spot_imgspot_imgspot_imgspot_img
Saturday, January 18, 2025
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်း ရေအလှူရှင်များလိုအပ်လျက်ရှိ

Author

Date

Category

စိုးထိုက်အောင်

ဖရူဆိုမြို့အရှေ့ဘက်ခြမ်းဒေသရှိ ကျေးရွာတွေမှာ ရေထွက်ပေါက်တွေရေကန်တွေရှိပေမဲ့လဲ အခုလို နွေးဦးစချိန်မှာ ရေမလုံလောက်တဲ့ပြသနာတွေ စတင်ကြုံတွေ့နေရတာကြောင့် ရေအလှူရှင်တွေလိုအပ်နေတယ်လို့ ဖရူဆိုမြို့ လောခုခူကျေးရွာမှ ဦးရှေးဖဲက ပြောပါတယ်။

“ကျတော်တို့ရေခက်ခဲတဲ့ အကြောင်းကတော့ ရေထွက်ပေါက်နေရာကလဲ ဝေးတယ်၊ သွားခပ်ရတာလဲ အဆင်မပြေဘူး ပေါ့နော် ကျတော်တို့က ဒီတစ်ပုံးတစ်ပုံးရဖို့အရေးက လူနဲ့သွားခပ်ရတာ ၅ဂါလန် တစ်ပုံးဆို ၁နာရီလောက်ကြာတယ်။” လို့ ဦးရှေးဖဲကပြောပါတယ်။

လောခုခူကျေးရွာမှာ ၁လပိုင်းလောက်ကနေ ၅လပိုင်းလောက်အထိရေရှားပါးတဲ့ ပြသနာကိုကြုံ တွေ့နေရတာဖြစ်ပါတယ်။

ရေရှားပါးတဲ့အချိန်တွေမှာ ဖရူဆိုမြို့ပေါ်၊ ထီးပေါ်ဆိုရေကန်တွေအထိ စက်နဲ့ရေသွားခပ်ရတာဖြစ်ပြီးတော့ စက်မရှိတဲ့လူတွေအနေနဲ့လဲ ဆိုင်ကယ်တွေနဲ့နေ့စဉ်ရေသွားခပ်နေရတယ်လို့သိရပါတယ်။

“ရေမရှိတဲ့အတွက်ကြောင့်အခက်အခဲက အများကြီးရှိတယ်လို့ပြောရမာပေါ့ ကျန်းမာရေးအနေနဲ့ရော၊ အလုပ်ကစ အလုပ်က ဥပမာဆိုတစ်ရက်ကို အလုပ် ၈နာရီလုပ်ရမဲ့အစား ရေသွားခက်ဖို့အရေးဘက်မာ အချိန်ပေးနေရသေးတယ်လေ ဥပမာ ၈နာရီလုပ်မဲ့အစား ၅-၆နာရီပဲ ရတယ်ဆိုတဲ့သဘောမျိုးပေါ့ ရေအတွက် ဦးစားပေးပြီးတော့မှ အချိန်ပေးရတယ်ပေါ့။” လောခုခူကျေးရွာဥက္ကဌ ဦးဒေးဖဲက ပြောပါတယ်။

အခုလို ရေရှားပါးတဲ့ လောခုခူကျေးရွာကို ပြီးခဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ရေဂါလံ ၄၂၀၀ သွားရောက်လှူဒါန်းခဲ့တယ်လို့ ငွေတောင်ပြည်နာရေးကူညီမှုအသင်း အတွင်းရေးမှုး ကိုမျိုးမင်းထွေးက ပြောပါတယ်။

ရေရှားပါးတဲ့ ကျေးရွာတွေဘက်မှာ ငွေတောင်နာရေးကူညီမှုအသင်းက သွားရောက်လှူဒါန်းခဲ့ကြတဲ့မြင်ကွင်းဖြစ်ပါတယ်။ ဓါတ်ပုံ – စိုးထိုက်အောင်

“ဒီးမော့ဆို၊ ဖရူဆိုပေါ့ ဒီးမော့ဆို ဆိုရင် ဒေါဆိုဖျ၊ ဒေါညေးခူ၊ ဒေါတမကြီး ပေါ့ အဲ့ဘက်ရွာတွေအကုန်ရောက်တာပေါ့။”လို့ ပြောပါတယ်။

ရေရှားပါးတဲ့ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်တွေမှာ အဓိကသွားရောက်ရေလှူဒါန်းနေတာဖြစ်ပါတယ်။

ရွာသူ၊ရွာသားတွေအနေနဲ့ ရေ ၁ခါသွားခပ်မယ်ဆိုရင် ၁နာရီလောက်ကြာတဲ့ ခရီးကို သောက်ရေ၊ သုံးရေ အတွက် ပုံမှန်အားဖြင့် နေစဉ် တစ်ရက်ကို ၂ကြိမ်လောက်ရေသွားခပ်နေရတာ ဖြစ်ပါတယ်။

ဖရူဆိုမြို့နယ် အရှေ့ဘက်ရှိ ကေလျားကျေးရွာအုပ်စု၊ မိုဆိုကျေးရွာအုပ်စု၊ ဒိုးပရယ်ကျေးရွာအုပ်စု၊ မာခရောရှေ့ကျေးရွာအုပ်စု၊ ထီးပေါ်ဆိုကျေးရွာအုပ်စုနဲ့ ဖရူဆိုမြို့ပေါ် တချို့နေရာမှာ ရေရှားပါးမှု ကြုံတွေ့နေရတာဖြစ်ပါတယ်။

၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက် အရ ဒေသဖွံ့ဖြိုးရေးအတွက် ရေရရှိရေးကဏ္ဍမှာ ဖရူဆိုမြို့နယ်က ကျပ်သန်းပေါင်း ၄၈၅၀.၅၇၀ ဖြစ်ပြီး ဒီးမော့ဆိုမြို့နယ်ကတော့ ၅၇၁၃.၁၃၂ကျပ်သန်းပေါင်းလျာထားတာတွေ့ရပါတယ်။

လက်တွေ့မှာတော့ ရေရရှိရေး စီမံကိန်းအကောင်အထည်ဖော်ဖို့ ရေအရင်းအမြစ် အခက်အခဲရှိနေတာဖြစ်တယ်လို့ ဖရူဆိုမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ပြောပါတယ်။

spot_img
spot_img
spot_img

Recent posts