spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖယ်ခုံမြို့အဝင်ဆိုင်းဘုတ်အနီးရှိ ကယန်းမယ်ရုပ်တုကို Mask တပ်ဆင်ထား

Author

Date

Category

နော်ဒွေးအယ်ခူ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့အဝင် ဆိုင်ဘုတ်အနီး ပန်းခြံအတွင်း ရှိနေတဲ့ ကယန်းကြေးကွင်းဝတ် အမျိုးသမီးရုပ်တုကို မေလ ၁၂ရက်နေ့ မနက်ပိုင်းက လာရောက်တပ်ဆင်ထားတယ်လို့ အနီးနားမှာနေထိုင်ကြတဲ့ သူတွေကပြောပါတယ်။

ပန်းခြံအနီးမှာရှိတဲ့ နယ်မြေ(၈) ရာအိမ်မှူးဖြစ်သူ ခွန်းကလေးမင်းက “မနေ့က ၁၂ရက်နေ့ပေါ့ မနက် ကျတော်တို့ဆေးရုံသွားခါးနီးမှာ အောက်ကိုကြည့်လိုက်တော့ ဘယ်အချိန်လာတပ်ထားမှန်းမသိလိုက်ဘူးပေါ့။ ကိုယ်သိမိတာက Mask ကမ်ပိန်းတစ်ခုပဲပေါ့လေ တခြားမြို့တွေမှာရှိတဲ့ ဥပမာ- မွန်ဆိုရင် ဟင်္သာမှာတပ်တယ် တောင်ကြီးမှာဆိုရင် ထင်းချိုးတဲ့ ရုပ်တုမှာတပ်တယ် ကိုယ်လည်းမီဒီယာတွေမှာတွေ့နေတယ်ဆိုတော့ အော် Mask ကမ်ပိန်းတစ်ခုပဲပေါ့လေ။ လုပ်တယ်ဆိုတဲ့ ကမ်ပိန်းတစ်ခုကို ရုပ်ပြတစ်ခုအနေနဲ့လုပ်တာလားပေါ့။ ကျတော့်အနေနဲ့ဖြစ်စေချင်တာက ဖယ်ခုံမြို့တစ်ခုထဲမဟုတ်ပါဘူး ကျန်တဲ့Mask ကမ်ပိန်းအားလုံးလည်း ဒီလိုရုပ်တုမှာပဲ ကပ်ပြရုံနဲ့မပြီးလောက်ဘူးထင်တယ်” လို့ ပြောပါတယ်။

ဖယ်ခုံမြို့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာလည်း အခြားတိုင်း/ ပြည်နယ်အချို့တွေမှာ အပြင်ထွက်တဲ့အခါတိုင်း Mask တပ်ကြဖို့ နမူနာပြတဲ့အနေနဲ့ ပုံတုရုပ်တုတွေကို Mask တပ်ဆင်ပေးခဲ့ပါတယ်။

spot_img
spot_img

Recent posts