spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖယ်ခုံမြို့နယ်ထဲမှာ လူငယ်အများစု မူးယစ်ဆေးဝါးသုံးစွဲနေကြတယ်လို့ ဒေသခံတွေဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းမှာ လူငယ်အများစုဟာ မူးယစ်ဆေးတွေ သုံးစွဲနေတာကို မြင်တွေ့ရတယ်လို့ ဖယ်ခုံမြို့ခံတွေဆီကနေ သိရပါတယ်။

အာဏာသိမ်းပြီးနောက်မှာ တရားဥပဒေစိုးမိုးမှုမရှိတော့ဘဲ မူးယစ်ဆေးဝါးတွေကို အလွယ်တကူ ဝယ်ယူရရှိနိုင်ကြတာကြောင့် အခုလို သုံးစွဲမှုတွေ များလာတာဖြစ်တယ်လို့ ဖယ်ခုံဒေသခံတစ်ဦးက ပြောပါတယ်။

“ကြာလာတော့ ဒီဖက်မှာ စစ်ရေးအရ နိုင်ငံရေးအရ မတည်ငြိမ်တဲ့အခါ ဆေးသမားတွေ လောင်းကစားသမားတွေ ပိုများလာတယ်။ အခုဆိုလို့ရှိရင်တော့ ဒီလူငယ်တို့ ဘာတို့ ဆိုရင် ဆေးတွေ ပိုသုံးလာတာရှိတယ်။ ပြီးတော့ လောင်းကစားလုပ်တာတွေ ပိုများလာတယ်။ ဒါက ရွာအနာဂတ်အတွက် ကောင်းတဲ့ လက္ခဏာလို့တော့ မမြင်ဘူးပေါ့နော်။ ဒီထက်ဆိုးကျိုးတွေပိုပြီးတော့မှ အဆိုးဖက်ကို ပိုပြီး ဦးတည်မယ်လို့ မြင်မိတာပေါ့နော်။ အာဏာ သိမ်းမှု ဖြစ်စဉ်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ဒီလိုအဖြစ်အပျက်တွေက ဘယ်လိုပြောရမလဲ ရာခိုင်နှုန်းနဲ့ ပြောမယ်ဆိုရင်တော့ ၅၀ ရာခိုင်နှုန်းလောက်ထိ တက်လာတယ်လို့ပဲပြောရမယ်ပေါ့” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

တဖက်မှာလည်း မူးယစ်ဆေးဝါးသုံးစွဲမှုရဲ့ နောက်ဆက်တွဲ အနေနဲ့ နေအိမ်ဖောက်ထွင်းမှုတွေ၊ ခိုးယူမှုတွေကို မကြာခဏ တွေ့ရတယ်လို့ ဆိုပါတယ်။

“အရင်တလောက ကြားရတာက အိမ်တွေတက်ပြီးဖောက်တယ်ပေါ့နော်။ ဖောက်တယ် ခိုးတယ်။ ပြီး ပစ္စည်းတွေ‌ စျေးချိုချိုနဲ့ ပြန်ရောင်းပြီး မူးယစ်ဆေးပြန်သုံးဖို့ ပြန်လုပ်တယ်ပေါ့‌နော်။ အဲ့လိုကိစ္စက တော်တော်များတယ်” လို့ ဖယ်ခုံဒေသခံတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် ၂ နှစ်ကျော်အတွင်းမှာ လူငယ်တွေဟာ စိတ်ထွက်ပေါက်အနေနဲ့ မူးယစ်ဆေးဝါးကို ပိုမိုသုံးစွဲလာကြတာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းမှာ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ရှောင်တွေ တစ်သောင်းခွဲ ဝန်းကျင်ရှိနေပါတယ်။

spot_img
spot_img

Recent posts