spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့တွင် ရေရရှိရေးအတွက် ဘတ်ဂျက်ဒုတိယအများဆုံးဖြစ်ပေမယ့် ရေလုံလောက်မှုမရှိသေး

Author

Date

Category

ရေရှားပါးတဲ့ ဖရူဆိုမြို့နယ်ရှိ ဒေါခူလီကျေးရွာမှ ဒေသခံတွေ သောက်သုံးရေ သွားရောက်ခပ်ယူ အသုံးပြုလျက်ရှိတဲ့ ရေကန် (ဓါတ်ပုံ – ကန္တာရဝတီတိုင်း(မ်))

ဦးမြာ၊မီမြာ

ကယားပြည်နယ်အတွင်းရှိမြို့နယ်အလိုက် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ခွဲဝေမှုမှာ ရေရရှိရေးအတွက် ဘတ်ဂျက်ဟာဆိုရင် ဖရူဆိုမြို့ နယ်က ဒုတိယအများဆုံးရရှိထားပေမယ့်လည်း ဒေသခံတွေ ရေလုံလောက်မှုမရှိသေးဘူးလို့သိရပါတယ်။

လက်ရှိ ဖရူဆိုမြို့ပေါ်မှာ အနီးအနားရှိရေထွက်ပေါက်၊ စိမ့်စမ်းရေများကို သုံးစွဲနေပြီး နွေရာသီရောက်လျှင် ရေခမ်းခြောက်မှု ပြဿနာကို ကြုံတွေ့နေရပါတယ်။

ဖရူဆိုမြို့ပေါ်အပြင် အဓိကရေရှားပါးနေတဲ့ ကျေးလက်တောရွာတွေအတွက် မြို့နှင့်ကျေးလက်ရေပေးဝေရေးစနစ်ကိုသေချာစွာ အကောင်အထည်ဖော်ရန်လိုအပ်တယ်လို့ ထင်မြင်ကြောင်း ဖရူဆိုမြို့မဲဆန္ဒနယ်အမှတ်( ၂ ) လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်ကဆိုပါတယ်။

“ ဒီအနီးအနားမှာရှိတဲ့စိမ့်စမ်းရေဘဲ သွယ်မယ်ဆိုလို့ရှိရင်တော့ ကျတော်ထင်တယ် လေး၊ ငါးနှစ်နဲ့လည်းဘဲ ဒီရေရရှိရေးစီမံကိန်းကြီးလည်း အောင်မြင်တော့မှာမဟုတ်ဘူးပေါ့။” လို့၎င်းက ပြောပြီး ရေရှည်ရေရရှိရေးအတွက် နှစ်၃၀၊ ၄၀ အထိရှိနိုင်မည့် စီမံကိန်းကြီး ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်းလည်း ဆက်ပြောပါတယ်။

ဖရူဆိုမြို့ ထီကူးဆိုရေထွက်ပေါက်ကနေ သွယ်ယူထားတဲ့ရေကို အသုံးပြုနေကြတဲ့ကျေးရွာ ( ၁၀)ရွာရှိရွာသားတွေက အဖွဲ့ဝင် ၁၉ယောက်ပါရှိသော ရေကော်မတီတစ်ခုဖွဲ့ပြီး သွယ်ယူထားတဲ့ရေကိုထိန်းသိမ်းရန် ကိုယ်ထူကိုယ်ထဆောင်ရွက်နေကြကြောင်း ရေကော်မတီဥက္ကဌ ဦးထျရုကပြောပါတယ်။

“ရေပိုက်ပေါက်တာတို့ကိုရွာက ရေရစေချင်တော့ ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေရတာပေါ့နော။ မတ်လကစပြီးမှ ဇွန်လအဝင်လောက်ထိဆို ရေကမလုံလောက်ဘူးပေါ့ “ လို့၎င်းကပြောပါတယ်။

ကော်မတီကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၉ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး ရေသွယ်ယူတဲ့ ကျေးရွာတွေကနေ ဒေသခံတွေ စုပေါင်းဖွဲ့စည်းထားတာဖြစ်ပါတယ်။

ရေပိုက်ပေါက်ပါက အများနှင့်ဆွေးနွေးပြီး တစ်အိမ်ထောင်ကို တစ်ထောင်ကောက်ကာပြုပြင်တာတို့ စတဲ့ ရေရှည် ထိန်းသိမ်းမှုတွေ ပြုလုပ်ရတယ်လို့သိရပါတယ်။

ယခုနှစ်က ယခင်နှစ်တွေထထက်ရေရှားပါးမှုပြဿနာ ပိုကြီးမားနိုင်တယ်လို့ ဇန်နဝါရီလထဲမှာ လည်း ရေနည်းလာပြီဖြစ်ကြောင်း လွှတ်တော်ကိုယ်စာလှယ်ဦးသဲရယ်က ပြောပါတယ်။

၂၀၁၉-၂၀၂၀ ခုနှစ်အတွက် ကယားပြည်နယ်၏ ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာအချက်အလက်မှ ရေရရှိမှု ဘတ်ဂျက်ခွဲဝေမှုမှာ ဖရူဆိုမြို့နယ်တွင်း ကျပ်သန်ပေါင်း ၄၈၅၀.၅၇၀ လျာထားပြီး ဒီးမော့ဆိုမြို့နယ်တွင်း ကျပ်သန်းပေါင်း၅၇၁၃.၁၃၂ ၊ လွိုင်ကော်မြို့နယ်တွင်း ကျပ်သန်းပေါင်း ၁၁၃၇.၁၈၀ ၊ ဖားဆောင်းမြို့နယ်တွင်း ကျပ်သန်းပေါင်း ၈.၆၀၀၊ ဘောလခဲမြို့နယ်တွင်း ၁၂၂.၀၃၀၊ မယ်စဲ့မြို့နယ်အတွင်း ၂၄၂.၃၀၀၊ ရှားတောမြို့နယ်အတွင်း ၃၇၅.၃၃၂ လျာထားတာကို သိရပါတယ်။

spot_img
spot_img

Recent posts