spot_imgspot_imgspot_imgspot_img
Wednesday, February 19, 2025
spot_imgspot_imgspot_imgspot_img

ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်း ၈၀ ကျော် အတွက် တကိုယ်ရေသုံးပစ္စည်းများလိုအပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်စခန်း ၈၀ ကျော်ရှိနေပြီး အဲဒီမှာရှိနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ တကိုယ်ရေသုံးပစ္စည်းတွေလိုအပ်နေသလို ဆောင်းတွင်းဖြစ်တာကြောင့် စောင်နဲ့ အနွေးထည်တွေ လိုအပ်နေကြတယ်လို့ ကယန်း အမျိုးသမီးအစည်းအရုံး(KyWO)ရဲ့ တာဝန်ရှိသူတစ်ဦး ကပြောပါတယ်။

“စားနပ်ရိက္ခာတို့ နေရာထိုင်ခင်းတို့ ဒီအရေးပေါ်ပေါ့နော်။ ဒီတကိုယ်ရေသုံး ပစ္စည်းတို့ စောင် အထူးသဖြင့် ဒီ ကာလမှာ ဆောင်းတွင်းလည်း ဖြစ်နေတော့ အရမ်းအေးတယ် ။ ဒီထွက်ပြေးတိမ်းရှောင် ရတဲ့ ဒေသကလည်း အအေးပိုင်းဒေသလည်း များနေခါကြတော့ စောင်တွေ ခြင်ထောင်တွေ ဒီအနွေးထည်တွေ ပေါ့နော်၊ ခြေအိတ်တွေ အဲ့တာတွေက အထူးသဖြင့် လိုအပ်နေတာပေါ့။” လို့ ကယန်း အမျိုးသမီးအစည်းအရုံး(KyWO)မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

အဆိုပါ စစ်ရှောင်စခန်းတွေမှာ နာတာရှည်ရောဂါ ခံစားနေရသူတွေနဲ့ လေဖြတ်တဲ့သူတွေအတွက်လည်း နေရာထိုင်ခင်း အခက်ကြုံနေကြတယ်လို့ လည်း သိရပါတယ်။

ဒါ့အပြင် ရေရှားပါးမှုပြဿနာတွေကို ကြုံတွေ့လာရမှာကို စိုးရိမ်နေကြပါတယ်။

“ဒီက စစ်ဘေးရှောင်အများစုကတော့ အရမ်းအေးတဲ့ဒေသကိုရောက်နေကြတာဆိုတော့ လတ်တလောမှာက စောင်၊ ခြေအိတ်နဲ့အနွေးထည်တွေတော့ လိုအပ်တယ်။ နောက်ပြီး မကြာခင်မှာ နွေရာသီကိုရောက်တော့မှာဆိုတော့ ရေရှားပါးမှုတွေလည်း ကြုံကြရမှာပဲ” လို့ စစ်ရှောင်ကူညီသူတစ်ဦးက ဆိုပါတယ်။

ဖယ်ခုံမြို့တွင်းမှာ ‌ဒေသခံတွေ ကျန်ရှိနေဆဲ ဖြစ်ပြီး တိုက်ပွဲတွေကြောင့် ခန့်မှန်းခြေလူဦးရေ ၆၅ ရာခိုင်နှုန်းမှာ ထွက်ပြေးတိမ်းရှောင်ကြပြီဖြစ်တယ်လို့ ခန်းမှန်းပြောဆိုထားကြပါတယ်။ မြို့တွင်းကျန်ရှိသူတွေဟာ သက်ကြီးရွယ်အိုရှိတဲ့ မိသားစုတွေဖြစ်တယ်လို့လည်း စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

ဖယ်ခုံက ‌‌ဒေသခံတွေဟာ တိုက်ပွဲကြောင့် ပင်လောင်း၊ တောင်ကြီး၊ ဆီဆိုင်၊ ကလော စတဲ့ ဒေသတွေအပြင် ဒီးမော့ဆို အ‌နောက်ခြမ်းနဲ့ ဖယ်ခုံ အနောက်ခြမ်းက စစ်ရှောင်စခန်းတွေမှာ သွားရောက် တိမ်းရှောင်ကြပြီး လက်ရှိအချိန်ထိ ထွက်ပြေးတိမ်းရှောင်တဲ့ စာရင်း မပြုစုနိုင်သေးဘူးလို့ စစ်ရှောင်ကူညီသူတွေဆီကနေ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts