spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ်၊ အရှေ့တောင်ဘက်ခြမ်းရှိ ကျေးရွာ နှစ်ရွာမှာ ကလေးငယ်အပါအ၀င် လူကြီး အရေပြား ရေကျောက် ဖြစ်ပွား

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့တောင်ဘက်ခြမ်းရှိ ကျေးရွာ နှစ်ရွာမှာ ဒေသခံနဲ့ စစ်ဘေးရှောင် တချို့ ကာလပေါ် အရေပြား ရေကျောက်ရောဂါဖြစ်ပွားနေကြတယ်လို့ သိရပါတယ်။လူကြီးတွေအပါအဝင် အသက် ၅ နှစ်အောက် ကလေးငယ်တွေမှာ ဖြစ်ပွားနေကြတယ်လို့ ဆိုပါတယ်။

ဖြစ်ပွားနေကြတဲ့အရေပြားရောဂါဟာ ၃ လကြာတဲ့အထိ ပျောက်ကင်းတာ မရှိသေးဘူးလို့ ကျန်းမာရေး ကူညီစောင့်ရှောက်ပေးနေတဲ့ ဆရာတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

“အရေပြားက ပွေးစို၊ ပွေးခြောက်တွေက ဆယ့်နှစ်ရာသီ ဖြစ်တာပေါ့နော၊ ဒါကတော့ ပျောက်လိုက်ဖြစ်လိုက်ပဲပေါ့။ ဒါပေမယ့် ဒီကာလပေါ် အရေပြားက မိုးစပြတ်တာ မိုးနှောတာနဲ့ စဖြစ်ပြီ။ ၅ နှစ်အောက်ကလေးအရွယ်တွေများတာပေါ့။ ကလေးတွေ ၁၀ ယောက်မှာ ၇ ယောက်က ဖြစ်နေတယ်၊ ရာခိုင်နှုန်းအနေနဲ့တွက်မယ်ဆိုရင် ကလေးငယ် ၅ နှစ်အောက်ဆိုရင် ၇၀ ရာခိုင်နှုန်းကတော့ ဖြစ်နေတာပေါ့။ “လို့ သူက ဆိုပါတယ်။

ယခင်နှစ်တွေမှာလည်း အရေပြားရောဂါ ဖြစ်ပေါ်တာရှိပေမယ့် ယခုနှစ်မှာတော့ ရေကျောက်ရောဂါ ဖြစ်ပွားနေတယ်လို့ ဆိုကြပါတယ်။

ယခုလို ၅ နှစ်အောက် ကလေးငယ်တွေ ရေကျောက်ရောဂါ အပါအဝင် အရေပြားရောဂါ ဖြစ်ပွားနေတဲ့အတွက် ကိုယ်ထူကိုယ်ထ ဆေးပေးခန်းမှာ ဆေးဝါး အကူအညီတောင်းခံဖူးပေမယ့် မရရှိ‌ေသးဘူးလို့ ဆိုပါတယ်။

“အရေပြား ရေကျောက်ရောဂါအတွက် ဆေးရယ်တော့ မရဖူးဘူးပေါ့။ တောင်းတာတော့ တောင်းဖူးတယ် ဒါပေမယ့် ဒီ အရေပြား ရောဂါနဲ့ ပတ်သက်တဲ့ ဆေးတွေက အခက်အခဲ ရှိနေဆဲပဲပေါ့နော။ ” လို့ ကျန်းမာရေး ကူညီစောင့်ရှောက်ပေးနေတဲ့ ဆရာတစ်ဦးက ဆက်ပြောပါတယ်။

အဆိုပါ ဖရူဆို၊ အရှေ့ တောင်ဘက်ခြမ်းရှိ ကျေးရွာနှစ်ရွာ မှာ စစ်ရှောင်တွေလည်း ရှိနေပြီး လူဦးရေ ၅၀၀ ကျော်အထိ ရှိနေပါတယ်။

spot_img
spot_img