spot_img
Monday, March 27, 2023
spot_img

ဖရူဆိုမြို့မှာ တောမီးလောင်ရာမှတဆင့် နေအိမ်တချို့မီးလောင်မှုထဲ ပါဝင်

spot_imgspot_imgspot_imgspot_img

CJ (ကန္တာရဝတီတိုင်း(မ်))

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ နဲ့ ၈ ရက်နေ့မှာ ကရင်နီပြည် ဖရူဆိုမြို့ပေါ်မှာ တောမီးလောင်ရာကနေ နေအိမ်တချို့ မီးလောင်ခဲ့တယ်လို့ ဒေသခံပြောကြားချက်အရ သိရပါတယ်။

“တောမီးလောင်တာ ၂ ရက်လောက် ဆက်နေတယ်၊ ၇ ရက်နေ့မှာနဲ့ ၈ ရက်နေ့အထိလောက်မှာ လောင်နေတာ ညအချိန်အထိပေါ့၊ ၂၄ နာရီလောက်ကြာမယ် ထင်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖရူဆိုမြို့ပေါ်ရှိ မြန်မာ့ဆက်သွယ်ရေးရုံးအနီးအနား ရပ်ကွက်က နေအိမ်တချို့ ၁၀ လုံးထက်မနည်း မီးလောင်ရာမှာ ပါသွားတယ်လို့ ဆိုပါတယ်။

“မနောကုန်းမှာလို့ ပြောတယ်၊ သူများပုံပို့လာလို့ သိရတာ၊ တစ်ချို့ကျတော့ စစ်တပ်က သူ့ဟာသူ ရှို့တယ် ပြောတယ်၊ အဲကနေ လောင်သွားတယ် ပြောတာပဲ သေချာတော့ မသိဘူး၊ အိမ် ဘယ်နှစ်လုံး ပါသွားလည်း ဆိုတာ မသိရဘူး” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ဖရူဆိုမြို့ပေါ်မှာ စစ်ကောင်စီတပ်စွဲထားတာဖြစ်ပြီး တောမီးကို စစ်ကောင်စီတပ်သားတွေ ရှို့တယ်လို့ ဒေသခံတွေ ပြောဆိုကြပေမယ့် ကန္တာရဝတီတိုင်း(မ်)အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။

ဒေသခံတွေဟာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် တောမီး၊ ရှို့မီးတွေကနေတဆင့် ကျန်ခဲ့တဲ့နေအိမ်တွေ ပိုမို မီးလောင်သွားမှာကို စိုးရိမ်နေကြပါတယ်။

ဖရူဆိုမြို့နယ်မှာ စစ်ကောင်စီတပ်အခြေစိုက်ဖြစ်တဲ့ ခမရ (၄၂၈)၊ ခမရ (၅၃၁) အပြင် အမှတ်(၁၄) တန်းမြှင့် စစ်လေ့ကျင့်ရေးကျောင်းလည်းရှိပါတယ်။ အာဏာသိမ်းပြီးနောက် ဒေသတွင်းတိုက်ပွဲတွေကြောင့် ဖရူဆိုဒေသခံ ၆ထောင်ဝန်းကျင်ဟာ စစ်ဘေးရှောင်နေရပြီး ယနေ့အချိန်ထိ နေရပ်ပြန်နိုင်ခြင်းမရှိကြသေးပါဘူး။

spot_imgspot_imgspot_imgspot_img

More from the blog

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်မှ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေ

ကန္တာရဝတီ တိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို ဒီးမော့ဆို အခြေစိုက် ခလရ ၁၀၂ တပ်မှ (၁)မိနစ် (၁) လုံးနုန်းနဲ့ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေတယ်လို့ သိရပါတယ်။ ယနေ့ ( မတ်လ ၂၆ ) ရက်နေ့ မနက် ၉ နာရီလောက်ကစပြီး...

စစ်ရှောင်ပြည်သူတွေကို ရိက္ခာဝေမယ်လို့ပြောဆိုပြီး ဓါတ်ပုံရိုက်ပြီးနောက် ဝေထားတဲ့ရိက္ခာတွေကို ပြန်သိမ်းယူသွား

ကန္တာရဝတီတိုင်း(မ်) လွိုင်ကော်မြို့ နမ့်ဘော်ဝမ် ရပ်ကွက်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီ က ရိက္ခာဝေပေးမယ်လို့ပြောဆိုကာ ဒီကနေ့ (မတ်လ ၂၅ ရက်နေ့ ) မှာ စုရုံးခေါ်ဆောင်ပြီး ဓါတ်ပုံမှတ်တမ်းရယူခဲ့ပေမဲ့ ဝေငှထားတဲ့ ရိက္ခာထုပ်တွေကို ပြန်လည်တောင်းယူခဲ့တယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။ နမ့်ဘော်ဝမ်ရပ်ကွက်အတွင်းမှာ ရှိတဲ့ဘုရားကျောင်းမှာ စစ်ဘေးရှောင်တွေကို ခေါ်ယူစုရုံးပြီး ကုလားပဲထုပ်...

ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ လက်နက်ကြီးကျပြီး ဒေသခံထိခိုက်မှုရှိခဲ့၊ ဖရဲသီးစိုက်ခင်းလည်းပျက်စီး

ကန္တာရဝတီတိုင်း( မ် ) ယမန်နေ့ မတ်လ ၂၄ရက်နေ့ မနက် ၁၀နာရီကျော်အချိန်မှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတချို့ ထိခိုက်ခဲ့သလို ဖရဲသီးစိုက်ခင်းလည်း ပျက်စီးခဲ့တယ်လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ "အိမ်ကတော့ လူနေအိမ်ပဲ မိန်းက‌လေးထိတယ်ပြောတယ်။ မိန်းကလေးနှစ်ယောက်။ ဒီကျတာက ဖရဲသီးခြံစိုက်ခင်းထဲမှာက...

ဒီမော့ဆို အရှေ့ဘက်ခြမ်းမှ ဆွေမျိုးများထံ ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်ကလေးအချို့ ဝမ်းပျက်ဝမ်းလျောဖြစ်နေ

CJ (ကန္တာရဝတီတိုင်း(မ်)) ကရင်နီပြည် ဒီမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ မတ်လ ၁၀ ရက်နေ့ ကတည်းက ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အနောက်ဘက်ခြမ်းက ဆွေမျိုးတွေဆီကို ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်တွေအထဲက ကလေးတွေဟာ ဝမ်းပျက်ဝမ်းလျောဖြစ်နေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ "အကြောင်းရင်းက ဘာလဲ မသိဘူး၊ ရေရှားတဲ့ နေရာလဲ မဟုတ်ဘူး၊...