spot_img
Sunday, September 24, 2023
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ်ထဲက စစ်ကောင်စီရဲ့ အမှတ် (၁၄) တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းကို ခြုံခိုတိုက်ခိုက်

Author

Date

Category

CJ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် ဖရူဆိုမြို့နယ် အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ အမှတ် (၁၄)တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်းကို တော်လှန်ရေးတပ်ဖွဲ့ ဝင်တွေက ဇူလိုင်လ ၂၅ ရက်နေ့ မနက်မှာ ခြုံခိုတိုက်ခိုက်ခဲ့ပြီးနောက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“ဟုတ်တယ် (၁၄) ကျောင်းမှာ သူတို့ဝင်ပစ်တာ လက်နက်ကြီး၊ လက်နက်ငယ် နဲ့ ဝင်ပစ်တာပေါ့နော။ အထိနာတာတွေတော့ မသိရသေးဘူးပေါ့နော ပြောလို့လည်း မရသေးဘူးပေါ့နော။” လို့ ဖရူဆို ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ယမန်နေ့ မနက်ပိုင်းမှာတော့ စစ်ကောင်စီက အနီးနားက ကျေးရွာတွေဆီကို လက်နက်ကြီး (၁၀)လုံးထက်မနည်း ပစ်ခတ်ခဲ့တာကြောင့် လူနေအိမ်တချို့ ပျက်စီးတာ ရှိတယ်လို့ ဆိုပါတယ်။

“ခိုးရားခူ၊ ဒေါတထော ရွာဘက်မှာ ပစ်တာ ဟုတ်ပါတယ်၊ လက်နက်ကြီးနဲ့ ပစ်လို့ အပြန်အလှန်တော့ ပစ်ကြတယ်၊ ကျနော်အမြင်တော့ ဝင်ပစ်လို့ ပြန်ပစ်တာ။”လို့ ဖရူဆိုမြို့နယ်အတွင်း ဒေသခံတစ်ဦးက ပြောပါတယ်။

ဖရူဆိုမြို့နယ်အတွင်းမှာ ထိတွေ့ တိုက်ပွဲ မကြာခဏဖြစ်ပွားလျက်ရှိပြီး ပြည်ထောင်စုလမ်းမကြီးဘေးက ကျေးရွာပေါင်း (၃၀) ကျော်ဟာ နေရပ်လုံးဝ ပြန်လည်ကြည့်ရှုခွင့်မရတာ ၂ နှစ်ကျော်ရှိနေပါပြီ။ ဖရူဆိုမြို့နယ်အတွင်း စစ်ဘေးရှောင် လူဦးရေ ၆၀၀၀ ကျော်ရှိနေတယ်လို့ လူမှုအသင်းအဖွဲ့ တွေရဲ့ စာရင်းအရသိရပါတယ်။

Recent posts