spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖယ်ခုံမြို့ ၊ ခေါင်းမိုင်းကျေးရွာအနီး တိုက်ပွဲအတွင်း တပ်ရင်းအမှတ် ၁၀၀၇ (MOBYE PDF-2) က ရဲဘော်တစ်ဦးကျဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ခေါင်းမိုင်းကျေးရွာအနီးမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်ရင်းအမှတ် ၁၀၀၇(MOBYE PDF-2)က ရဲဘော် အန်တောနျို့ ကျဆုံးသွားခဲ့ရတယ်လို့ ယမန်နေ့ ဒီဇင်ဘာလ ၅ ရက်နေ့မှာ မိုးဗြဲ PDF တပ်ရင်း ၂ က သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ ကျဆုံးသွားတဲ့ရဲဘော် ဟာ မွေးချင်းမောင်နှမ ၇ဦးထဲမှ အကြီးဆုံးသားဖြစ်ပြီး မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်နေရသလို စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်ရင်း အသက်ပေးခဲ့ရသူတစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင် ၎င်းရဲ့ မိဘနှစ်ပါးလည်း ပြီးခဲ့တဲ့ နှစ်အတွင်း ဆုံးပါးသွားခဲ့ရတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်လိုက်လိုက်တဲ့ တစ်လေးလုံး စစ်ဆင်ရေးဟာ လက်ရှိအချိန်ထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး မိုးဗြဲ-ဖယ်ခုံကျေးရွာအတွင်းက ပြည်သူတွေလည်း တိမ်းရှောင်ကြတာ များတယ်လို့ ဖယ်ခုံ PDF မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ မိုးဗြဲဘက်ကတော့ ပြည်သူတွေတော့ ဘယ်သူမှမရှိတော့ဘူး ။ဖယ်ခုံကလဲ စစ်ရှောင်တာ ကုန်သလောက်ရှိသွားပြီ။ စစ်ကောင်စီတပ် တွေကတော့ နေ့တိုင်းကင်းထောက် လေယာဉ်ပတ်နေတာမျိုးတွေရှိတယ်” လို့ သူက ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် ဖယ်ခုံနဲ့ မိုးဗြဲဖက်က ဒေသခံတွေဟာ ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်း၊ ဆီဆိုင်၊ ညောင်ရွှေမြို့တွေမှာ အများဆုံး သွားရောက် တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts