spot_imgspot_imgspot_imgspot_img
Tuesday, March 25, 2025
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ် ရေရရှိရေးအတွက် ဘတ်ဂျက်ရှိနေပေမဲ့ ရေရယူနိုင်တဲ့ အရင်းမြစ်နေရာမရှိ

Author

Date

Category

စိုးထိုက်အောင်

ဖရူဆိုမြို့နယ်ထဲက ရေရှားပါးတဲ့ ကျေးရွာတွေအတွက် ရေရရှိရေး လုပ်ဆောင်ပေးဖို့ အစိုးရက ဘတ်ဂျက်ချထားပေးပေမဲ့ ရေပေးဝေမယ့် ရေအရင်းအမြစ်နေရာ မရှိဘူးလို့ ဒေသခံတွေကဆိုပါတယ်။

၂၀၁၉ – ၂၀၂၀ ခုနှစ် ရသုံးမှန်းခြေ ငွေစာရင်းအရ ဖရူဆိုမြို့နယ် ရေရရှိရေး အတွက် ကျသန်းပေါင်း ၄၈၀၀ ကျော် လျာထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့တုန်းက ဒီးမော့ဆို မြို့နယ်ထဲက ကွိုင်ငံရေထွက်ပေါက်ကနေ ရေသွယ်ယူဖို့ ကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ဒေသခံတွေ အစည်းဝေးပြုလုပ်ခဲ့ပါတယ်။

ဒါပေမဲ့ ကွိုင်ငံရေထွက်ပေါက်က ရေထွက်အားမကောင်းတာကြောင့် အနီးနားကဒေသခံတွေက ဒီအစီစဉ်ကို ကန့်ကွက်နေကြပါတယ်။

ရေအရင်းအမြစ်တစ်ခုဖြစ်တဲ့ ဒီးမော့ဆိုမြို့နယ် ကွိုင်ငံရေထွက်ပေါက်ဖြစ်သည်။ ဓါတ်ပုံ – ကန္တာရဝတီတိုင်း(မ်)

ကွိုင်ငံရေထွက်ပေါက်ထိန်းသိမ်းရေးကော်မတီ ဥက္ကဌ ဦးဂျေနရီက “ကျတော်တို့အိမ်နီးချင်း အခုနှစ်တိုင်းလိုလိုပြသနာ တက်နေတာ သူတို့ ရေမလောက်မှန်းတော့ သိတယ်။ မလောက်မှန်းသူတို့ထပ်တောင်းရင်တော့ ပြသနာ အကြီးအကျယ်တက်မယ် သေချာတယ်။ အခုလောလောဆယ်တောင်မှ ဒီအိမ်နီးချင်းပေါ့နော ဒီမြို့မအုပ်စု ဆိုလျားကူး၊ ဖရူဆိုမြို့မအုပ်စုရော၊ ထီးပေါ်ဆိုအုပ်စုရော၊ ဒီဆောင်ဒူလာအုပ်စုရော ဒီသုံးတဲ့လူတောင်မှဒီ မိုးရာသီလောက်ပဲနည်းနည်းအဆင်ပြေတယ်ပေါ့ ဒီနှစ်တောင်မှ မိုးနည်း၊ ရေနည်းနည်းရှားလို့ပြသနာတက်သေးတယ်။” လို့ ပြောပါတယ်။

ရေအရင်းမြစ် နည်းတဲ့ ဖရူဆိုမြို့နယ်က ကျေးရွာတွေကို ရေပေးဝေဖို့ဆိုရင် ပွန်ချောင်းလို နေရာမျိုးက သွယ်ယူရမှာဖြစ်ပြီး အစိုးရက ရေရှည်စီမံကိန်းကြီးတွေနဲ့ လုပ်ဆောင်ပေးမှ ရမယ်လို့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်ကပြောပါတယ်။

ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က “တကယ်လို့ကျတော်တို့ရေပေးဝေရေးကိစ္စကို တကယ်အောင်မြင်အောင်လုပ်ချင်တယ် ဆိုရင်တော့ ဒါနောက်ဆုံး ဒေသခံလူထုတွေရဲ့အကြုံပြုချက်နဲ့ကျတော်တစ်ယောက်အမြင်နဲ့ဆိုရင်တော့ တကယ်လို့ဘီလူးချောင်းရေက အဆင်မပြေဘူး ဓါတ်အားပေးစက်ရုံတွေရှိတယ်ဆိုရင်တော့ ဒါ နောက်ဆုံးကတော့ ဒီပွန်ချောင်းကနေဘဲ ဒါစီမံကိန်းအကြီးကြီးလုပ်မှဘဲ ရတော့မှာပေါ့နော်။” လို့ပြောပါတယ်။

မတ်လ ၅ ရက်နေ့တုန်းက ဆွေးနွေး လဒ်အရတော့ လက်ရှိ အနေအထားအရ ကွိုင်ငံ ရေထွက်ပေါက်က ရေကို သွယ်ယူဖို့ အဆင်မပြေသေးပါဘူး။ ဒါပေမဲ့ အစိုးရဖက် က ရေထွက် အားကောင်းလာအောင် ပြုပြင် ပေးပြီး ရင်တော့ ဒေသခံတွေက သဘောတူပေးဖို့ ရှိတယ်လို့ သိရပါတယ်။

၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက် အရ ဒေသဖွံ့ဖြိုးရေးအတွက် ရေရရှိရေးကဏ္ဍမှာ ဖရူဆိုမြို့နယ်က ကျပ်သန်းပေါင်း ၄၈၅၀.၅၇၀ ဖြစ်ပြီး ဒီးမော့ဆိုမြို့နယ်ကတော့ ၅၇၁၃.၁၃၂ကျပ်သန်းပေါင်းလျာထားတာတွေ့ရပါတယ်။

spot_img
spot_img
spot_img

Recent posts