spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ရှောင်နေရာတွေမှာ ကိုဗစ်တွေ့ရှိမှုများလာ၊ ဆေးဝါးအခက်အခဲရှိနေ

ဓါတ်ပုံ – CJ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတွေ မှာ ကိုဗစ်တွေ့ရှိသူများလာသလို စစ်ရှောင်တွေကြားမှာလည်း ကိုဗစ်တွေ့ရှိမှုတွေ ရှိလာတယ်လို့ သိရပါတယ်။

ဖရူဆိုမြို့နယ် အတွင်းမှာရှိတဲ့ ကျေးရွာတွေ၊ စစ်ရှောင်တွေဆီကို ကျန်းမာရေး စောင့်ရှောက်မှု လိုက်လံ ကူညီပေးနေတဲ့ ကျန်းမာရေးVolunteerအဖွဲ့တစ်ခုက ဆေးဆရာမ တစ်ဦးက ဆေးဝါးလိုအပ်တဲ့ အခက်အခဲတွေရှိကြောင်း အခုလိုပြောပါတယ်။

“ကျမတို့ အဓိက လိုတာက ဆေးဝါးရယ်။ ကျမတို့ သွားဖို့လာဖို့ ဆီဖိုးရယ်ပေါ့နော။PPEဝတ်စုံ နောက်Test Kitအဲ့တာမျိုးတွေတော့ အရေးကြီး လိုအပ်တယ်ပေါ့။အခုက ကျမတို့Test Kitအလုံအလောက်မရှိတော့ ရောဂါလက္ခာဏာ အရမ်းဆင်တူတယ် ဆိုမှပဲ ကျမတို့ စစ်ပေးနိုင်တယ်ပေါ့နော။ တစ်ရွာမှာ ကျမတို့ အများဆုံးက ဆယ့်တစ်ယောက် အဲ့လောက်ပဲ စစ်ပေးနိုင်တဲ့ အခြေအနေမျိုး ဖြစ်တာပေါ့။ ဆိုတော့ ဖျားတဲ့ နေမကောင်းတဲ့ လူက တစ်ရွာလုံး ဆိုလို့ရှိရင် အိမ်ခြေ ၂၂ အိမ်ရှိရင် ကျမတို့က နှစ်အိမ် လောက်ပဲ စစ်ပေးနိုင်တယ်။ အဲ့လောက် အခြေအနေမျိုး ဖြစ်တယ်ပေါ့နော။ အဲ့တော့ ကျမတို့က ဆေးဝါးရယ်၊Test Kitရယ်၊ PPEဝတ်စုံရယ်၊ Volunteerတွေ သွားလာဖို့ ဆီဖိုး တွေပေါ့။ အဲ့လောက်က အခက်အခဲရှိတယ်ပေါ့။ အဲ့တာကို ကျမတို့ကလည်း အလှူခံနေပါတယ်ရှင့်။” လို့ အဆိုပါ ဆေးဆရာမက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ကိုဗစ်စစ်တဲ့ နေရာမှာTest Kit အရေအတွက် ရှိသ လောက်ပဲ စစ်နိုင်တာဖြစ်ပြီး ၁၀၀ ဦး စစ်တဲ့အထဲမှာ ၇၅ ဦးလောက်က ကိုဗစ်တွေ့ရှိနေ တယ်လို့ သိရပါတယ်။Test Kitမလုံလောက်တဲ့အတွက်ကိုဗစ်လက္ခာဏာဆင်တူတဲ့ လူနာတွေကိုသာ စစ်ပေးနိုင်ပြီး ၈၀% က ကိုဗစ်တွေ့ရှိပြီး ရွာတိုင်းမှာလည်း ကိုဗစ်ပြန့်နေနိုင်တယ်လို့ အဆိုပါ ဆေးဆရာမက ပြောပါတယ်။

“လက္ခာဏာအရမ်းဆင်တူတဲ့ သူတွေကို ကျမတို့ စစ်လိုက်တိုင်းကတော့ တွေ့တယ်ဆိုတော့ ဒါကူးစက်မှုကတော့ ရွာတိုင်းမှာ ပြန့်နေတယ်လို့တော့ ပြောလို့ရတဲ့ အခြေအနေပါရှင့်။” လို့ ပြောပါတယ်။

အသက် ၁၉ နှစ်ကနေ အသက် ၅၄ နှစ်အထိ အသက်အရွယ်တွေမှာ ကိုဗစ်တွေ့ရှိနေပြီး ကိုယ်ဝန်ရှစ်လ မိခင်တစ်ဦးအပါအဝင်၊ ရောဂါအခံရှိသူ သက်ကြီးရွယ်အိုတွေမှာလည်း ကိုဗစ်တွေ့ရှိရတယ်လို့ သိရပါတယ်။

စာသင်ကျောင်းတွေမှာ ကိုဗစ်စင်တာ ထားတာတွေရှိခဲ့ပေမယ့် လက်ရှိမှာတော့ စစ်ရှောင်သူတွေအတွက် စစ်ရှောင်စခန်းအဖြစ် ထားရှိနေရပြီး ကိုဗစ်တွေ့ရှိတဲ့သူတွေကို သူတို့နေအိမ်မှာသာHome Quarantine နေခိုင်းထားရတယ်လို့ သိရပါတယ်။

“နေရာမရှိတော့ သူတို့အိမ်မှာပဲ သူတို့မိသားစုကိုးယောက်ရှိရင် ကိုးယောက် အတူတူ နေခိုင်းပြီးတော့မှ သူတို့အိမ်ကို လော့ဒေါင်း လိုမျိုးပုံစံ နေခိုင်းတာမျိုးပဲရှိတယ်ပေါ့။ နောက်ပြီးတော့ သူတို့အတွက် အခက်အခဲဆိုလို့ရှိရင် သူတို့ကို ကျမတို့ အားဆေးတွေ ဘာတွေ အလုံအလောက် မပေးနိုင်ဘူးပေါ့နော။ သူတို့ကို ထမင်းပုံမှန်စားဖို့အိပ်ရေး ဝဝအိပ်ဖို့ အဲ့ဒီလောက်ပဲမှာ ကြားနိုင်တယ်ပေါ့။ သူတို့အတွက် အခက်အခဲကတော့ အားဆေးလိုအပ်မယ်ပေါ့နော။ အဲ့တာ အဓိက လိုအပ်မယ်ရှင့်။” လို့ Volunteer ဆေးဆရာမ တစ်ဦးက ဆက်ပြောပါတယ်။

ဓါတ်ပုံ – CJ

ကိုဗစ်တွေ့ရှိတဲ့ ထဲမှာ ပြင်းထန်လူနာတွေလည်း ရှိပြီး ဆေးရုံ၊ ဆေးခန်းတွေနဲ့ အနီးဆုံးရှိတဲ့နေရာတွေမှာ ရွေ့ထားတယ်လို့ သိရပါတယ်။ ကျေးရွာအတွင်းမှာ ရောဂါပြင်းထန်ပြီး ဆုံးသွားတဲ့ လူနာတွေရှိပေမယ့် ကိုဗစ်ဟုတ်၊ မဟုတ်တော့ အချိန်မီ မစစ်ပေးနိုင်တာတွေလည်း ရှိတယ်လို့သိရပါတယ်။ သို့ပေမယ့် မိသားစုဝင်၊ ရွာသားတွေကို စစ်ကြည့်ရာမှာpositive တွေ့ရှိတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဖရူဆိုမှာမြို့နယ်မှာ ကိုဗစ်တွေ့ရှိသူ ၁၀၀ ဝန်းကျင်လောက်ရှိနေပြီ ဖြစ်ပြီးတိုက်ပွဲကြောင့် တိမ်းရှောင်ရတဲ့ စစ်ရှောင် လေးထောင်ကျော်ရှိနေတယ်လို့ သိရပါတယ်။

spot_img
spot_img