spot_imgspot_imgspot_imgspot_img
Tuesday, April 29, 2025
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ်၊ ယိုပရားကျေးရွာမှာ အဲဒိုပေါ်မီ (ခေါ်) ဒီးကူပွဲ အကျဥ်းချုပ်ပြုလုပ်

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်းမှာ ရှိတဲ့ ဒေါလာစောအုပ်စုထဲက ယိုပရားကျေးရွာမှာ ကယားရိုးရာ အဲဒိုပေါ်မီ (ခေါ်) ဒီးကူပွဲကို သြဂုတ်လ ၃၁ ရက်နေ့ နဲ့ စက်တင်ဘာလ ၁ ရက်နေ့မှာ အကျဥ်းချုပ်ပြုလုပ်ခဲ့ပါတယ်။

ကယားရိုးရာ အဲဒိုပေါ်မီ (ခေါ်) ဒီးကူပွဲဟာ ကယားလူမျိုးတွေရဲ့ တစ်နှစ်တစ်ကြိမ် မဖြစ်မနေပြုလုပ်ကြတဲ့ပွဲတော်ဖြစ်ပြီး ရပ်နီးရပ်ဝေး ဆွေမျိုး၊ ဧည့်သည်တော်တွေကို ဖိတ်ကြားကြတဲ့ ရိုးရာပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်။

လက်ရှိကာလမှာတော့ တိုက်ပွဲအခြေအနေတွေကြောင့် ရိုးရာဒီးကူပွဲကို ကျေးရွာတိုင်း မကျင်းပနိုင်တော့ပါဘူး။ ဖရူဆိုမြို့နယ် ဒေါလာစောအုပ်စု ယိုပရားကျေးရွာမှာတော့ ရိုးရာဓလေ့ မပပျောက်အောင်နဲ့
ဘေးအန္တာရယ် အမျိုးမျိုးမှ ကင်းရှင်းအောင် အပြင် ကယောလူမျိုးတွေရဲ့ ရိုးရာလိပ်ပြာခေါ်ဆောင်ခြင်းတွေလည်း ပါဝင်ပြုလုပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယိုပရားကျေးရွာရှိ ဒေသခံ ကယောလူမျိုးနဲ့ ကယားတွေအပါအဝင် ဒိုယှက်စစ်ဘေးရှောင်စခန်းမှ စစ်ရှောင်လူထုတွေနဲ့ ကယားရိုးရာ အဲဒိုပေါ်မီ(ခေါ်) ဒီးကူပွဲကို အခက်အခဲကြားကနေ အိမ်ခြေ ၅၀ ကျော် စုပေါင်းကာ အကျဥ်းချုပ်ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

spot_img
spot_img