spot_img
Monday, March 27, 2023
spot_img

ဖယ်ခုံမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီဘက် အရာရှိအပါအဝင် ၁၉ ဦးသေဆုံး၊ သုံ့ပန်း၆ ဦးဖမ်းဆီးရမိ

spot_imgspot_imgspot_imgspot_img
ဓါတ်ပုံ- ဖယ်ခုံ PDF တပ်ရင်း ၂

ကန္တာရဝတီတိုင်း( မ် )

ဖယ်ခုံမြို့ နယ် ကုရင်ကျေးရွာအုပ်စုတောင်ကြားမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်ကအရာရှိအပါအဝင် ၁၉ ဦးသေဆုံးသလို လက်နက်ခဲယမ်းတချို့နဲ့ စစ်သုံ့ပန်း ၆ ဦးကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဖယ်ခုံ PDF က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ ခမရ ၄၂၉ နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဖယ်ခုံ PDF တပ်ရင်း ၂ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာတယ်။ အဲဒါကို ကျနော်တို့က ပစ်တာပေါ့နော။ ခမရ ၄၂၉ လို့ပြောတယ်။” လို့ ဖယ်ခုံ PDF တပ်ရင်း ၂ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

၆ နာရီကျော်ကြာ ဖြစ်ပွားတဲ့ အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိနာပြီး ပြန်ဆုတ်သွားခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တိုက်ပွဲဖြစ်ပွားပြီးနောက် မတ်လ ၁၂ရက်နေ့မှာ နယ်မြေရှင်းလင်းရေးဆောင်ရွာရာမှာ အရာရှိအပါအဝင် စစ်ကောင်စီတပ်သား ၁၉လောင်းနဲ့ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မတ်လ ၁၂ရက်နေ့မှာလည်း တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး ဖယ်ခုံ PDF က ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ ရှမ်း-ကရင်နီနယ်စပ်မှာ စစ်ကောင်စီဘက်က စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။ လက်ရှိ ကရင်နီပြည်နေရာအနှံ့အပြားနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။

ဓါတ်ပုံ- ဖယ်ခုံ PDF တပ်ရင်း ၂
spot_imgspot_imgspot_imgspot_img

More from the blog

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်မှ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေ

ကန္တာရဝတီ တိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို ဒီးမော့ဆို အခြေစိုက် ခလရ ၁၀၂ တပ်မှ (၁)မိနစ် (၁) လုံးနုန်းနဲ့ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေတယ်လို့ သိရပါတယ်။ ယနေ့ ( မတ်လ ၂၆ ) ရက်နေ့ မနက် ၉ နာရီလောက်ကစပြီး...

စစ်ရှောင်ပြည်သူတွေကို ရိက္ခာဝေမယ်လို့ပြောဆိုပြီး ဓါတ်ပုံရိုက်ပြီးနောက် ဝေထားတဲ့ရိက္ခာတွေကို ပြန်သိမ်းယူသွား

ကန္တာရဝတီတိုင်း(မ်) လွိုင်ကော်မြို့ နမ့်ဘော်ဝမ် ရပ်ကွက်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီ က ရိက္ခာဝေပေးမယ်လို့ပြောဆိုကာ ဒီကနေ့ (မတ်လ ၂၅ ရက်နေ့ ) မှာ စုရုံးခေါ်ဆောင်ပြီး ဓါတ်ပုံမှတ်တမ်းရယူခဲ့ပေမဲ့ ဝေငှထားတဲ့ ရိက္ခာထုပ်တွေကို ပြန်လည်တောင်းယူခဲ့တယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။ နမ့်ဘော်ဝမ်ရပ်ကွက်အတွင်းမှာ ရှိတဲ့ဘုရားကျောင်းမှာ စစ်ဘေးရှောင်တွေကို ခေါ်ယူစုရုံးပြီး ကုလားပဲထုပ်...

ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ လက်နက်ကြီးကျပြီး ဒေသခံထိခိုက်မှုရှိခဲ့၊ ဖရဲသီးစိုက်ခင်းလည်းပျက်စီး

ကန္တာရဝတီတိုင်း( မ် ) ယမန်နေ့ မတ်လ ၂၄ရက်နေ့ မနက် ၁၀နာရီကျော်အချိန်မှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတချို့ ထိခိုက်ခဲ့သလို ဖရဲသီးစိုက်ခင်းလည်း ပျက်စီးခဲ့တယ်လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ "အိမ်ကတော့ လူနေအိမ်ပဲ မိန်းက‌လေးထိတယ်ပြောတယ်။ မိန်းကလေးနှစ်ယောက်။ ဒီကျတာက ဖရဲသီးခြံစိုက်ခင်းထဲမှာက...

ဒီမော့ဆို အရှေ့ဘက်ခြမ်းမှ ဆွေမျိုးများထံ ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်ကလေးအချို့ ဝမ်းပျက်ဝမ်းလျောဖြစ်နေ

CJ (ကန္တာရဝတီတိုင်း(မ်)) ကရင်နီပြည် ဒီမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ မတ်လ ၁၀ ရက်နေ့ ကတည်းက ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အနောက်ဘက်ခြမ်းက ဆွေမျိုးတွေဆီကို ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်တွေအထဲက ကလေးတွေဟာ ဝမ်းပျက်ဝမ်းလျောဖြစ်နေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ "အကြောင်းရင်းက ဘာလဲ မသိဘူး၊ ရေရှားတဲ့ နေရာလဲ မဟုတ်ဘူး၊...