spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖယ်ခုံမြို့နယ်ရှိ စစ်ကောင်စီတောင်ပေါ်စခန်းကုန်းကို တော်လှန်ရေးအင်အားစုတိုက်ခိုက်သိမ်းပိုက်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည် တောင်ပိုင်း၊ဖယ်ခုံမြို့နယ်၊ ဆောင်နန်းခဲကျေးရွာအထက်ပိုင်း တောင်ပေါ်စခန်းကုန်းတစ်ခုဖြစ်တဲ့ ပွိုင့်ကုန်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့က မဟာမိတ်တော်လှန်ရေးအင်အားစုတွေကနေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဒီဇင်ဘာလ ၁၁ ရက်နေ့ မနက် ၈နာရီကျော်အချိန်မှ ညနေ ၃ နာရီကျော်အချိန်ထိ ၇နာရီဝန်းကျင်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲစစ်ဆင်ရေးအတွင်း လက်နက်ကြီးပစ်ခတ်မှု ၉၂ ကြိမ် နဲ့ လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ် ပြုလုပ်ခဲ့တယ် မဟာမိတ်အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စတင်လိုက်တဲ့ (၁၁.၁၁) စစ်ဆင်ရေးကို မိုးဗြဲ – ဖယ်ခုံ မြို့နယ်အတွင်းမှာလည်း ဆင်နွဲနေလျက်ရှိပြီး စစ်ကောင်စီခြေကုပ်ယူထားတဲ့ ကင်းစခန်း၊ ထောက်ပို့စခန်းတွေကို မဟာမိတ်တော်လှန်ရေးအင်အားစုတွေက စုပေါင်း တိုက်ခိုက်နေကြတယ်လို့ သိရပါတယ်။

မဟာမိတ်တော်လှန်ရေးအင်အားစုတွေဖြစ်ကြတဲ့ အလယ်ပိုင်းတိုင်း စစ်ဌာန၊ ရှမ်းတောင်စစ်ဒေသ (ခွဲ) ဗျူဟာ (၁)၏ ၁၀၀၁ (မိုးဗြဲ PDF- တပ်ရင်း ၁ )၊ ၁၀၀၂ (ဖယ်ခုံ PDF-တပ်ရင်း ၁)၊ ၁၀၀၄ (PKS PDF)၊ ၁၀၀၆ (ဖယ်ခုံ PDF-တပ်ရင်း ၂ )၊ ၁၀၀၇ (မိုးဗြဲ PDF-တပ်ရင်း ၂ )၊ KNDF ဗျူဟာ (၁)၏ တပ်ရင်း ၃၊ တပ်ရင်း ၁၁ နဲ့ တပ်ရင်း ၂၂၊ မြို့ပြတော်လှန်ရေးတပ်ဦး(Urban Revolutionary Front U.R.F)၊ ဗျူဟာ (၂)ရဲ့ ၁၀၀၃ တပ်ရင်း၊ ၁၀၀၈ SSRY တပ်ရင်းနှင့် ၁၀၀၉ IPDF တပ်ရင်း တို့ စုပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts