spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖယ်ခုံ-မိုးဗြဲအခြေစိုက် မဟာမိတ်ပူးပေါင်းအင်အားစု (၈)ဖွဲ့ကနေ (၁၁.၁၁) စစ်ဆင်ရေးမှာ လိုအပ်တဲ့ လက်နက်ခဲယမ်းအတွက် “ကရင်နီ တံခါး” ကမ်ပိန်းပြုလုပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် နဲ့ ရှမ်းပြည်နယ်စပ်က ဖယ်ခုံ -မိုးဗြဲမှာ အခြေစိုက်တဲ့ မဟာမိတ်ပူးပေါင်းအင်အားစု ၈ ဖွဲ့ကနေ (၁၁.၁၁) စစ်ဆင်ရေးမှာ လိုအပ်တဲ့ လက်နက်ခဲယမ်းတွေ ဝယ်ယူနိုင်ဖို့ ရည်ရွယ်ပြီး ရန်ပုံငွေရှာဖွေတဲ့အနေနဲ့ “ကရင်နီ တံခါး” ကမ်ပိန်းကို ပြုလုပ်နေပါတယ်။

ကရင်နီပြည်နဲ့ မိုးဗြဲ-ဖယ်ခုံ တစ်လျှောက်မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုနဲ့ စိုးမိုးမှုတွေ မရှိတော့တဲ့အထိ ခုခံတော်လှန်သွားနိုင်ဖို့ လုပ်ဆောင်နေတာဖြစ်တယ်လို့ “ကရင်နီတံခါး” ကမ်ပိန်းရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ နွေးနွေးက ကန္တရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ဒီကရင်နီ တကြောမှာ စစ်ကောင်စီကို အုပ်ချုပ်ခွင့် သူတို့ စိုးမိုးခွင့်မရှိတော့အောင် ခုခံသွားမှာ ဖြစ်တဲ့အတွက်ကြောင့်ပေါ့။ ဒါကြောင့် ကျမတို့ ဒီ တစ်လေးလုံး မဟာမိတ် အင်အားစုကနေ စုစည်းပြီးပြုလုပ်တဲ့ ဒီကရင်နီ တံခါး ရန်ပုံငွေ ရှာဖွေရေး အစီအစဥ်က ကျမတို့ ရဲဘော်ရဲဖက်တွေ အတွက် အရမ်း အရေးကြီးတဲ့ ကမ်ပိန်း တစ်ခုလည်း ဖြစ်ပါတယ်။”လို့ ကမ်ပိန်း တာဝန်ခံက ဆိုပါတယ်။

“ကရင်နီတံခါး” ကမ်ပိန်းဟာ ဖယ်ခုံ-မိုးဗြဲဇုံမှာရှိတဲ့ KNDF Pekhon Zone( B03,B11,B22)၊ PKPDF1၊ PKPDF2၊ MBPDF1၊ MBPDF2၊ URF၊ PKSPDF ၊ ဗျူဟာ(၂)PDF(P3-1003,P3-1005,P3-1008,P3-1009,P3-1011) တို့က ဦးဆောင်တာဖြစ်ပြီး ကမ်ပိန်းကာလကို နိုဝင်ဘာလ ၂၈ ရက်နေ့ကနေ လာမယ့် ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့အထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ကမ်ပိန်းကနေ ကျပ်သိန်းတစ်သောင်းမျော်မှန်းထားပြီး ရရှိလာတဲ့ ရန်ပုံငွေတွေကို အဓိက စစ်ဆင်ရေးဖြစ်တဲ့ ဖယ်ခုံ-မိုးဗြဲဇုံမှာ လုပ်ရှားနေတဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်အတွက် လက်နက်ခဲယမ်းဝယ်ယူ အသုံးပြုသွားမယ်လို့ “ကမ်ပိန်း”တာဝန်ခံက ဆက်ပြောပါတယ်။

“ကျမတို့ ဒီ”ကရင်နီ တံခါး” ကမ်ပိန်းကနေ ရရှိလာတဲ့ ရန်ပုံငွေအားလုံးကို ဒီမှာ ပါတဲ့ ကျမတို့ မဟာမိတ်အဖွဲ့ ၈ ဖွဲ့အားလုံးကြားမှာ ခွဲခြားတာမျိုးမလုပ်တော့ပဲနဲ့ ရလာသမျှ ငွေတွေအားလုံးကို တစ်လေးလုံး စစ်ဆင်ရေး အဓိကကတော့ ဖယ်ခုံ- မိုးဗြဲ ဇုံပေါ့နော်။ အဲ့ဖက်မှာ ပူးပေါင်းပါဝင်နေတဲ့ ပူးပေါင်း အင်အားစုအားလုံး လိုသမျှ ခဲယမ်းတွေကို ဝယ်ဖို့ အသုံးပြုသွားမှာပါ။” လို့ ကမ်းပိန်း တာဝန်ခံ နွေးနွေးက ဆိုပါတယ်။

ဖယ်ခုံ-မိုးဗြဲဒေသဟာ ကရင်နီပြည်ရဲ့ ဝင်ပေါက်တစ်ခုဖြစ်ပြီး ကရင်နီပြည်ထဲကို ဝင်လာတဲ့ စစ်ကောင်စီတပ်တွေကို ထိန်းချုပ်၊ ဟန့်တားနိုင်ဖို့ လက်နက်ခဲယမ်း လိုအပ်နေတာကြောင့် ပြည်သူလူထုတွေအနေနဲ့ တတ်နိုင်သလောက်ပါဝင်ပေးကြဖို့ကိုလည်း ကမ်ပိန်းတာဝန်ခံက တောင်းဆိုထားပါတယ်။

spot_img
spot_img

Recent posts