spot_img
Friday, September 22, 2023
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ်အတွင်းက တိုက်ပွဲမှာ နှစ်ဖက် ထိခိုက်မှုရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မနေ့က ဩဂုတ်လ ၂၄ ရက်နေ့မှာ ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း ဒေါညေးခူကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကရင်နီတပ်မတော် KA မှ တပ်ဖွဲ့ဝင် သုံးဦးအပါအဝင် တပ်ပေါင်းစုများထဲမှ ဆယ်ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီတပ်မတော် KA ထံကနေ သိရှိရပါတယ်။

“မနေ့က ၂၄ ရက်နေ့က။ ကျနော်တို့ ရဲဘော်တွေ ကေးလျားမြို့နယ်တပ်ထဲမှာ ပါတဲ့သူတွေလည်း ပါတယ်။ တပ်ပေါင်းစုတွေ အားလုံး ဆယ်ယောက်ကျော်လောက် ဒဏ်ရာရသွားတယ်။” လို့ KA ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ KA ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ရန်သူကတော့ ထိခိုက်မှုတော့ များမှာဘဲ။ ဒါပေမယ့် အတည်ပြုလို့ မရနိုင်သေးဘူ။” KA တာဝန်ရှိသူက ဆက်ပြောပါတယ်။

လတ်တလောမှာတော့ ဒီးမော့ဆို – ဖရူဆိုမြို့နယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ပေါင်းစုတို့ ထိတွေ့တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေဆဲဖြစ်ပြီး နှစ်ဘက်ထိခိုက်မှုတွေလည်း ရှိနေပါတယ်။

စစ်ကောင်စီတပ်က ကရင်နီပြည်တွင်းကို နေ့စဉ်လေကြောင်းအသုံးပြု တိုက်ခိုက်တဲ့အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာတွေထဲကိုလည်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ပြီး ကလေးငယ် ထိခိုက်မှုတွေလည်း ရှိနေပါတယ်။

Recent posts