spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖယ်ခုံမြို့နယ်အတွင်း ၇ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ပြီး ဒေသခံ တစ်သောင်းကျော်စစ်ဘေးရှောင်နေရ

ဓါတ်ပုံ – Loikaw PDF

ကန္တာရဝတီတိုင်း(မ်)

ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာ၊ လွယ်ဝှဲကျေးရွာနဲ့ လတူးရွာသစ်ကျေးရွာ အနီးတစ်ဝိုက်မှာ ၇ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ပြီး ကျေးရွာ ၁၄ ရွာက ဒေသခံ တစ်သောင်းကျော် စစ်ဘေးရှောင်နေရတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF မှ သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

” အဲ့ဒီမှာတော့ ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်နေတယ်။ ၇ရကမြှောကရြှိသှားပှီ။ ဒီနေ့ဆိုရင် တိုက်ပွဲဖြစ်တုန်းပဲ ဒီနေ့ကတော့လေ။ ဒါပေမယ့် တိုက်ပွဲအထိအခိုက်အကျအဆုံးတော့ ကျနော်တို့ အတည်ပြုလို့ မရသေးဘူး။ ” လို့ တာဝန်ရှိသူက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

တစ်ပတ်တာ တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ၃၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိတယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

ကရင်နီတပ်မတော် ( KA ) က တစ်ဦးကျဆုံးခဲ့ပြီး ဒေသခံပြည်သူ ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အကြမ်းဖက် စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်လို့ လူနေအိမ်အများပြား ထိခိုက်ပျက်စီးမှု ရှိနေတယ်လို့ သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ KA၊ KNDF၊ PDF Pekhon ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေကြတာဖြစ်ပြီး လက်နက်၊ ခဲယမ်းလိုအပ်ချက် အများကြီးရှိနေတယ်လို့ တာဝန်ရှိသူက ဆက်ပြောပါတယ်။

” လိုအပ်ချက်တွေအများကြီးရှိတယ်။ လက်နက်ခဲယမ်းတွေလည်း မမျှတဲ့ဟာတွေအများကြီးရှိတယ်ပေါ့နော။ လက်နက်ကြီးတွေ ကျနော်တို့ အသုံးပြုတဲ့နေရာမှာ စစ်ကောင်စီထက် အများကြီးလျော့နေတာ တွေ့ရတယ်။ အဲ့တာကတော့ လိုအပ်ချက်ရှိတဲ့ဟာ လိုအပ်ချက်အရှိဆုံးဟာလို့ ပြောလို့ရတယ်။ ” လို့ တာဝန်ရှိသူက ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က ထိုးစစ်တွေဆက်လက်ပြုလုပ်လာရင် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

ဓါတ်ပုံ – Loikaw PDF
spot_img
spot_img