spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ်အတွင်း ဒေသခံ တွေ သိုလှောင်ထားတဲ့ ဆန်စပါး ကြွက် ဖျက်ဆီး

Author

Date

Category

CJ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်းက ဒေသခံအများစုဟာ ဒေသတွင်းတိုက်ပွဲတွေကြောင့် တောတောင်တွေထဲမှာ အရံရိက္ခာအဖြစ် ဆန်စပါးတွေ သိုလှောင်ထားခဲ့တာ အခုဆိုရင် တစ်နှစ်ကျော်ရှိပြီဖြစ်ပါတယ်။

တိုက်ပွဲကြောင့် စစ်ဘေးရှောင်ရင်း တစ်နှစ်အကြာမှ သိုလှောင်ထားတဲ့ ဆန်စပါးကို သွားရောက်ကြည့်ရှုတဲ့အခါ ကြွက်တွေဖျက်ဆီးထားတာကြောင့် ကျေးရွာ ၂ရွာလောက်က ဒေသခံတွေ သိုလှောင်ထားတဲ့ စပါးတစ်ဝက်ခန့် ပျက်စီး သွားတယ်လို့ ဒေသခံတစ်ဦးဖြစ်တဲ့ ကိုဘျားရယ်ကပြောပါတယ်။

“စပါးတွေက ပြောမနေတော့နဲ့ ကြွက်တွေစားသွားတာ၊ အိတ်တွေ ပေါက်ပျက်တာ၊ ကျနော့ဟာ အိတ် ၁၀၀ လောက်သွားထားတယ်၊ ပြန်သယ်တဲ့ခါ ၅၀ လောက်ပဲ ပြန်ရမယ် ထင်တယ် ” လို့ ဒေသခံ ကိုဘျားရယ်က ပြောပါတယ်။

တစ်နှစ်ကြာမှ သွားရောက်ကြည့်ရှုနိုင်တာကြောင့် ပျက်စီးမှုများပြားသလို ရိက္ခာသိုလှောင်ဖို့ နေရာအသစ်မရှာနိုင်တာကြောင့် ပျက်စီးတဲ့ ဆန်စပါးကို ဂုံနီအိတ်နဲ့ ပြန်လှဲတာ၊ နေရာပြောင်းတာ၊ တစ်ချို့ကျတော့လည်း ပြန်လည်သယ်ဆောင်ပြီး ရောင်းချလိုက်တာ ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တစ်ချို့ နေရာမှာ သိုလှောင်ထားတဲ့ စပါးအိတ်တွေ ခိုးယူခံရတာတွေလည်းရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အခု ကျနော့်ဟာတော့ ဒီတိုင်းပဲ ထားလိုက်တော့မယ် နောက်ရာသီသစ်ထွက်လာတဲ့ဟာကျတော့ ဟိုမှာထားပြီး ဒီဟာတွေကို အကုန်ရောင်းလိုက်မယ်၊ သယ်ယူရတာ ခက်ခဲတော့ ဒီ အနီးအနားလိုချင်တဲ့သူ ဝယ်တဲ့သူရှိရင် ပိုကောင်းတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖရူဆိုမြို့နယ်မှာ စစ်ဘေးရှောင် ၆၀၀၀ ကျော်ရှိပြီး မိုးရာသီအတွင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲသလို စားနပ်ရိက္ခာဝယ်ယူနိုင်ဖို့လည်း သွားလာရေးခက်ခဲတယ်လို့ ဆိုကြပါတယ်။ ဝေးလံခေါင်ဖျားတဲ့ စစ်ရှောင်စခန်းတွေမှာ အလှူရှင်ရောက်ရှိမှုနည်းပါးတာကြောင့် အလှူရှင်ထောက်ပံ့မှုကိုသာ မှီခိုနေရတဲ့ စစ်ရှောင်တွေအတွက် အခက်အခဲရှိကြတယ်လို့ ပြောပါတယ်။

ကျေးရွာဒေသခံတွေကလည်း မြို့တွင်းအနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်စွဲနေတာကြောင့် စိုက်ပျိုးထားတဲ့ တောင်ယာစပါးကို ပြန်ရိတ်သိမ်းနိုင်ခြင်းမရှိဘူးလို့ ဒေသခံပြောကြားချက်အရ သိရပါတယ်။

spot_img
spot_img

Recent posts