spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖယ်ခုံမြို့နယ်ထဲက ကျေးရွာအနီးတစ်ဝိုက်မှာ စစ်ကောင်စီကနေ နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်ထဲမှာရှိတဲ့ စလင်းကျေးရွာ ၊ စလောင်းကျေးရွာ အနီးနားတစ်ဝိုက်တွေမှာ စက်တင်ဘာလ (၇)ရက်၊ (၈) ရက် နှစ်ရက်ဆက်တိုက် စစ်ကောင်စီကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စက်တင်ဘာလ (၈)ရက်နေ့မှာတော့ ဆောင်းဖွေးဆေးရုံအနီးတဝိုက်မှာ ဂျက်ဖိုက်တာနဲ့ (၃)ကြိမ် ဗုံးကြဲတိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။

“ မနေ့ည(စက်တင်ဘာလ ၇ရက်) ကြဲတာက နည်းနည်းလေး ရွာအပြင် အလှမ်းဝေးတာရှိတယ်။ ဒီရက် (စက်တင်ဘာလ ၈ရက်) ကြဲတာက အရင်တစ်ကြိမ် ဆောင်းဖွေးဆေးရုံ မှာ ကြဲခဲ့တဲ့ နေရာပဲပေါ့လေ။ အဲ့မှာ ကြဲချတာ နေ့လည်တစ်နာရီပေါ့။ (၈)ရက်နေ့မှာ ဂျက်လေယာဉ်နဲ့ သူတို့ ၃ကြိမ်လာကြဲချတယ်။ ၃လုံးထဲမှာ ပေါင် ၅၀၀ တစ်လုံးပါတယ်။ ကျန်တဲ့အလုံးက ပေါင် ၅၀၀လောက်မပြင်းဘူးပေါ့။ ပေါင် ၅၀၀လုံးကတော့ ကျောက်တွေ အက်တယ်။ နောက်ပြီး မြေလည်း တော်တော်လေး နက်သွားတယ် အကြီးပေါ့။ “ လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၂) သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက စက်တင်ဘာလ ၈ရက်နေ့မှာ ပြောပြပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုတွေမှာတော့ ထိခိုက်ပျက်စီးမှု ကြီးကြီးမားမားမရှိပေမယ့် ဗုံးကြဲတဲ့အချိန်မှာ တုန်ခါအားကြောင့် နေအိမ်ကွဲအက်တာတွေ ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး လက်မှာ အစ စင်ထိတာတော့ ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ အဆောက်အဦး ထိခိုက်တာတော့ ကျနော်မကြားမိဘူး။ ပြည်သူတစ်ဦးကတော့ အစလာ စင်တော့ လက်မှာ အနည်းငယ်ဒဏ်ရာရတယ်လို့တော့ သိရတယ်။ “

အခုလို ဗုံးကြဲတိုက်ခိုက်မှုဟာ စစ်ရှောင်စခန်းတွေ၊ ကျေးရွာတွေနဲ့ နီးတဲ့အတွက် လူထုတွေ စိုးရိမ်ထိတ်လန့်နေကြရပြီး စစ်ရှောင်တချို့ ရွှေ့ပြောင်းတာတွေ ရှိတယ်လို့ သိရပါတယ်။

“ စစ်ရှောင်စခန်းနဲ့ အရမ်းနီးကပ်တယ်။ အရမ်းနီးကပ်တယ် ဆိုတာက မီတာ ၅၀ လောက်တော့ရှိမာပေါ့လေ။ အကြောင်းမရှိပဲနဲ့ သူတို့ ဒီလိုကြဲတာက အဓိကတော့ ဒလန် သတင်းပေးမှုရှိလို့ပဲ ကျနော်ထင်တယ်ပေါ့။ နောက်ပြီးတော့ စစ်ကြောင်းကို သူတို့ ကောင်းကောင်းမထိုးဖောက်နိုင်တဲ့အတွက် သူတို့ အားသာတဲ့ ဝေဟင်ကနေ သူတို့ ခြိမ်းခြောက်ပစ်ခတ်နှောက်ယှက်တာပဲလို့ ကျနော်မြင်ပါတယ်။ ” မိုးဗြဲ PDF တပ်ရင်း(၂) သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

အဲ့ဒီဗုံးကြဲတဲ့အနီးနားတစ်ဝိုက်မှာတော့ တိုက်ပွဲဖြစ်ပွားတာတွေ မရှိဘူးလို့ သိရပါတယ်။ ၂၀၂၃ခုနှစ်၊ ဧပြီလ ၂၅ရက်နေ့မှာလည်း ဆောင်းဖွေးဆေးရုံကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိခဲ့ပြီး ကလေးမိခင်တစ်ဦး ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။

spot_img
spot_img

Recent posts