spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖယ်ခုံမြို့နယ် ၈ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ၁၃ ဦးသေဆုံး

ကန္တာရဝတီတိုင်း(မ်)

ဖယ်ခုံမြို့နယ်မှာ စက်တော်ကျေးရွာကနေ ခေါင်းအိစေတီကုန်း ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ အရာရှိအဆင့် တစ်ဦးအပါအဝင် ၁၃ ဦး သေဆုံးခဲ့တယ်လို့ ဖယ်ခုံ PDF က ဇူလိုင်လ(၂၉)ရက်နေ့မှာ သတင်း ထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၂၁ ရက်နေ့ကနေ ၂၈ရက်နေ့အထိ (၈)ရက်တာအတွင်း ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအပြီး စစ်ကောင်စီဖက်က ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးသလိုကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တချို့လည်း ထိခိုက်ဒဏ်ရာရတာ ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက ခေါင်းအိစေတီကုန်းကို အင်အား (၅၀)ဝန်းကျင်နဲ့ ထိုးစစ်ဆင်ခဲ့တယ်လို့ ကာကွယ်ရေးရဲဘော်တွေက ပြောပါတယ်။ ထိတွေ့တိုက်ပွဲမှာတော့ ဖယ်ခုံ PDF တပ်ရင်း(၁)၊ KRU ၊ 1009( IPDF) ၊ 1008 ၊ 1005 ၊ 1003၊DMO 1106၊ ရှမ်းတောင် Drone တပ်ဖွဲ့SSDF မဟာမိတ်အဖွဲ့တို့ စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

ဖယ်ခုံမြို့နယ်ဖက်မှာတော့ ကာကွယ်ရေးပူးပေါင်းတပ်တွေကနေ စစ်ကောင်စီကို သွားရောက်တိုက်ခိုက်တာတွေ ရှိနေတယ်လို့ ဖယ်ခုံမြို့နယ်ဖက်က ကယ်ဆယ်ရေးဆောင်ရွက်သူတစ်ဦးက ဆိုပါတယ်။

“ ဖယ်ခုံဖက်ကတော့ လက်ရှိအခြေနေက ခေါင်းအိ၊ တောင်စလုံးမှာက သူတို့ (စစ်ကောင်စီ) ရှိတာတွေ ရှိတဲ့အတွက် တခါတလေ ဒရုန်းတို့နဲ့ တိုက်ခိုက်တာတွေရှိတယ်။ လက်ရှိအနေအထားပေါ့နော။ ဖယ်ခုံမြို့ထဲအထိ ထိုးဖောက်ဖို့တော့ နည်းနည်း ခက်ခဲမယ် လက်ရှိအနေအထား။ “ လို့ သူက ပြောပါတယ်။

ဖယ်ခုံမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားမှုအပြင် ကရင်နီပြည်ထဲကိုလည်း စစ်ကောင်စီက အင်အားဖြည့်တင်းနေတာတွေရှိပြီး လွိုင်ကော်_ မိုးဗြဲလမ်းမကြီး တစ်လျှောက်မှာလည်း ထိတွေ့တိုက်ပွဲဖြစ်ပွားတာတွေလည်း ရှိနေတာဖြစ်ပါတယ်။

spot_img
spot_img