spot_imgspot_imgspot_imgspot_img
Saturday, July 12, 2025
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ရွှေညောင်ကုန်း စစ်ရှောင်စခန်း မိုးရွာသွန်းမှုကြောင့် ပျက်စီး၊ အမိုးအကာများ အကူအညီ လိုအပ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ရွှေညောင်ကုန်း စစ်ဘေးရှောင်စခန်းမှာ ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်လူထုများရဲ့ တဲအိမ်များ ပြိုကျပျက်စီးကုန်တာကြောင့် ပြန်လည်တည်ဆောက်ဖို့ အမိုးအကာများ အကူအညီ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်စခန်းရဲ့ တာဝန်ခံတစ်ဦးက ပြောပါတယ်။

“မိုးအရမ်းရွာပြီးတော့ လေတိုက်တဲ့အခါမှာ သူတို့တဲတွေက မိုးကာကတော့ တစ်နှစ်လောက် ရှိလာပြီဆိုတော့ ဆွေးလာပြီဆိုတဲ့ အနေအထားမှာ ပိုပြီးတော့ ဆိုးသွားတာပေါ့။ ၄၂ အိမ်လောက် ပျက်စီးသွားတယ်။ အဓိက စားနပ်ရိက္ခာတွေလည်း တချို့တွေကလည်း ပျက်စီးသွားတဲ့ထဲ ပါသွားတာ ရှိတာပေါ့။” လို့ တာဝန်ခံက ပြောပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တခြားသော စစ်ဘေးရှောင်စခန်းတွေမှာလည်း ထိခိုက်ပျက်စီးမှုတွေ ရှိနေပေမယ့် ရွှေညောင်ကုန်း စစ်ဘေးရှောင်စခန်းက ပျက်စီးမှု အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

“ဘယ်လိုနေကြလဲဆိုတော့ လောလောဆယ် စစ်ရှောင်တွေက သူတို့ ခန်းမဆောင် ဆောက်ထားတာ ရှိတော့ တချို့က ခန်းမဆောင်ထဲမှာ နေကြတယ်။ တချို့က အသိမိတ်ဆွေအိမ် ခနလေး သွားပြီးတော့ နေကြတာ ရှိတယ်။” လို့ စစ်ဘေးရှောင်စခန်းရဲ့ တာဝန်ခံက ဆက်ပြောပါတယ်။

ဓါတ်ပုံ – KwYO

ရွှေညောင်ကုန်း စစ်ဘေးရှောင်စခန်းမှာ အိမ်ခြေ ၈၄ အိမ် ရှိပြီး ၄၂ အိမ် ပျက်စီးသွားတယ်လို့ သိရပါတယ်။ အဆိုပါ စစ်ဘေးရှောင်စခန်းမှာ ဖရူဆို၊ ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့အတွင်းက ဒေသခံတွေ လာရောက်ခိုလှုံနေထိုင်ကြတယ်လို့ သိရှိရပါတယ်။

ဖရူဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတွေဟာ တစ်နှစ်နဲ့အထက် တည်ရှိလာပြီဖြစ်တာကြောင့် အမိုး၊ အကာတွေ ယိုယွင်းပျက်စီးလာနေပြီး လဲလှယ်ဖို့အတွက် အမိုး၊ အကာ လိုအပ်ချက်တွေအပြင် စားနပ်ရိက္ခာ လိုအပ်ချက်တွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

spot_img

Recent posts