spot_img
Saturday, April 1, 2023
spot_img

ဖရူဆိုမြို့အနောက်ဖက်ခြမ်းမှ အကြမ်းဖက်စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာ

spot_imgspot_imgspot_imgspot_img
ဓါတ်ပုံ – CJ

ကန္တာရဝတီတိုင်း(မ်)

ယမန့်နေ့ (ဇူလိုင်လ ၂၂) မှာ ကရင်နီပြည်နယ် ဖရူဆိုမြို့အနောက်ဖက်ခြမ်းရှိ ဟိုယာ၊ ဘီယာဒေသဖက်မှာ အကြမ်းဖက် စစ်ကောင်စီတပ်က အင်အား ၂၀၀ ကျော်ရှိတဲ့ စစ်ကြောင်းနှစ်ကြောင်းဖြင့် ကျေးရွာအတွင်း ဝင်ရောက်အခြေချခဲ့ပြီး ဒီကနေ့ ဇူလိုင်လ ၂၃ ရက်နေ့ နံနက်ပိုင်းမှာ ပြန်လည်ထွက်ခွာပြီဖြစ်ကြောင်း ဒေသခံဆီကနေ သိရပါတယ်။

“ဒီနေ့ သူတို့ပြန်ပြီးတော့ ထွက်ခွာသွားပြီ သူတို့လာတဲ့လမ်းအတိုင်းပဲ ပြန်ထွက်သွားပြီ ဒီနေ့ ၈နာရီကျော် ၉နာရီလောက်မှာ စထွက်သွားတယ်။ မနေ့က စစ်ကြောင်းနှစ်ကြောင်းလာတယ် စစ်ကြောင်းတစ်ကြောင်းကို ၁၂၀ လောက်ပါတယ်။ ဘုရားကျောင်းတို့ စာသင်ကျောင်းတို့ ဓတ်ပုံမှတ်တမ်းလေးတွေယူသွားတယ်။ သူတို့(စစ်ကောင်စီ) မရှိရင်တော့ ငြိမ်းချမ်းပါတယ် အေးဆေးပါပဲ အခုသူတို့ထွက်သွားတော့ ပုံမှန်အတိုင်းပဲ ပြန်ပြီးဖြစ်မှာပါ။”လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

အင်အား ၂၀၀ ကျော်ရှိတဲ့စစ်ကောင်စီတပ်က ဟိုယာ၊ ဘီယာဒေသသို့ ယမန်နေ့ ဇူလိုင်လ ၂၂ရက်နေ့ နံနက်ပိုင်းမှစ သွားလာလုပ်ရှားခဲ့ပြီးနောက် ကျေးရွာအတွင်း ဝင်ရောက်အခြေချမှု ပြုလုပ်ခဲ့တာကြောင့် ဒေသခံတွေ စိုးရိမ်ကြောက်လန့်နေရတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဘီတူကျေးရွာမှတဆင့် ဖရူဆိုမြို့နယ်အတွင်း ဘီယာကျေးရွာနဲ့ ဒိုမိုခိုကျေးရွာမှာလည်း စစ်ကြောင်းများ တပ်ဖြန့်ထားတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)ရဲ့ သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

ကရင်နီတပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ဘောလခဲမြို့နယ်နဲ့ ဖရူဆိုမြို့နယ်ကြား နန်းဖဲကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူတွေ စစ်ဘေးရှောင်နေရသလို ဖရူဆိုမြို့နယ်အနောက်ဖက်မှာလည်း စစ်ကောင်စီတပ်မှ အင်အားဖြည့်တင်းမှု ဆက်လက်လုပ်ဆောင်နေပြီး သွားလာလှုပ်ရှားမှုတွေလည်း ရှိတယ်လို့ ဒေသခံပြောကြားချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခြေကုပ်ယူထားတဲ့နယ်မြေတွေမှာ စစ်ဆင်ရေးပြုလုပ်နေသလို စစ်ရေးတင်းမာမှုအခြေအနေကြောင့် တိုက်ပွဲအချိန်မရွေး ဖြစ်ပွားနိုင်တဲ့အတွက် ပြည်သူများအနေဖြင့် လုံခြုံရေးသတိရှိကြဖို့ KNDF က အသိပေး ထုတ်ပြန်ထားပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

လူထုထောက်ခံမှုရှိနေသ၍ ပါတီဆက်ရှိနေအုံးမယ်လို့ KySDP ပြော

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီအပါအဝင် တိုင်းရင်းသားပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် ( UEC ) က မတ်လ ၂၈ ရက်နေ့မှာ ကြေညာခဲ့ပေမယ့် လူထုထောက်ခံမှုရှိနေသ၍ ကတော့ ပါတီဆက်လက်ရှိနေအုံးမှာဖြစ်တယ်လို့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ( KySDP...

နှစ်ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၅)ဦးသေဆုံး၊ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ဒေါလျားခူကျေးရွာအနီးရှိ ညေးဘူးခူတောင်ပေါ် ဖက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော်(KA)၊ KNDF ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၅ ဦးသေဆုံးခဲ့သလို လက်နက်ခဲယမ်းအသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းမိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီကနေ့ မတ်လ ၃၁ ရက်နေ့မှာ...

တစ်လကျော်ကြာတိုက်ပွဲပြင်းထန်နေတဲ့ ဖယ်ခုံ-ပင်လောင်း နယ်စပ်မှာ လေကြောင်းတိုက်ခိုက်မှုပြင်းထန်စွာ အသုံးပြုနေ

ကန္တာရဝတီတိုင်း(မ်) ပင်လောင်းမြို့နယ်ဖက် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေတာ တစ်လကျော်ကြာရှိနေပြီဖြစ်ပြီး စစ်ကောင်စီဖက် လေကြောင်းတိုက်ခိုက်မှု ပြင်းထန်စွာ သုံးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဆိုကြပါတယ်။ မတ်လ (၂၉)ရက်နေ့ ဖယ်ခုံ-ပင်လောင်းနယ်စပ်တစ်နေရာမှာ ဖြစ်တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဖက် တိုက်လေယာဉ် (၄)စင်းနဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီရက်တိုက်ပွဲမှာ...

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ အထက်တန်းစာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရ

ကန္တာရဝတီတိုင်း(မ်) ဒီကနေ့ မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်မှာ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို စစ်ကောင်စီ လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တဲ့အတွက် အထက်တန်း စာသင်ကျောင်းတစ်ကျောင်း ထိမှန်ပျက်စီးခဲ့ရပါတယ်။ “၁ နာရီ ၁၆မိနစ်မှာ တိုက်လေယာဉ် နှစ်ပတ် ပတ်ပြီးဝဲတာ ဝဲပြီးတော့ ၁၈မိနစ်လောက်မှာ တစ်ခါတည်းတန်းပစ်တာ။ ၈ခေါက်တိတိပစ်တယ်။ လေယာဉ်ဒုံးနဲ့လည်းပစ်တယ် ရွာတစ်လျှောက်...