spot_img
Monday, October 2, 2023
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ်မှာ သုံးရက်ဆက် ကျေးရွာအတွင်းကို စစ်ကောင်စီလက်နက်ကြီးတွေနဲ့ ပစ်ခတ်နေ

Author

Date

Category

CJ/ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ ထီးပေါ်ဆိုကျေးရွာနဲ့ ဒေါးညေးခူကျေးရွာထဲကို သြဂုတ်လ ၁၈ ရက်နဲ့ သြဂုတ်လ ၂၀ ရက်နေ့အထိ လက်နက်ကြီးတွေနဲ့ သုံးရက်ဆက်တိုက် ပစ်ခတ်နေတယ်လို့ ဒေသခံလူထုပြောပြချက်အရ သိရပါတယ်။

” မနေ့က ကျနော်တို့ရွာထဲကျသေးတယ်၊ ဒီကနေ့တော့ ထီးပေါ်ဆိုဘက်မှာ လက်နက်ကြီးကျတယ်၊ ထီးပေါ်ဆို ဆေးခန်းနားဘက်မှာ ပြီးတော့ ကျောင်းနားမှာလည်း ကျတယ်၊ မနေ့ကတော့ ကျနော်တို့ရွာထဲကျတာ လူနေအိမ်အချို့ ပျက်စီးတယ်၊ လမ်းမကြီးဘေးဘက် အိမ်ထိတယ်၊ အိမ်တော့ တော်တော်များများထိတယ် အသေးစိတ်ကိုတော့ သွားကြည့်လို့မရသေးဘူး။ “လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖရူဆိုမြို့နယ်ကို ဦးတည်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသတွင်းကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ သြဂုတ်လ ၂ ရက်နေ့ကတည်းက ထိတွေ့မှုတွေရှိနေတာပါ။

ဖရူဆိုမြို့နယ်အတွင်း နောက်တစ်ကြိမ် ထပ်မံ စစ်ကြောင်းထိုးနိုင်ဖို့ စစ်ရေးလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်ဟာ ကျေးရွာအတွင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာမျိုးလုပ်ဆောင်တာဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်ပါတယ်။

စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို ဒီးမော့ဆို ၁၀၂ တပ်ကနေလည်း ပစ်ခတ်မှုတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပစ်ခတ်မှုတွေကြောင့် ကျေးရွာအတွင်း ဆေးခန်း၊ စာသင်ကျောင်း၊ လူနေအိမ်အချို့ကိုလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Recent posts