spot_imgspot_imgspot_imgspot_img
Tuesday, January 14, 2025
spot_imgspot_imgspot_imgspot_img

ဖရူဆိုက တောင်ယာစပါးခင်းထဲ အမြစ်စားပိုး ကျရောက်နေ

Author

Date

Category

CJ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်က တောင်သူတွေစိုက်ပျိုးထားတဲ့ တောင်ယာစပါးစိုက်ပျိုးခင်းတချို့မှာ အမြစ်စား ပိုး တွေ ကျရောက်နေတယ်လို့ စပါးစိုက်တောင်သူတစ်ဦးကပြောပါတယ်။ အဆိုပါ ပိုးတွေဟာ အပင်ရဲ့ အမြစ်တွေကို စားသုံးထားတာကြောင့် စပါးပင်တွေ သေဆုံးတာရှိနေတယ် လို့လည်းဆိုထားပါတယ်။

“အမြစ်စားတာလေး၊ စပါးခင်းမှာ ကွက်ကြား၊ ကွက်ကြား အဲ့လို စပါးအမြစ်ကို စားလို့ စပါးသေကုန်တယ်လို့” ဖရူဆိုမြို့နယ် ဒေသခံ တောင်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

တောင်သူတွေရဲ့ စပါးခင်းထဲ နှစ်စဥ် ပိုးကျမှုတွေ ရှိနေပေမယ့် အခုနှစ်လို အမြစ်စားတဲ့ပိုးလိုမျိုး မတွေ့ရှိသေးဘူးလို့လည်း ဆိုပါတယ်။

အဆိုပါ အမြစ်စားပိုးတွေကို နှိမ်နင်းဖို့ အတွက် ပိုးသတ်ဆေးတွေကို ဝယ်ယူလို့မရသလို၊ သုံးရမယ့် ဆေးအမျိုးအစားကို မသိတာကြောင့်လည်း နှိမ်နင်းဖို့ ခက်ခဲနေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ဒီကောင်က အမြစ်စားတယ်၊ ရေသောက်မြစ်ကို စားတာ၊ အမြစ်ဖွာလည်း တချို့စားတယ်၊ ဒါပေမယ့် သူစားပြီးရင် နောက်တစ်ရုံကို ထပ်စွဲတဲ့ ပိုးမျိုးဖြစ်တယ်၊ အချိန်တန်ရင်တော့ သူက ဘဝက ပြောင်းသွားတယ်၊ အကောင်ဖြစ်သွားတယ်၊ ဒီအကောင်က ဖိုးလမင်းလို့ခေါ်တယ်။” လို့ စပါး စိုက်ပျိုးတဲ့ တောင်သူ တစ်ဦးက ဆိုပါတယ်။

အဆိုပါ စပါးအမြစ်စားပိုးကို ယခုနှစ်မှာ စတင်တွေ့ရှိလာကြတာဖြစ်ပြီး တောင်ယာစပါးတွေမှာ ဆင့်ပွားကူးစက် ပြီး အမြစ်စားနေတာကြောင့် စပါးပင် သေဆုံးမှုတွေ များတယ်လို့ ဆိုထားပါတယ်။

ဒေသတွင်း တိုက်ပွဲတွေကြားမှာ ဝမ်းစာဖူလုံရေး အတွက် တောင်ယာလုပ်ငန်းကို အန္တာရယ်ကြားက လုပ်ကိုင်ကြရတဲ့ ဖရူဆိုဒေသခံနဲ့ စစ်ရှောင်တွေဟာ အဆိုပါ အမြစ်စားပိုးကြောင့် စားဝတ်နေရေး အတွက် စိုးရိမ်နေကြပါတယ်။

ဖရူဆိုမြို့နယ်အတွင်း အဓိက စိုက်ပျိုးကြတဲ့ တောင်ယာစပါးမှာ ပုလဲသွယ်၊ ယာကုဒ် စတဲ့ စပါးတွေကို အများဆုံး စိုက်ပျိုးကြပါတယ်။

spot_img
spot_img
spot_img

Recent posts