spot_imgspot_imgspot_imgspot_img
Thursday, February 20, 2025
spot_imgspot_imgspot_imgspot_img

ဖယ်ခုံမြို့နယ်ရှိ လတူးကျေးရွာ ရွာလုံးကျွတ် မီးရှို့ခံရ

ကန္တာရဝတီတိုင်း(မ်)

လတူးကျေးရွာ မီးရှို့ခံရမှုကို အဝေးမှ မြင်ရစဉ် (Photo – CJ)

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် လတူးကျေးရွာတစ်လုံးကို အကြမ်းဖက်စစ်ကောင်စီက မီးရှို့ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာဝန်ရှိသူ တစ်ဦးထံက သိရပါတယ်။

” မနေ့ည နေ့လည်ပိုင်းလောက်မှာ ဖြစ်သွားတာ စစ်ကောင်စီက အဲ့ဒီကျေးရွာထဲကို ဝင်ပြီးတော့ မီးရှို့သွားတာ။ ညနေပိုင်း တစ်နာရီဝန်းကျင်လောက် ရွာသားတွေပြေးနေတဲ့ အချိန်မှာ အဲ့ရွာထဲ ဝင်လာပြီးတော့မှ တစ်ရွာလုံးကို မီးရှို့လိုက်တာ ရွာအိမ်ခြေက ၃၀လား ၄၀လား အဲ့လောက်ရှိတယ်နော။ ” လို့ KNDF တာဝန်ရှိသူက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

မီးလောင်ပြီး ပြာကျသွားတဲ့ နေအိမ်တွေရှိသလို ပြာမကျပေမယ့် နေထိုင်လို့ မရတော့ အခြေအနေအထိ မီးလောင်သွားတဲ့ နေအိမ်တွေလည်း ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KA၊ KNDF ပူးပေါင်းတပ်တို့ ယမန်နေ့ နိုဝင်ဘာလ ၈ရက်နေ့မှာ ဖယ်ခုံမြို့ နယ် လတူးကျေးရွာအနီးတစ်ဝိုက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအပြီးမှာ မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ လတူးကျေးရွာအနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်စွဲနေတာရှိနေတယ်လို့ သိရပါတယ်။

ဖယ်ခုံမြို့နယ်အတွင်းမှာ ၇ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေခဲ့ပြီး ဒေသခံ တစ်သောင်းဝန်းကျင် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရသလို ဒေသခံနေအိမ်လည်း အများအပြားပျက်စီးမှုတွေ ရှိနေပါတယ်။

spot_img
spot_img