ ထပ်လုပ်ချင်သေးတယ်။ အကူအညီကျတော့ ကျမတို့မှာ လယ်၊ တောင်ယာတွေ လုပ်ရင်လည်း အမျိုးလည်းကုန်တယ် လုပ်အားလည်းကုန်တယ် ပိုက်ဆံ နည်းနည်းပါးပါး အရင်းလည်း လိုချင်တယ် မြေဩဇာတွေလိုတယ်။ အဲလိုမျိုးပေါ့။ လိုအပ်တယ်လေ။ ပြောပြရမယ့် စစ်ဘေးရှောင်ကျတော့ လယ်သာပေးလုပ်ရင်လည်း သူတို့လုပ်နိုင်ရင်လုပ်ပါလို့ အဲလိုမျိုးပြောချင်တယ်ပေါ့။ “

စစ်ဘေးရှောင် အမျိုးသမီးတစ်ဦး

“ ဆန်ကတော့ လုံလောက်တာတော့မရှိဘူး။ ကျမတို မငတ်ရုံလောက်ပဲပေါ့။ တောင်ယာနည်းနည်းတော့လုပ်တယ်။ စပါးနည်းနည်းပေါ့။ ငှက်တွေ၊ ကြွက် တအားဖျက်တယ်လေ။ တစ်အိတ်၊ နှစ်အိတ်ပဲရတယ်။ ဒေသခံတွေကတော့ နင်တို့တောင်ယာလုပ်ချင်လုပ်လေ၊ လုပ်မယ့်နေရာပြပေးမယ် အဲ့လိုအားပေးပါတယ်။ ဧကဝက်လောက်ပဲ လုပ်ထားတယ်။ တစ်ပုံးမျိုးလောက်ပေါ့။ သိပ်လည်း မပေါက်ကောင်းဘူးလေ။ ပြီးတော့ သခွားပင်တွေ၊ ဖရုံပင်တွေ ဖုံးတဲ့အခါကျတော့ စပါးပင်ပျက်တာပေါ့နော်။ နည်းနည်းပါးပါးပဲ ကျန်တာ။ ကြွက်ဖျက်၊ ငှက်ဖျက်တာက တစ်ဖက်ပေါ့။ စပါးနှစ်အိတ်ဆိုတော့ ကြိတ်လိုက်ရင် ဆန်တစ်အိတ်ပြန်ရမှာပေါ့နော်။ ဒါပေမယ့် ကျမတို မိသားစု နှစ်စုနေကြတယ်ဆိုတော့ ၁၂ ယောက်ပေါ့၊ မိသားစုတစုကို ၆ ယောက်ဆိုတော့ တစ်လတောင် လောက်လား၊ မလောက်ဘူးလားမသိဘူး။ တစ်လလောက်တော့ ခန့်မှန်းတာပဲ။ ဆက်ပြီးပြန်လိုမရသေးပဲနဲ့ ကြာအုံးမယ်ဆိုရင်တော့ နည်းနည်းပါးပါးတော့ လုပ်ရမှာပေါ့။ အများကြီးဆိုလည်း မလုပ်နိုင်ဘူးလေ၊ အရင်းမရှိဘူးကော။ ကျမတို မငတ်ဖို့အတွက် တောင်ယာစပါးလုပ်မယ်ဆိုရင်လည်း စပါးအ မျိုးတို့၊ ပိုးသတ်ဆေးတို့၊ ပေါင်းသတ်ဆေးတို့၊ မြေသြဇာတို့ လိုတာပေါ့နော်။ “

spot_img
spot_img