spot_img
Friday, September 22, 2023
spot_imgspot_imgspot_imgspot_img

ဖယ်ခုံမြို့နယ်မှာ ၁၀ ရက် တိုက်ပွဲအတွင်း စစ်ကောင်စီဖက် အရာရှိ (၁)ဦးအပါအဝင် (၂၇)ဦးသေဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာနဲ့ စက်တော်ကျေးရွာတွေမှာ ဇွန်လ ၃ရက်ကနေ ၁၃ရက်နေ့အထိ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲတွေအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေ ရှိတယ်လို့ ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်က ဒီကနေ့ (ဇွန်လ ၁၄ရက်)မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်က အရာရှိတစ်ဦးအပါအဝင် (၂၇)ဦး သေဆုံးခဲ့သလို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖက်မှ မိုးဗြဲPDF တပ်ရင်း(၂)က ရဲဘော် (၂)ဦးလည်း တိုက်ပွဲအတွင်း ကျဆုံးခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ဖယ်ခုံအခြေစိုက် စကခ(၇) နဲ့ ခမရ (၃၃၆) တပ် တို့ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်တာတွေရှိခဲ့ပါတယ်။ စစ်ကောင်စီ အမှတ် (၇) စစ်အခြေခံ လေ့ကျင့်ရေးတပ် တွေနဲ့ တပ်မ (၆၆) လက်အောက်ခံတပ်ရင်းတွေ ထိုးစစ်ဆင်နေတာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီထံကနေ MA – 2 (၁) လက်၊ MA – 3 (၁) လက်နဲ့ ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စုမှာဆိုရင် စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တို့ မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာကြောင့် ဒေသခံတွေက စစ်ဘေးရှောင်နေရဆဲ ဖြစ်ပါတယ်။

ဖယ်ခုံPDFတပ်ရင်းအမှတ် (၁၀၀၂)၊ လွိုင်ကော်PDF၊ ဒီးမော့ဆိုPDF၊ မိုးဗြဲPDF၊ KRU၊ KNDF နဲ့ တခြားပူးပေါင်းတပ်တို့နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။

Recent posts