spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုစစ်ဘေးရှောင်တစ်နေရာမှာ စစ်ရှောင်တွေ ဖျားနာမှုများနေ

Author

Date

Category

CJ ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့ အနောက်ဘက်ခြမ်း စစ်ဘေးရှောင်တစ်နေရာမှာ ရာသီဥတုပိုမိုအေးလာတဲ့အတွက် အောက်တိုဘာလ ပထမအပတ်မှ စတင်၍ စစ်ရှောင်တွေ ဖျားနာမှု များလာနေတယ်လို့ စစ်ရှောင်တွေကို ဆေးကုသပေးနေတဲ့ ကျန်းမာရေး ဆရာမတစ်ဦး ထံကနေ သိရပါတယ်။

” ဒီနေရာကတော့ ရာသီဥတုပြောင်းလို့ ပိုအေးတာ။ စက်တင်ဘာလမှာတော့ ဆေးကုန်သွားတယ်၊ လူနာအရမ်းများနေတော့ အောက်တိုဘာလ ၁၀ ရက်လောက်မှာပဲ ဆေးနည်းနည်း ပြန်ရောက်လာလို့ အဆင်ပြေသွားတယ်၊ ဒါပေမယ့် လူနာများတယ်၊ ဘာအဖျားလဲဆိုတော့ ကိုဗစ်လားဆိုတော့ စစ်ကြည့်တော့လည်း ကိုဗစ်မဟုတ်ဘူး၊ တုပ်ကွေးလားဆိုတော့လည်း တုပ်ကွေး မဟုတ်ပြန်ဘူး၊ တုပ်ကွေးနဲ့ နည်းနည်းတူတယ်၊ အများအားဖြင့် ခေါင်းကိုက်၊ ချမ်းတုန် အဲ့တာတွေ ဖြစ်နေတယ်။ စုံနေတာပဲ ” လို့စစ်ရှောင်တွေကို ဆေးကုသပေးနေတဲ့ ဆရာမ တစ်ဦးက ပြောပါတယ်။

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း စစ်ဘေးရှောင်တွေဟာ တစ်နှစ်ကျော် စစ်ရှောင် နေရပြီဖြစ်ပြီး အခက်အခဲအမျိုးမျိုး နဲ့ လိုအပ်ချက်တွေ များပြားနေတဲ့အတွက် ဆေးဝါး လိုအပ်ချက်တွေ ရှိနေပါတယ်။

ရာသီဥတုအကူးအပြောင်းကာလ တောတောင်ထဲ နေထိုင်နေတဲ့ စစ်ရှောင်တွေအတွက် အခက်အခဲတွေ ရှိလာနေတယ်လို့ ဆိုပါတယ်။

” အေးတယ်လေး၊ဒီလိုတောတောင်ထဲ ချိုင့်ဝှမ်းမှာ ပိုအေးတယ်လေး၊ ဒီအနောက်ဘက်ခြမ်း ရာဧပရားဘက် ပိုဆိုးတယ်၊ ရာသီပြောင်းချိန်မှာတော့ ရေစိမ့်ထွက်တဲ့ ဒေသဖြစ်နေလို့ ပိုအေးတာ၊ ခုလို စစ်ဘေးရှောင်တွေက မိုးကာရဲ့အောက်မှာ တဲထိုးပြီးနေရတော့ ကျန်းမာရေးနဲ့လည်း ကိုက်ညီမှူနည်းတာပေါ့၊ အေးရင် ပိုအေးတယ်၊ ပူရင်လည်း ပိုပူတယ်ဆိုတော့ ပိုဆိုးတာပေါ့ “လို့ ဖရူဆိုမြို့ စစ်ရှောင်အမျိုးသားတစ်ဦး ကပြောပါတယ်။

ဖရူဆိုမြို့အတွင်း စစ်ဘေးရှောင်တွေဟာ လက်ရှိအချိန်ထိ နေရပ်ပြန်နိုင်ခြင်းမရှိသေးတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေသူတွေရှိတယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။

ဖရူဆိုမြို့နယ်မှာ စစ်ဘေးရှောင် ၆၀၀၀ ကျော်ရှိနေပြီး ဒေသအတွင်း စစ်ရှောင်တာ အချိန်ကြာလာတာနဲ့အမျှ ဝင်ငွေမရှိသလို အလှူရှင်လှူဒါန်းမှုကိုပဲ မှီခိုနေရတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts