spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ် ဒေါညေးခူကျေးရွာက နေအိမ်လေးလုံး မီးရှို့ခံရ

ကန္တာရဝတီတိုင်း( မ် )

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် ဖရူဆိုမြို့ ဒေါညေးခူကျေးရွာက နေအိမ်လေးလုံးကို စစ်ကောင်စီတပ်က  ဇွန်လ ၁၄ ရက်နေ့ ညနေ ၁နာရီဝန်းကျင်အချိန်မှာ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

” ဒေါညေးခူ အိမ် ၄ လုံး၊ ၅လုံးလောက်ပါသွားပြီ။ အခုတော့ အကြီးတွေနဲ့ လှမ်းပစ်နေတယ်။ ” လို့ ဒေသခံ ပြည်သူ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က  ဖရူဆို- ဒီးမောဆို လမ်းမကြီးတစ်လျောက် ဇွန်လ ၁၀ရက်နေ့က စထိုးစစ်ဆင်လာပြီး ကရင်နီဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ ၅ရက်ဆက်တိုက်  တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီက ကျေးရွာတွေထဲမှာ တပ်စွဲထားပြီး ဒေါညေးခူကျေးရွာက နေအိမ်မီးရှို့ခဲ့တာဖြစ်ပါတယ်။  

ဒေါညေးခူကျေးရွာက ဒေသခံတွေကတော့ လက်ရှိမှာ နီးစပ်ရာ တောတောင်ထဲ စစ်ဘေးရှောင်နေကြရတယ်လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

” လက်နက်ကြီး သံတွေ ကြားနေရတယ်။ ခဏက ဟိုး ဖရူဆိုမြို့မှာရှိတဲ့ ၁၄တပ်ကနေ ထုလာတာ။ ဆက်တိုက်ထုနေတယ်။ ဒီညတော့ နည်းနည်းငြိမ်တော့ နည်းနည်း အိပ်ရေးပိုဝတယ်။ ဟိုးအရင်တုန်းကတည်းက လက်နက်ကြီးသံတွေပဲ ဆက်တိုက်ကြားနေရတယ်။ စိတ်လည်း မချမ်းသာပါဘူး။ အဝေးကြီးလည်း မသွားနိုင်ဘူး။ ဒီအနီးအနားမှာပဲ စစ်ရှောင်နေရင်လည်း အဆင်ပြေလောက်မှာပါ ထင်ပြီး ဒီအတိုင်းပဲ နေနေတာ။ အဝေးကြီးမှာ စစ်ရှောင်ဖို့အတွက် အခက်အခဲရှိတယ်။ “လို့ ဒေသခံပြည်သူအမျိုးသမီး တစ်ဦးကပြောဆိုသည်။

အိမ်ခြေ ၆၀ ဝန်းကျင်ရှိတဲ့ ဒေါညေးခူကျေးရွာဟာ လက်ရှိမှာ စစ်ကောင်စီတပ်စွဲထားတာတွေလည်း ရှိနေသေးပါတယ်။

ကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီဟာ ဒေသခံနေအိမ်တွေကို ဖောက်ထွင်းတာတွေရှိခဲ့သလို တိုက်ပွဲဖြစ်ပွားတဲ့အတွက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဒေါညေးခူကျေးရွာအနီးမှာရှိတဲ့ ထီးပေါ်ဆိုကျေးရွာက ခရစ်ယာန်ဘုရာကျောင်းတစ်ကျောင်း လက်နက်ကြီးထိမှန် ပျက်စီးခဲ့ရပါတယ်။

spot_img
spot_img