spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖယ်ခုံမြို့နယ်မှာ နှစ်ရက်အတွင်း ပြည်သူ ၅ ဦး သတ်ဖြတ်ခံရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းမှာ နှစ်ရက်အတွင်း အရပ်သားပြည်သူ စုစုပေါင်း ၅ဦး ကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တယ်လို့ ကယန်းအမျိုးသမီးအဖွဲ့အစည်း (KyWO) က ဒီကနေ့ ဧပြီလ ၂၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အဆိုပါ ပစ်သတ်ခံရမှု ဖြစ်စဥ်မှာ ဧပြီလ ၂၀ ရက်နေ့ နဲ့ ၂၃ ရက်နေ့ နှစ်ရက်အတွင်း ဖြစ်ပြီး ဧပြီလ ၂၀ ရက်နေ့မှာ ၃ ဦးနဲ့ ဧပြီလ ၂၃ ရက်နေ့မှာ ၂ ဦး သတ်ဖြတ်ခံရတာဖြစ်တယ်လို့ သိရပါတယ်။

“ဒီစစ်ကြောင်းထိုးလာတဲ့အခါမှာ အားလုံးပေါင်း ၅ဦးကို သတ်ဖြတ်တယ်လို့ ပြောပါတယ်။ ပထမဆုံးစစ်ကြောင်းထိုးလာတဲ့အချိန်မှာ ယောကျာ်းနှစ်ဦးကို သတ်တယ် ပြီးတော့ အမျိုးသမီးတဦးရယ် ကလေးတဦးကို ခေါ်ဆောင်သွားတယ်။ ပြီးတော့ အဲ့အမျိုးသမီးတစ်ဦးကို သတ်ဖြတ်လိုက်တယ် ။ ကလေးတော့ ပြန်လွတ်လာတယ်ပေါ့နော်။ နောက်ထပ်တစ်ရက်မှာက စစ်ရှောင်နှစ်ဦးကိုပေါ့နော် သတ်ဖြတ်တယ်။ စုစုပေါင်း သတ်ဖြတ်ခံရတဲ့ လူဦးရေက ၅ဦးဖြစ်ပါတယ်။အမျိုးသားနှစ်ဦးကတော့ ပစ်သတ်ခံရတဲ့ဟာမျိုးဖြစ်တယ်။ အမျိုးသမီးတစ်ဦးကတော့ ခေါင်းကို လုံးဝကို ထုထားတဲ့ဟာမျိုးပေါ့နော် ရက်စက်ထားတဲ့ဒဏ်ရာ ခေါင်းက ကြေမွသွားတဲဒဏ်ရာတွေ့ရတာ ဖြစ်ပါတယ်။” လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ရဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ပစ်သတ်ခံရတဲ့ ပြည်သူ ၅ ဦးမှာ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦးဖြစ်ကြပါတယ်။ အသက်(၃၄) နှစ်အရွယ် ဦးမာအို၊ အသက် (၃၃) နှစ်အရွယ် ဦးသန်းထွန်း ၊ အသက်(၃၂) နှစ်အရွယ် ဒေါ်အားမူ တို့ဟာ ဖယ်ခုံမြို့မှာရှိတဲ့ အင်လာကွင်းတောင်ယာထဲမှာ ဧပြီလ ၂၀ ရက်နေ့က ပစ်ခတ်သတ်ဖြတ်ခံရတာ ဖြစ်ပါတယ်။ ဧပြီလ (၂၃) ရက်နေ့မှာတော့ အသက်(၃၇) နှစ်အရွယ် ဦးမျိုး နဲ့ အသက်(၄၂) နှစ်အရွယ် ဒေါ်ရှတို့ဟာ ဖမ်းဆီးနှိပ်စက်ပြီး သတ်ဖြတ်ခံခဲ့တာ ဖြစ်တယ်လို့ KyWO က ထုတ်ပြန်ထားပါတယ်။

သေဆုံးသူတွေရဲ့ ရုပ်အလောင်းကိုတော့ Pekhon Health Community (PKHC) နဲ့ ဖယ်ခုံ ၂၀၀၈ PDF တပ်ရင်း တို့မှ ကူညီပေးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

spot_img
spot_img

Recent posts