spot_imgspot_imgspot_imgspot_img
Thursday, February 20, 2025
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ် စစ်ရှောင်လူထုတွေကို လိင်ပိုင်းဆိုင်ရာ အသိပညာပေး သင်တန်း ပို့ချ

Author

Date

Category

CJ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ရှောင်လူထုတွေထံ လိင်ပိုင်းဆိုင်ရာ အသိပညာပေးသင်တန်းကို ပြီးခဲ့တဲ့ မေလနဲ့ ယခု ဇွန်လအတွင်းမှာ သင်တန်းပို့ချပေးခဲ့ကြောင်း သိရပါတယ်။

ဖရူဆို တစ်မြို့နယ်လုံး အတိုင်းအတာအပြင် ဒီးမော့ဆိုမြို့နယ်အတွင်းက စစ်ရှောင်စခန်း တော်တော်များများမှာ ကျောင်းနေအရွယ် ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို ကာကွယ်နိုင်ဖို့ ၊ အမျိုးသမီးအပေါ် အကြမ်းဖက်မှု ကာကွယ်တားဆီးရေး နဲ့ ရပ်ရွာ အခြေပြု ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် ရည်ရွယ်ပြီး ပို့ချပေးနေတာဖြစ်တယ်လို့ စေတနာ့ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

“လောဆယ် သင်တန်းပေးနေတာကတော့ ဘာတွေပါနေလဲဆိုတော့ ရပ်ရွာလူထု အခြေပြုကာကွယ်စောင့်ရှောက်တဲ့အကြောင်းရယ်၊ လူ့သိက္ခာကို ကာကွယ်စောင့်ရှောက်ရေးပေါ့။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်စောက်ရှောက်ရေးဆိုတဲ့ လုပ်ဆောင်ချက် သုံးချက်နဲ့ပေါ့။ ရပ်ရွာလူထုဆိုမှာမှ ရပ်ရွာတစ်ချို့နဲ့ စစ်ရှောင်တစ်ချို့ အပါအဝင်ပေါ့ အဓိက ဒီခေါင်းစဥ် သုံးခုနဲ့ပေါ့။”လို့ စေတနာ့ဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း နေရပ်မပြန်နိုင်ကြသေးတဲ့ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင် အမျိုးသမီးတချို့ဟာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုရှိသလို နှုတ်အားဖြင့် လိင်ပိုင်းဆိုင်ရာပြောဆိုခံရမှုဟာ ပိုများလာတယ်လို့ သင်တန်းပေးနေတဲ့ စေတနာ့ဝန်ထမ်းတွေဆီကနေသိရပါတယ်။
စစ်ရှောင်ကာလ ၂နှစ်ကျော်အတွင်း လူထုအချင်းချင်းကြားမှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုထက် လိင်ပိုင်းဆိုင်ရာ ကျူးလွန် ချိုးဖောက်ခံရမှုတွေက ပိုများတယ်လို့ ဆိုပါတယ်။

အခု သင်တန်း မှာတော့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု လျောနည်းစေဖို့၊ အကြမ်းဖက်မှု ကာကွယ်တားဆီးနိုင်ဖို့နဲ့၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အကြောင်းတွေကို သင်ကြား ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts