spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့ရှိ ခိုးလီဆိုစစ်ရှောင်စခန်းမှာ ကျောင်းအမိုးအကာနဲ့ အိမ်သာခွက် လိုအပ်

CJ/ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြိုနယ်အတွင်းရှိ ခိုးလီဆိုစစ်ရှောင်စခန်းက ဘူးခူ နဲ့ လောတဖုံ စစ်ဘေးရှောင်တွေရဲ့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းဆောင်အတွက် အမိုးအကာ နဲ့ အိမ်သာခွက် လိုအပ်နေတယ်လို့ သိရပါတယ်။

စစ်ရှောင်ကာလကြာမြင့်လာတာနဲ့အမျှ ကျောင်းအမိုးအကာ၊ အိမ်သာခွက်၊ နေအိမ်တဲ အမိုးအကာ လုံလောက်မှုမရှိတော့သလို ၇ လ ကြာတဲ့အထိ အလှူရှင်မရရှိသေးဘူးလို့ ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။

” ကျောင်းအတွက်ကော၊ ကျောင်းဆရာ၊ ဆရာမအတွက်ကော ကလေးတွေအတွက်ကော လိုအပ်တာပေါ့။ တင်ပြထားတာပေါ့ ဒါပေမယ့် အရမ်းကြာနေပြီ အရေးပေါ်လိုအပ်နေတယ်။”လို့ ကျောင်း ဆရာမတစ်ဦးက ပြောပါတယ်။

စစ်ရှောင်စခန်းမှာ အိမ်သာ (၃) လုံးလျှင် ၈ အိမ် မိသားစု အထိ မျှသုံးနေရတာကြောင့် အခက်အခဲဖြစ်တယ်လို့ ဆိုပါတယ်။

“ဟို အောက်ဘက်က အိမ်သာ သုံးလုံးပဲရှိတယ်၊ အိမ်က ၈ အိမ်ရှိနေတော့ ခက်ခဲတယ်၊ အိမ်သာမရှိတော့ ကြာလာတော့ ခက်ခဲတယ်”လို့ သူက ဆက်ပြောပါတယ်။

အဲ့ဒီ စစ်ရှောင်စခန်းကို သွားလာရခက်ခဲသလို လမ်းခရီးဝေးတာကြောင့် အလှူရှင်လာရောက်မှုနည်းပါးတဲ့အတွက် စားနပ်ရိက္ခာပြတ်လပ်မှု မကြာခဏ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

ခိုးလီဆိုစစ်ဘေးရှောင်စခန်းထဲက လောတဖုံစစ်ရှောင်နဲ့ ဘူးခူစစ်ရှောင်မှာ အိမ်ခြေ ၆၀ ကျော်ရှိပြီး လူဦးရေ ၂၀၀ ကျော်ရှိနေပါတယ်။

spot_img
spot_img